Fact Check: စမ်းချောင်းက PDF ခေါင်းဆောင်ဖမ်းမိတဲ့ ဓာတ်ပုံလား-မဟုတ်ပါ
စမ်းချောင်းမှ ဖမ်းမိတဲ့ PDF ခေါင်းဆောင်အဖြစ် အမျိုးသမီးဝတ်အတွင်းခံဘောင်းဘီပေါ်နေတဲ့ အင်္ကျီအနီဘောင်းဘီ အဖြူဝတ်ဆင်ထားတဲ့အမျိုးသားတစ်ဦး ဓာတ်ပုံကိုဖေ့စ်ဘွတ်မှာမျှဝေလျက်ရှိပါတယ်။ သို့သော်လည်း ဓာတ်ပုံဟာ ၂၀၁၉ ခုနှစ်ကတည်းက အင်တာနက်မှာ ပျံ့နှံ့လျက်ရှိတာတွေ့ရပါတယ်။ “ရန်ကုန်တိုင်းသေဒကြီး စမ်းချောင်းမှဖမ်းမိတဲ့ PDF ခေါင်းဆောင်ပါဗျ သူ့ရဲ့ဝတ်ထားတဲ့ ချပ်ဝတ်တန်ဆာ တွေက်ိုလည်း ရှိုးလိုက်ပါအုံးတစ်ချက်လောက်”လို့ရေးသားပြီး “မြေလတ်သား”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြု သူက မျှဝေထားတာ အောက်ပါအတိုင်းတွေ့ရပါတယ်။ တူညီစွာရေးသားထားတဲ့ ပို့စ်ကို ဒီနေရာနဲ့ဒီနေရာမှာလည်း တွေ့ရပါ တယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် Google မှာဓာတ်ပုံရှာနည်အသုံးပြုပြီး ဓာတ်ပုံပျံ့နှံ့ခဲ့မှုပုံစံကို ရှာဖွေကြည့်ရာမှာ ဒီဓာတ်ပုံဟာ အောက်ပါအတိုင်း အင်တာနက်မှာပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ ရှာဖွေတွေ့ရှိတဲ့ ရလာဒ်တွေထဲက အစောဆုံးပျံ့နှံ့ခဲ့တဲ့ ဓာတ်ပုံကို ဆန်းစစ်ကြည့်ရာမှာ “Pahina ni […]
Continue Reading