Fact Check: KNLA က ဗုဒ္ဓဘာသာရွာတွေကို မီးရှို့တယ်ဆိုတဲ့ သတင်းတုသတင်းမှား

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)က ဗုဒ္ဓဘာသာရွာတွေကို မီးရှို့နေတဲ့ ဗွီဒီယိုအဖြစ် ဖေ့စ်ဘွတ် အသုံးပြုသူအများအပြားက မျှဝေလျှက်ရှိပါတယ်။ မျှဝေထားတဲ့ ဗွီဒီယိုမှာ ပျောက်ကျားဝတ်စုံဝတ် လက်နက်ကိုင် အချို့က တောတွင်းတစ်နေရာက တဲအိမ်တွေကို မီးရှို့နေတဲ့ မြင်ကွင်းတွေပါဝင်ပါတယ်။ သို့သော် ဒီဗွီဒီယိုဟာ ကြာအင်းဆိပ်ကြီးမြို့နယ်က စစ်တပ်စွန့်ခွာသွားတဲ့ ခုတ်ခွားစခန်းကို မီးရှို့ဖျက်စီးမှု ဗွီဒီယိုဖြစ်တာတွေ့ရပါတယ်။ “KNLAတပ်မဟာ5နယ်မြေရှိ ထေရဝါဒကိုးကွယ်သူရွာများ စာသင်ကျောင်းများကို GZများPDFများKNLAမှအကြမ်းဖက်များမီးရှို့ဖျက်ဆီး”လို့ရေးသားပြီး “ဇာတိမာန်” အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူက မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေတဲ့ အကြိမ်အရေအတွက် ၅၀၀ ဝန်းကျင်ရှိပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link တူညီစွာမျှဝေထားတဲ့ ဗွီဒီယိုတွေထဲက ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ပို့စ်အချို့ကို ဒီနေရာ၊ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာမျှဝေထားပါတယ်။ အချက်အလက်စိစစ်ချက် ဗွီဒီယိုထဲမှာမြင်တွေ့ရတဲ့ မြင်ကွင်းတွေအရ ရွာဟုတ်မဟုတ်၊ […]

Continue Reading

Fact Check: တူရကီတောမီးလောင်မှု ဗွီဒီယိုကို KNLA တပ်မဟာ ၆ မှာဖြစ်ပွားနေတဲ့ အခြေအနေအဖြစ်သတင်းမှားဖြန့်

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ တပ်မဟာ ၆ မှာ တိုက်ပွဲဖြစ်ပွားနေတဲ့ အခြေအနေလို့ ရေးသားထားတဲ့ ဗွီဒီယို သတင်းမှားတစ်ခုကို ဖေ့စ်ဘွတ်မှာ မျှဝေလျှက်ရှိပါတယ်။  သို့သော် ဒီဗွီဒီယိုဟာ ဇူလိုင်လအတွင်းက တူရကီနိုင်ငံမှာ တောမီးလောင်မှုကို ရိုက်ကူးထားတဲ့ ဗွီဒီယိုဖြစ်တာ တွေ့ရပါတယ်။ “တပ်မဟာ ၆ အခြေအနေပါ။ ဒါ့ထက်ဆိုးတာတွေ ရှိသေးတယ်။ထပ်တင်ပေးမယ်။ စစ်ဆိုတာ အာ့လိုပဲ ကြည့်ထား။”လို့ရေးသားပြီး “Воздушный” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူ အောက်ပါ အတိုင်းမျှဝေထားပါတယ်။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ဒီနေရာ မှာလည်းတွေ့ရပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက် တပ်မဟာ ၆ အခြေအနေလို့ ရေးသားမျှဝေထားတဲ့ ပို့စ်အောက်မှာ အသံဟာ ကရင်သံမဟုတ်ဘူး၊ တောမီးလောင် တာလို့ မှတ်ချက်ပြုထားတာတွေလည်းတွေ့ရပြီး အများအပြားက […]

Continue Reading