Fact Check: ဒီရဟတ်ယာဉ်နဲ့ပစ်ခတ်မှုဗွီဒီယိုဟာ ၂၀၁၉ခုနှစ်ကတည်းက tiktok မှာ ပျံ့နှံ့လျက်ရှိပါတယ်

မြန်မာစစ်တပ်က လေယာဉ်နဲ့ပစ်ခတ်မှုဗွီဒီယိုဖိုင်ဆိုပြီးတော့ တောင်ကုန်းတစ်ခုကို ရဟတ်ယာဉ်နဲ့ ပစ်ခတ်နေတဲ့ ဗွီဒီယိုကို ဖေ့စ်ဘွတ်မှာ ကြိမ်ဖန်များစွာမျှဝေလျှက်ရှိပါတယ်။ ၅၉ စက္ကန့်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ တောင်ကုန်း တစ်ခုကို ရဟတ်ယာဉ်တစ်စီးပေါ်ကနေ လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ပစ်ခတ်နေတဲ့ မြင်ကွင်းပါဝင်ပါတယ်။   သတင်းမီဒီယာလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ RFA Burmese မှာလည်း ဒီဇင်ဘာ ၂၈ ရက်က  အင်တာဗျူးတစ်ခုမှာ လေးကေ့ကော်က ဖြစ်စဉ်ဆိုပြီးတော့ ဒီဗွီဒီယိုရုပ်ကတ်ကိုအသုံးပြု ဖော်ပြခဲ့ တာတွေ့ရပါတယ်။ သို့သော် ဗွီဒီယိုဟာ ၂၀၁၉ ခုနှစ်ကတည်းက ပျံ့နှံ့လျက်ရှိတာတွေ့ရပြီး မြန်မာနိုင်ငံနဲ့ သက်ဆိုင်တဲ့အထောက် အထားမတွေ့ရပါဘူး။ “ဇော်မိုက်မိုက်ခက်”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက“ယနေ့ လေးကေ့ကော် ဖြစ်သည်”လို့ ရေးသားထားပြီး ဒီဇင်ဘာ ၂၅ ရက်က အောက်ပါအတိုင်း မျှဝေထားပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link  ထို့အတူ […]

Continue Reading

Fact Check: ၂၀၁၇ ခုနှစ်က အင်းဒင်အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုဖြစ်စဉ် ဓာတ်ပုံကို အသုံးပြုပြီး သတင်းတုဖြန့်

ဘင်္ဂလားနယ်စပ်မှာ အာဆာ(ARSA)အကြမ်းဖက်အဖွဲ့က ၃၀ ဦး မနေ့က ဖမ်းဆီးရမိပုံဆိုပြီးတော့ မျှဝေလျှက်ရှိပါ တယ်။ သို့သော် ဓာတ်ပုံတွေဟာ ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်း အင်းဒင်ရွာမှာ သတ်ဖြတ်ခံလိုက်ရသူတွေရဲ့ ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။  “မေ မြန် မာ”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက“ဘဂလ နယ်စပ်မှာ ARSA အကြမ်းဖက်အဖွဲ့(၃၀) ဦး မနေ့က ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်”လို့ ရေးသားထားပြီး ဒီဇင်ဘာ ၁၈ ရက်က အောက်ပါအတိုင်း မျှဝေထား ပါတယ်။ အလားတူရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် ပထမဆုံးအနေနဲ့ ယခုရက်ပိုင်းအတွင်း ARSA အဖွဲ့ဝင်တွေ ဖမ်းဆီးရမိတယ်ဆိုတဲ့ သတင်းဖော်ပြချက်မျိုး သတင်းမီဒီယာလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ သတင်းဌာနတွေက ဖော်ပြချက်မျိုးမတွေ့ရပါဘူး။ Google မှာ […]

Continue Reading

Fact Check: ဒီဓာတ်ပုံထဲက စစ်ဘေးရှောင်တွေဟာ ဖရူးဆိုမှာ စစ်တပ်က မီးရှို့သတ်ဖြတ်ခြင်းခံရသူတွေမဟုတ်ပါ

