Fact Check: ဒီဓာတ်ပုံတွေက စစ်အာဏာသိမ်းထောက်ခံပွဲက မဟုတ်ပါ

စစ်အာဏာသိမ်းမှုကို နိုင်ငံအနှံ့ ဆန့်ကျင် ဆန္ဒပြလျက်ရှိချိန်မှာ တပ်မတော်ထောက်ခံပွဲဆိုပြီးတော့လည်း တန်ပြန်ဆန္ဒထုတ်ဖော်ပွဲများပြုလုပ်ခဲ့ပါတယ်။ ဒီလိုအခြေအနေမှာ လှည်တန်းက တပ်မတော်ထောက်ခံပွဲလို့ ရေးသားမျှဝေထားတာတွေ့ရပါတယ်။  တကယ်တော့ ဒီဓာတ်ပုံတွေဟာ ဒီမိုကရေစီအရေးနဲ့ စစ်အာဏာသိမ်းရှုတ်ချမှု ဆန္ဒပြ ပုံတွေဖြစ်ပါတယ်။ “ယနေ့…  လှည်းတန်း…  တပ်မတော်ထောက်ခံပွဲ… 🇲🇲(အောင်ပွဲရ တပ်မတော်ကြီးအား         ထောက်ခံပါ၏)🇲🇲 အဲ့ဒေါဏီ”လို့ ရေးသားပြီး “Daw EiEi Mon” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ဖေဖော်ဝါရီ ၁၃ ရက်မှာ မျှဝေထားပါတယ်။ မူရင်းလင်ခ့် – Fb link  |  Archive link  အချက်အလက်စိစစ်ချက် ဓာတ်ပုံကို Google မှာ မှာပုံရှာနည်းအသုံးပြုပြီးရှာဖွေရာမှာ ဓာတ်ပုံတွေဟာ  ဖေဖော်ဝါရီ ၁၁ ရက်ကတည်းက အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ ဓာတ်ပုံဖြစ်ပါတယ်။  ဒီဓာတ်ပုံ ပျံ့နှံ့ခဲ့ပုံကို လေ့လာကြည့်ရာမှာ ပျံ့နှံ့ခဲ့တဲ့ […]

Continue Reading