
အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က နိုင်ငံတကာ အဆင့်မီ တန်ဖိုးမြင့် ငွေကြေးတစ်ရပ် ထုတ်ဝေရန် စီစဉ်နေတယ်ဆိုပြီး ဖေ့စ်ဘွတ်အသုံးပြုသူအများအပြားက မျှဝေလျက်ရှိပါတယ်။
ဒီပို့စ်ဟာ ဖေ့စ်ဘွတ်သုံးစွဲသူတွေကို နားလည်မှုလွဲစေနိုင်တာ တွေ့ရပါတယ်။ NUG ပညာရေးနှင့် ကျန်းမာရေး ဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးက ဒီသတင်းဟာ မှားယွင်းကြောင်း မဇ္ဈိမမီဒီယာကို ဖြေကြားထားတာတွေ့ ရပါတယ်။
ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်တွေမှာ “NUG money ထုတ်ဝေတော့မည်”လို့ ခေါင်းစဉ်တပ်ထားပြီး ငွေစက္ကူထုတ်လုပ်မှုမှာ ဒေါက်တာဇော်ဝေစိုးက ဉက္ကဌအဖြစ် တာဝန် ယူမှာဖြစ်တယ်လို့လည်း ရေးသားထားပါတယ်။ ငွေစက္ကူမှာ အနီရောင် တောက်ပသော ကြိုးအလယ်တွင် နွေဦးတော်လှန်ရေးစာသား လုံခြုံရေးကြိုးပါဝင်မှာဖြစ်ပြီး ရေစာ(Water Mark) နေရာတွင် လက်သုံးချောင်းသင်္ကေတနှင့် CDM အမှတ်အသားအား ဂုဏ်ပြုထည့်သွင်း သွားမည်ဖြစ်ကြောင်း၊ အဆင့်မြင့်နည်းပညာသုံး၍ ကမ္ဘာမကြေဘူး သီချင်းအား ကြိုးပြားတွင် လျှပ်စစ်သံလိုက် ဓာတ်ဖြင့် ထည့်သွင်းသွား မည်စသည်ဖြင့်လည်း ရေးသားထားပါတယ်။
အထက်ပါအကြောင်းအရာတွေပါဝင်ပြီး ပျံ့နှံ့မှု အားကောင်းခဲ့တဲ့ ပို့စ်တစ်ခုကို အောက်ပါအတိုင်းတွေ့ရပါတယ်။ တူညီစွာရေးသားထားပြီး အခြားပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ပို့စ်အချို့ကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါ တယ်။

မူရင်းလင်ခ့် – Fb link | Archive link
Youtube မှာလည်း NUG money ထုတ်ဖို့အတွက် ဒေါက်တာဆာဆာက အတည်ပြုပြီဆိုပြီးတော့ ဒီနေရာမှာ မျှဝေထားတာတွေ့ရပါတယ်။
NUG money အကြောင်းအရာအဟာ သတင်းမှားဖြစ်ကြောင်း မဇ္ဈိမသတင်းဌာနက NUG ပညာရေးနှင့် ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးကိုး ကိုးကားပြီး စက်တင်ဘာ ၄ ရက်မှာ ရေးသားခဲ့တာ အောက်ပါအတိုင်းတွေ့ရပါတယ်။
“ဒါကြောင့် မဇ္ဈိမမှ ဒေါက်တာဇော်ဝေစိုးကို ဆက်သွယ်မေးမြန်းကြည့်ရာမှာ NUG Money ဆိုတာနဲ့ ပက်သက်လို့ မသိရှိကြောင်းနဲ့ လက်ရှိ NUG အနေနဲ့ စစ်ကောင်စီတပ်ကို အပြတ်ဖြုတ်ချနိုင်ဖို့ ပြည်သူ့တော်လှန်ရေးအတွက် ကိုသာ အဓိကထား ပြင်ဆင်နေကြောင်း ဖြေကြားသွားပါတယ်။”လို့ ဒီသတင်းမှာဖော်ပြထားပါတယ်။

မူရင်းလင်ခ့် – Mizzima News | Archive link
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ NUG money အကြောင်းအရာအဟာ သတင်းတု သတင်းမှားတစ်ခုဖြစ်တာ တွေ့ရပါတယ်။