ကယားပြည်နယ် ဖရူးဆိုမြို့နယ်မှာ မြန်မာစစ်တပ်က မီးရှိုသတ်ဖြတ်ခံရတဲ့သူတွေကို နောက်ဆုံးတွေ့ရပုံ ဆိုပြီးတော့ အမိုးဖွင့် ထရပ်ကားတစ်စီးပေါ်မှာ စုပြုံလိုက်ပါလာတဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေ အများ အပြားပါဝင်တဲ့ ဓာတ်ပုံတစ်ပုံကို ဖေ့စ်ဘွတ်မှာအသုံးပြုသူ ရာဂဏန်းက ပြန်လည်မျှဝေလျှက်ရှိပါတယ်။ ပျံ့နှံ့ခဲ့တဲ့ဖေ့စ်ဘွတ်ပို့စ်တွေမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေလိုက်ပါလာတဲ့ အမိုးဖွင့် ထရပ်ကားတစ်စီးနဲ့ ကားတွေ မီးရှို့ဖျက်ဆီးခံထားရတဲ့ ဓာတ်ပုံ ၂ ပုံပါဝင်ပါတယ်။ ဒီဇင်ဘာ ၂၄ ရက်က ကယားပြည်နယ် ဖရူဆိုမြို့နယ် မိုဆိုကျေးရွာအနီးမှာ ကလေးသူငယ်နဲ့ အမျိုးသမီးတွေ အပါအဝင် စစ်ဘေးရှောင်လာတဲ့ ရွာသား ၃၅ ယောက်ကို မြန်မာစစ်တပ်က မီးရှို့သတ်ဖြတ်ခဲ့တဲ့သတင်းတွေကို ဒီလင့်ခ်၊ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာတွေ့ရပါတယ်။ ဖရူးဆိုမြို့နယ်က တုန်လှုပ်ခြောက်ခြားဖွယ် ယင်းအဖြစ်အပျက်သတင်းတွေနဲ့အတူ “ဖရူးဆိုမြို့မှာ စစ်ရှောင်ပြည်သူ ၃၅ ယောက် မီးရှို့အသတ်ခံရလုဆဲဆဲ နောက်ဆုံးရဓါတ်ပုံဖြစ်ပါတယ်။ ကားက Save […]

Continue Reading

Fact Check: ၂၀၁၆ ခုနှစ်အတွင်းက တူရကီရဟတ်ယာဉ်တစ်စီးပစ်ချခံရမှုကို မြန်မာနိုင်ငံက လက်ရှိအဖြစ်အပျက်သဖွယ်မျှဝေနေ

လတ်တလော တိုက်ပွဲများအတွင်း စစ်တပ်က လေယာဉ်တစ်စီးပစ်ချလိုက်တယ်ဆိုပြီးတော့ တောင်တန်းတစ်ခု အပေါ်မှာ ရဟတ်ယာဉ်တစ်စီးပေါက က်ကွဲပျက်ကျသွားတဲ့ ဗွီဒီယိုကို ဖေ့စ်ဘွတ်အသုံးပြုထောင်ဂဏန်းက မျှဝေလျှက်ရှိပါတယ်။ သို့သော် ဗွီဒီယိုဟာ ၂၀၁၆ ခုနှစ်အတွင်းက တူရကီမှာ ရဟတ်ယာဉ်တစ်စီးပစ်ချခံလိုက်ရတဲ့ ဗွီဒီယိုဖြစ်တာ တွေ့ရပါတယ်။  “Min Min”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက“မအေလိုးတွေရဲလေယာဉ်တစ်စီးကိုဖျက်ချလိုက်ပြီနော်”လို့ ရေးသားထားပြီး အောက်ပါအတိုင်းမျှဝေထားပါတယ်။ အလားတူရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် Google မှာ အဓိကကျတဲ့စကားအချို့အသုံးပြုရှာဖွေနည်း၊ ပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ဗွီဒီယိုဟာ ၂၀၁၆ ခုနှစ်တွင်းက တူရကီ​ရဟတ်ယာဉ်တစီးပစ်ချခံလိုက်ရတဲ့ဗွီဒီယိုဖိုင်သာဖြစ်တာတွေ့ရပါတယ်။ တူညီတဲ့မြင်ကွင်းပါဝင်ပြီး ပိုမိုရှည်လျားတဲ့ ဗွီဒီယိုတစ်ခုကို  Military.com ဝက်ဘ်ဆိုဒ်က ၂၀၁၆ ခုနှစ် မေ ၂၀ ရက်စွဲနဲ့ သတင်းဖော်ပြချက်မှာ အောက်ပါအတိုင်းရေးသားထားပါတယ်။ “တူရီကထိပ်တန်းတိုက်ခိုင်ရေး […]

