Fact Check: ဒီဓာတ်ပုံတွေက စစ်အာဏာသိမ်းထောက်ခံပွဲက မဟုတ်ပါ

False နိုင်ငံရေး

စစ်အာဏာသိမ်းမှုကို နိုင်ငံအနှံ့ ဆန့်ကျင် ဆန္ဒပြလျက်ရှိချိန်မှာ တပ်မတော်ထောက်ခံပွဲဆိုပြီးတော့လည်း တန်ပြန်ဆန္ဒထုတ်ဖော်ပွဲများပြုလုပ်ခဲ့ပါတယ်။

ဒီလိုအခြေအနေမှာ လှည်တန်းက တပ်မတော်ထောက်ခံပွဲလို့ ရေးသားမျှဝေထားတာတွေ့ရပါတယ်။ 

တကယ်တော့ ဒီဓာတ်ပုံတွေဟာ ဒီမိုကရေစီအရေးနဲ့ စစ်အာဏာသိမ်းရှုတ်ချမှု ဆန္ဒပြ ပုံတွေဖြစ်ပါတယ်။

“ယနေ့… 

လှည်းတန်း… 

တပ်မတော်ထောက်ခံပွဲ…

🇲🇲(အောင်ပွဲရ တပ်မတော်ကြီးအား

        ထောက်ခံပါ၏)🇲🇲

အဲ့ဒေါဏီ”လို့ ရေးသားပြီး “Daw EiEi Mon” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ဖေဖော်ဝါရီ ၁၃ ရက်မှာ မျှဝေထားပါတယ်။

မူရင်းလင်ခ့် – Fb link  |  Archive link 

အချက်အလက်စိစစ်ချက်

ဓာတ်ပုံကို Google မှာ မှာပုံရှာနည်းအသုံးပြုပြီးရှာဖွေရာမှာ ဓာတ်ပုံတွေဟာ  ဖေဖော်ဝါရီ ၁၁ ရက်ကတည်းက အင်တာနက်မှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ ဓာတ်ပုံဖြစ်ပါတယ်။  ဒီဓာတ်ပုံ ပျံ့နှံ့ခဲ့ပုံကို လေ့လာကြည့်ရာမှာ ပျံ့နှံ့ခဲ့တဲ့ ဓာတ်ပုံတွေမှာ ဒီမိုကရေစီရေးအတွက် တိုက်ပွဲ၊ ဆိုက်ဘာလွတ်လပ်ရေးစတဲ့ စစ်အာဏာသိမ်းဆန့်ကျင်ရေး အဖွဲ့သုံးတဲ့ အသုံးအနှုန်းဖြစ်တဲ့ “FIGHT FOR DEMOCRACY

#CyberSpeechFreedom

#WhatsHappeningInMyanmar”စသည်ဖြင့် ရေးသားပြီး အစေားဆုံးမျှဝေထားတာတွေ့ရပါတယ်။

မူရင်းလင်ခ့် – WaiArchive link

လမ်းဘေးက ဆိုင်းဘုတ်အချို့ကို အသုံးပြုပြီး ထပ်မံ ရှာဖွေကြည့်ရာမှာ ဒီဓာတ်ပုံဟာ ထားဝယ်မှာဖြစ်တာ တွေ့ရပါတယ်။ ဇော်ကမ္ဘာဆိုတဲ့ လျှပ်စစ်ပစ္စည်းဆိုင်နားက မြင်ကွင်းဖြစ်တာတွေ့ရပါတယ်။

ထားဝယ်မှာ ပညာရေးဝန်ထမ်းများ  စစ်အာဏာသိမ်းဆန့်ကျင်ရေးဆန္ဒပြခဲ့တဲ့အကြောင်းကိုအောက်ပါလင့်ခ်မှာ ကြည့်ရှူ့နိုင်ပါတယ်။ 

သုံးသပ်ချ

လှည်တန်းက တပ်မတော်ထောက်ခံပွဲအဖြစ်နေတဲ့ဓာတ်ပုံဟာ  ထားဝယ်မှာ ပုံကိုလည်းထောက်ခံပွဲ အဖြစ်ဖော်ပြထားခြင်းဖြစ်ပါတယ်။

Avatar

Title:Fact Check: ဒီဓာတ်ပုံတွေက စစ်အာဏာသိမ်းထောက်ခံပွဲက မဟုတ်ပါ

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *