Fact Check: စစ်အာဏာသိမ်း ဆန့်ကျင်ခဲ့တဲ့သူတွေက ကာချုပ်ကို ဆုတောင်းပေးခဲ့တဲ့ ဗွီဒီယိုလား-မဟုတ်ပါ
စစ်တပ်အာဏာသိမ်းဆန့်ကျင်ခဲ့တဲ့ လူတွေက ထောင်ကလွတ်လာပြီးနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကျန်းမာပါစေလိုဆုတောင်းပေးခဲ့တယ်ဆိုပြီးတော့ ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေ လျက်ရှိပါတယ်။ ဗွီဒီယိုဖိုင်ထဲမှာ လည်ကတုံးအင်္ကျီအဖြူဝတ်အမျိုးသားတစ်ယောက်ကို ပွေ့ဖက်နေ တဲ့မြင်ကွင်းများ၊လွတ်မြောက်လာသူတစ်ဦးက အင်တာဗျူးဖြေနေပုံနဲ့ လာရောက်ဝန်းရံသူအချို့က “ကာချုပ်ကြီးကျန်းမာပါစေ”ပါစေလို့လည်း အော်ဟစ်မှုစတာတွေပါဝင်ပါတယ်။ ဒီလိုပြောဆိုချက်ဟာ မှန်ကန်မှုမရှိပါဘူး။ ဒီဗွီဒီယိုဖိုင်ဟာ စစ်တပ်က အာဏာရယူအပြီး ဖေဖော်ဝါရီ ၁၂ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာတဲ့ စစ်တပ်ကို ထောက်ခံသူတစ်ဦးရဲ့ ပြောကြားချက်ဖြစ်ပါတယ်။ ဇွန်လ ၃၀ ရက်နေ့မှာ အကျဉ်းထောင်တွေကနေ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြလို့အဖမ်းရသူ အများစု ပါဝင်တဲ့ အကျဉ်းသား ၂၀၀၀ ကျော် ပြန်လည်လွတ်မြောက်လာပါတယ်။ ဒီလိုအခြေအနေမှာ “Thar Wa” အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “”ကာချုပ်ကြီး ကျန်းမာပါစေ” ဆိုတဲ့စကားသံကို အာဏာထိန်းလို့ တော်လှန်မယ် ဆိုတဲ့သူတွေက ပြိုင်တူအော်နေတာဆိုတော့လဲ စိတ်စေတနာ အမှန်ဆိုရင်ဒီထက်အကျိုးဖြစ်ထွန်းလာတော့မှာအမှန်ပါပဲဗျာ […]
Continue Reading