Continue Reading

Fact Check: ဒီဓာတ်ပုံက ထိုင်းရုပ်သံလိုင်းက ရုပ်ရှင်ကြော်ငြာဓာတ်ပုံသာဖြစ်တယ်

ခန္ဓာကိုယ်အပေါ်ပိုင်းအဝတ်အစားမပါတဲ့ ထွားထွားကြိုင်းကြိုင်းအမျိုးသား ၅ ယောက်သေနတ်ကိုင်ထားတဲ့ ဓာတ်ပုံကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆိုပြီးတော့ဖေ့စ်ဘွတ်မှာ မျှဝေလျှက်ရှိပါတယ်။ ဒီဇင်ဘာ ၂၄ ရက်ကစပြီး မြန်မာနိုင်ငံမှာ ပျံ့နှံမှုအားကောင်းလာတဲ့ ဒီဓာတ်ပုံဟာ ထိုင်းရုပ်သံလိုင်းတစ်ခုက တင်ထားတဲ့ဓာတ်ပုံဖြစ်ပါတယ်။  “PDF Mandalay”အမည်နဲ့စာမျက်နှာက “pdf ဆိုတာ”လို့ရေးသားထားပြီး အောက်ပါအတိုင်း မျှဝေထားပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link  ဖေ့စ်ဘွတ်အသုံးပြုသူအမျိုးသမီးအချို့ကလည်း “ဖမ်းချင်လဲ လာသာဖမ်းကြပါတော့ရှင် လက်နက်ကိုင်သင်တန်း သွားကိုတက်တော့မယ် မရတော့ဘူး တိုင်းပြည်အတွက် ပေးဆပ်ဖို့ ဇာတိသွေးဇာတိမာန်တွေ မက်တျားကြွနေပြီ ကျမလိပ်ပြာလုံချင်တယ်😢 မတားနဲ့ — ဖယ် 😅😅😅 #လက်လက်မျိူးချစ်စင်”စသည်ဖြင့်ရေးသားမျှဝေထားတာ ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် […]

Continue Reading

Fact Check: သရုပ်ဆောင်မင်းမော်ကွန်းနဲ့ပတ်သက်တဲ့ သတင်းမှားများပျံ့နှံ့

သရုပ်ဆောင် မင်းသားမင်းမော်ကွန်း အဖမ်းခံရတယ်၊ ကျဆုံးသွားပြီဆိုတဲ့ရေးသားမျှဝေမှုတွေ  ပျံ့နှံ့လျက်ရှိ တာတွေ့ရပါတယ်။ ပျံ့နှံ့ခဲ့တဲ့ပို့စ်တွေမှာ “ပြည်သူ့အချစ်တော် သရုပ်ဆောင် မင်းမော်ကွန်း ကျဆုံးပြိ”လို့ ရေးသားပြီး ဗွီဒီယိုတစ်ခုကို “Burmese Voice News” အမည်နဲ့ ယူကျူ့ချန်နယ်(youtube channel)က ဒီဇင်ဘာ ၂၁ ရက်က မျှဝေထားရာမှာ ဒီဗွီဒီယိုကို ဝင်ရောက်ကြည့်ရှု့သူ ၆ ထောင်ကျော်ရှိပါတယ်။ မူရင်းလင်ခ့် – Youtube link |  Archive link  ထို့အပြင် “ပြည်သူ့အချစ်တော် သရုပ်ဆောင် မင်းမော်ကွန်း ဖမ်းဆီးခံရ”လို့ရေးသားလျှက် ဗွီဒီယိုတစ်ခုကို “Gold Myanmar News (GMN)”အမည်နဲ့ ယူကျူ့ချန်နယ်ကလည်း ဒီဇင်ဘာ ၂၁ ရက်မှာ မျှဝေထားရာမှာ ဒီဗွီဒီယို ဝင်ရောက်ကြည့်ရှူ့သူ ၂၅၀၀ ကျော်ရှိပါတယ်။ မူရင်းလင်ခ့် – […]

Continue Reading

Fact Check: ဗိုလ်မှူးကြီးအဆင့်ရှိ PDF တစ်ဦးဖမ်းမိပုံလား-မဟုတ်ပါ

ဗိုလ်မှူးကြီးအဆင့်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တစ်ယောက်ဖမ်းဆီးရမိပုံအဖြစ် ပခုံးထက်မှာ စစ်ဘက် ဆိုင်ရာ အပွင့်အခက်ပုံစံ တက်တူးထိုးထားတဲ့လူတစ်ယောက်ပုံကို ဖေ့စ်ဘွတ်မှာ မျှဝေလျှက်ရှိပါတယ်။ သို့သော် ဓာတ်ပုံဟာ ထိုင်းနိုင်ငံက ဗိုလ်ပု(Bophut)ရဲစခန်းက ၂၀၂၀ ခုနှစ်အတွင်းက မျှဝေထားတဲ့ ဓာတ်ပုံဖြစ်ပါတယ်။  “U Zaw Min Naing”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “PDF အကြမ်းဖက်အဖွဲ့မှ  မှူးကြီး အဆင့်နဲ့ တစ်ယောက်ဖမ်းဆီးရမိ”လို့ရေးသားထားပြီး အောက်ပါအတိုင်းမျှဝေထားပါတယ်။ အလားတူရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ဓာတ်ပုံဟာ ၂၀၂၀ ခုနှစ်ကတည်းက အများအပြား ပျံ့နှံ့လျက်ရှိ တာတွေ့ရပါတယ်။ အစောဆုံးဓာတ်ပုံကို ထိုင်းနိုင်ငံ ဗိုလ်ပု(Bophut)ရဲစခန်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာ မြန်မာနိုင်ငံမှာ PDF ဖွဲ့စည်းခြင်း မတိုင်မီ […]

Continue Reading

Fact Check: တော်လှန်ရေးမှာပါဝင်နေတဲ့ မင်းမော်ကွန်းအပါအဝင် အနုပညာရှင်များ ဖမ်းဆီးခံရတဲ့ သတင်းမှား

တော်လှန်ရေးမှာ ထဲထဲဝင်ဝင်ပါဝင်ဆောင်ရွက်နေတဲ့ နာမည်ကြီး သရုပ်ဆောင် မင်းသားမင်းမော်ကွန်း အပါအဝင် ဒါရိုက်တာ ကိုပေါက်၊ ထားထက်ထက်စတဲ့ အနုပညာရှင်တွေ လေးကေ့ကော်မှာ အဖမ်းခံရတယ်ဆိုပြီးတော့ ဖေ့စ်ဘွတ်မှာပျံ့နှံ့ခဲ့ပါတယ်။ “မင်းမော်ကွန်း၊ ဒါရိုတ်တာ ကိုပေါက် ၊ထားထက်ထက် ၊မြနှင်းရီလွင် ၊ဟားငါးကောင် စတဲ့  တောထဲက အသုံးချခံ အနုပညာရှင်တွေ နှင့် CDM ဝန်ထမ်းများ များစွာကို လေးကေ့ကော်မှာ ဖမ်းမိconfirmပါ ” လို့ ရေးသားလျှက် “ပြည်ချစ် မင်းသား”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားပါတယ်။ အလားတူရေးသား မျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် တော်လှန်ရေးထဲရောက်သွားတဲ့ သရုပ်ဆောင်မင်းမော်ကွန်းနဲ့ ဒါရိုက်တာကိုပေါက် အပါအဝင် နာမည်ကြီး […]

Continue Reading

Fact Check: ဒီဓာတ်ပုံက ၂၀၁၃ ခုနှစ်က ထိုင်းစစ်ကားတစ်စီး ဖောက်ခွဲဖျက်ဆီးခံရမှု ဓာတ်ပုံသာဖြစ်တယ်

လေးကော့ကော်မှာ စစ်ကားကို မိုင်းခွဲတိုက်ခိုက်ခံရပြီး တစ်စစီဖြစ်သွားတဲ့ဓာတ်ပုံဆိုပြီးတော့ ဖေ့စ်ဘွတ် အသုံးပြသူ ရာဂဏန်းက မျှဝေလျှက်ရှိပါတယ်။ ဓာတ်ပုံထဲမှာ  လမ်းမထက်မှာ ပြင်းထန်စွာပေါက်ကွဲပြီးနောက် ကားဘီးတွေသာကျန်ရစ်ပြီး တစ်စစီဖြစ်နေတဲ့ စစ်ကားတစ်စီးလို့ယူဆရတဲ့ မြင်ကွင်းပါဝင်ပါတယ်။ သို့သော် ဓာတ်ပုံဟာ ၂၀၁၃ ခုနှစ်ကတည်း အင်တာနက်မှာ ပျံ့နှံလျှက်ရှိတာတွေ့ရပြီး မြန်မာနိုင်ငံနဲ့လည်း သက်ဆိုင်ခြင်းမရှိပါဘူး။ မြန်မာနိုင်ငံအရှေ့တောင်ဘက်ပိုင်း ကရင်ပြည်နယ်ထဲက ထိုင်း-မြန်မာနယ်စပ်အနီး လေးကော့ကော်မြို့သစ်မှာ စစ်တပ်နဲ့ ကရင်လက်နက်ကိုင်ပူးပေါင်းအဖွဲ့တွေ တိုက်ပွဲဖြစ်နေတာရှိပါတယ်။   ဒီလိုအခြေအနေမှာ ဒီဓာတ်ပုံက ပျံ့နှံ့လာခြင်းဖြစ်ပါတယ်။  “နွေဦး တော်လှန်ရေး”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “မနေ့ ညနေက/ လေးကော့ကော်-အာရှလမ်းတွင်…. စခ-ခလရ(၂၇၅)မှ ကားကို ထိထိမိမိ မိုင်းဆွဲရာ မုန့်ဟင်းခါးများ တစစီ အရည်ပျော်သွား.. အသားစများ ရှာမရ..🤪                  Dec-17″လို့ရေးသားထားပြီး အောက်ပါအတိုင်းမျှဝေထားပါတယ်။ အလားတူရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb […]

Continue Reading

Fact Check: နိုင်ငံတော်ငြိမ်းချမ်းအောင်ပြန်လုပ်ပေးပါက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှု ၇ မှုကို ပိတ်သိမ်းပေးမယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းပြောဆိုတဲ့ သတင်းတု

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံတော်ငြိမ်းချမ်းအောင်ပြန်လုပ်ပေးပါက စွဲချက်တင်ထားတဲ့ အမှု ၁၇ ခုမှ ၇ ခုကို ပြန်ရုတ်သိမ်းပေးမယ်လို့ စစ်တပ်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းစာရှင်းလင်းပွဲမှာ ပြောတယ် ဆိုတဲ့အကြောင်းအရာဟာ ဖေ့စ်ဘွတ်မှာပျံ့နှံ့မှုအားကောင်းခဲ့ပါတယ်။ ဒီဇင်ဘာလ ၁၅ ရက်က ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်ထဲမှာ“ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော် ငြိမ်းချမ်းအောင် ပြန်လုပ်ပေးပါက စွဲချက်တင်ထားသည့် အမှု ၁၇ ခုမှ ၇ ခုကို ပြန်ရုတ်သိမ်းပေးမည်၊ နိုင်ငံတော်အေးချမ်းအောင် ပြန်လုပ်ပေးခြင်းသည် ကုသိုလ်လည်းရပါသည်ဟု သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းပြောကြား” လို့ ရေးသားလျှက် “Revolution News”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုအကြိမ်အရေအတွက် ၃၄၀၀ ရှိပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  […]

Continue Reading