Fact Check: တူရကီတောမီးလောင်မှု ဗွီဒီယိုကို KNLA တပ်မဟာ ၆ မှာဖြစ်ပွားနေတဲ့ အခြေအနေအဖြစ်သတင်းမှားဖြန့်

False လူမှုရေး

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ တပ်မဟာ ၆ မှာ တိုက်ပွဲဖြစ်ပွားနေတဲ့ အခြေအနေလို့ ရေးသားထားတဲ့ ဗွီဒီယို သတင်းမှားတစ်ခုကို ဖေ့စ်ဘွတ်မှာ မျှဝေလျှက်ရှိပါတယ်။ 

သို့သော် ဒီဗွီဒီယိုဟာ ဇူလိုင်လအတွင်းက တူရကီနိုင်ငံမှာ တောမီးလောင်မှုကို ရိုက်ကူးထားတဲ့ ဗွီဒီယိုဖြစ်တာ တွေ့ရပါတယ်။

“တပ်မဟာ ၆ အခြေအနေပါ။

ဒါ့ထက်ဆိုးတာတွေ ရှိသေးတယ်။ထပ်တင်ပေးမယ်။

စစ်ဆိုတာ အာ့လိုပဲ ကြည့်ထား။”လို့ရေးသားပြီး “Воздушный” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူ အောက်ပါ အတိုင်းမျှဝေထားပါတယ်။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ဒီနေရာ မှာလည်းတွေ့ရပါတယ်။ 

မူရင်းလင်ခ့် – Fb linkArchive link

အချက်အလက်စိစစ်ချက်

တပ်မဟာ ၆ အခြေအနေလို့ ရေးသားမျှဝေထားတဲ့ ပို့စ်အောက်မှာ အသံဟာ ကရင်သံမဟုတ်ဘူး၊ တောမီးလောင် တာလို့ မှတ်ချက်ပြုထားတာတွေလည်းတွေ့ရပြီး အများအပြားက မဟုတ်ကြောင်း မှတ်ချက်ပြုထား တာ တွေ့ရပါတယ်။ Fact Crescendo က ထပ်မံစိစစ်ကြည့်ရာမှာ ဒီဗွီဒီယိုဟာ niko_029fhn အမည်နဲ့ tiktok အသုံးပြုသူက ဇူလိုင် ၃၁ ရက်က “#turkiye #marmaris #fyp #kyp”လို့ ရေးသားပြီး မျှဝေထားတဲ့ ဗွီဒီယိုဖြစ်တာတွေ့ရပါတယ်။

မူရင်းလင်ခ့် – Niko_029 FHNArchive link

ထပ်မံပြီး အကြောင်းအရာကို ရှာဖွေကြည့်ရာမှာ ဇူလိုင်ထဲက တူရကီနိုင်ငံမှာ တောမီးလောင်မှုဖြစ်ပွားခဲ့တာ တွေ့ရပါတယ်။ ဒီလင့်ခ်မှာ ဖတ်ရှု့နိုင်ပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ  တူရကီနိုင်ငံမှာ တောမီးလောင်မှုဖြစ်စဉ်ကို ရိုက်ကူးထားတဲ့ ဗွီဒီယိုဖြစ်ပါ တယ်။

Avatar

Title:တူရကီတောမီးလောင်မှု ဗွီဒီယိုကို KNLA တပ်မဟာ ၆ မှာဖြစ်ပွားနေတဲ့ အခြေအနေအဖြစ်သတင်းမှားဖြန့်

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *