Fact Check: ဒေါက်တာဇော်ဝေစိုးနဲ့ ဦးရည်မွန်ကို ထိုင်းကဖမ်းဝရမ်းထုတ်ထားသလား

ဒေါက်တာဇော်ဝေစိုးနဲ့ဦးရည်မွန်တို့ကို မဲဆောက်ရဲစခန်းမှူးက အကြမ်းဖက်မှုနဲ့ ဖမ်းဝရမ်းထုတ်ထား တယ်ဆိုပြီးတော့ သတင်းစာဖြတ်ပိုင်းပုံဓာတ်ပုံနှင့်အတူ ဖေ့စ်ဘွတ်မှာ ဖြန့်ဝေလျှက်ရှိပါတယ်။ ဦးရည်မွန်နဲ့ ဒေါက်တာဇော်ဝေစိုးတို့ဟာ မဲဆောက်ကနေ ရထားနဲ့ ထွက်ပြေးသွညးတယ်ဆိုလည်း ရေးသားထားပါတယ်။ တကယ်တော့ ဒီလိုသတင်းဟာ သတင်းစာတစ်ခုမှာဖော်ပြထားတဲ့ သတင်းစာဖြတ်ပိုင်းပုံစံလုပ်ပြီး သတင်းတု ဖြန့်ဝေနေခြင်းသာဖြစ်တာတွေ့ရပါတယ်။ ပျံ့နှံ့လျက်ရှိတဲ့ သတင်းစာဖြတ်ပိုင်းပုံဓာတ်ပုံပို့စ်ထဲမှာ“ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ရှောင်ပြေးနေတဲ့ မြန်မာနိုင်ငံမှ ဝရမ်းပြေး ဒေါက်တာဇော်ဝေစိုးနှင့် ဦးရည်မွန်တို့ နှစ်ဦးအား အောက်တိုဘာ ၂ ရက်နေ့က မြန်မာသံရုံး၏ သတိပေးစာ ပေးပို့မှုကို လက်ခံရရှိပြီးသည့်နောက် မဲဆောက်ရဲစခန်း စခန်းမှူး Pol Col Manas Sornprapan က ယနေ့မှာ ဝရမ်းထုတ်ပြီး ၎င်းတို့ ပုန်းအောင်နေရာ မဲဆောက်မြို့ Asian Highway လမ်းမပေါ်က Hop Inn ပါသည်။မြန်မာအစိုးရနှင့် ထိုင်းပြည်ထဲ […]

Continue Reading

Fact Check: မြောက်ဉက္ကလာမှာ အမျိုးသမီးပစ်ခတ်လုပ်ကြံခံရမှု NLD နဲ့ PDF ကလုပ်တာလား

မြောက်ဉက္ကလာမှာ ကိုယ်ဝန်သည်တစ်ဦးကို NLD နဲ့ PDF ကလုပ်ကြံသတ်ဖြတ်တယ်လို့ရေးသားပြီးဖေ့စ်ဘွတ်မှာ ဖြန့်ဝေလျှက်ရှိပါတယ်။  သို့သော် ဒီလုပ်ကြံမှုဟာ မူလမီဒီယာတွေဖော်ပြချက်မှာ ဘယ်သူက လုပ်တယ်ဆိုတဲ့ အချက်အလက်မတွေ့ရပါ ဘူး။ ပျံ့နှံ့လျက်ရှိတဲ့ပို့စ်တွေမှာ “ဒီနေ့  မြောက်ဉက္ကလာ (င) ရပ်ကွက် က ကိုယ်ဝန်ဆောင်အမျိုးသမီးကို NLD  အ ကြမ်းဖက် PDF တွေက ဒလန်ကို – တ် တာ မှား – တ်မိပါတယ်ဆိုပြီး သေနတ်နဲ့ (၅)ချက်ပစ်ခတ်ခဲ့မှုကြောင့် သေဆုံးခဲ့ပါ တယ်”စသည်ဖြင့်ရေးသားထားပြီး သေဆုံးသူဟာ မနီနီရွှေဆိုတဲ့အမျိုးသမီးဖြစ်ပြီး ကိုယ်ဝန်ဆောင်ထားတဲ့ မိခင်လောင်းဖြစ်တယ်လို့လည်း ရေးသားထားပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် မြောက်ဉက္ကလာပ၊ (င) […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်ပုံပါတဲ့အင်္ကျီကိုကိုင်လျှက် သမ္မတအိုဘာမား ဓာတ်ပုံအရိုက်ခံနေပုံလား

ဒေါ်အောင်ဆန်းစုကြည်ပုံပါတဲ့အင်္ကျီကိုကိုင်လျှက် အမေရိကန်သမ္မတဟောင်း ဘာရက်အိုဘာမား(Barack Obama)ဓာတ်ပုံရိုက်ခံနေတဲ့ဓာတ်ပုံအပါအဝင် ဓာတ်ပုံ ၃၀ ကိုဖေ့စ်ဘွတ်အသုံးပြုသူထောင်ဂဏန်းက ပြန်လည်မျှ ဝေလျက်ရှိပါတယ်။ ဓာတ်ပုံတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်ပုံဝတ်ဆင်ထားတဲ့ ဟောင်ကောင် ရုပ်ရှင်မင်းသား ဂျက်ကီချမ်းပုံအပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အလံ၊အများပြည်သူနဲ့ဆိုင်တဲ့ လှုပ်ရှားမှု၊ ဒေါ်အောင်ဆန်း စုကြည်ပုံပို့စတာတွေလည်းပါဝင်ပါတယ်။  အမေရိကန်သမ္မတဟောင်း အိုဘားမားဟာ သူ့သမ္မတသက်တမ်းမှာ မြန်မာနိုင်ငံထိတွေ့ဆက်ဆံရေးကို စတင် ကျင့်သုံးခဲ့သူဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ချီးမွှမ်းခဲ့တဲ့ နိုင်ငံရပ်ခြား ခေါင်းဆောင်တွေထဲက တစ်ဦး ဖြစ်ပါတယ်။  သို့သော် စတင်ပျံ့နှံခဲ့တဲ့ဓာတ်ပုံတွေမှာ အိုဘာမားဟာ တီရှပ်တစ်ထည့်ကို ကိုင်ပြီး ဓာတ်ပုံအရိုက်ခံနေတာမှန်ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံ တီရှပ်မဟုတ်တာတွေ့ရပါတယ်။ “ပုံပြင်မဟုတ်ဘူး  အမှန်တကယ် ဖြစ်ခဲ့ အားပေးခဲ့တာ  ထောက်ခံခဲ့ကြတာ”လို့ “မင်္ဂလာမောင်နှံ မဂ္ဂဇင်း”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါ အတိုင်း မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း  ၁၆၀၀ ရှိပါတယ်။ တူညီတဲ့ရေးသားမျှ ဝေမှုတွေကို […]

Continue Reading

Fact Check: အသံတိတ်သပိတ်မလုပ်ဖို့ NLD က ထုတ်ပြန်တယ်ဆိုတဲ့ ထုတ်ပြန်ချက်အတု

အစ္စလမ်ဘာသာဝင်တွေရဲ့ ဝတ်ပြုဆုတောင်းတဲ့ သောကြာနေ့နဲ့တိုက်ဆိုင်တာကြောင့် မနက်ဖန်(၁၀-၁၂-၂၀၂၁)ရက်မှာ အပြင်မထွက်ကြရေးလှုပ်ရှားမှု မလုပ်ကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က တိုက်တွန်း စာဆိုပြီးတော့ ဓာတ်ပုံပို့စ်တစ်ခု လူမှုကွန်ယက်မှာပျံ့နှံ့လျက် ရှိပါတယ်။  သို့သော် ဒီစာဟာ အတုဖြစ်တယ်လို့ NLD ကထုတ်ပြန်ဖြေရှင်းထားပါတယ်။ ထုတ်ပြန်ချက်လို့ဆိုတဲ့စာထဲမှာ Online မှာပျံ့နှံ့လျက်ရှိတဲ့ ၁၀-၁၂-၂၀၁၂ ရက်နေ့ကို အသံတိတ်သပိတ်(Silence Strike Day)လုပ်မယ့်နေ့ဟာ အစ္စလာမ်ဘာသာဝင်တွေ ဝတ်ပြုစုတောင်းတဲ့ သောကြာနေဖြစ်နေပြီး NLD အနေနဲ့လည်း ညွှန်ကြားထားခြင်းမရှိကြောင်း၊ အစ္စလာမ်ဘာသာဝင်တွေ စိတ်အနှောင့်အယှက်ဖြစ်စေတာကြောင့် ပုံမှန်အတိုင်းသွားလာကြဖို့ဆိုပြီးတော့ပါရှိပါတယ်။ ဒီဓာတ်ပုံပို့စ်ကို“Naing Thein Myint”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက “သောကြာနေ့နဲ့ တိုက်ဆိုင်နေလို့ ပုံမှန်အတိုင်းသွားလာကြပါတဲ့။”လို့ရေးသားပြီ’ အောက်ပါ အတိုင်း မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၂၂၅ ကြိမ်ရှိပါတယ်။ အလားတူဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb […]

Continue Reading

Fact Check: အရှေ့ဒဂုံမြို့နယ်မှာ အိုမီခရွန်ပိုးသစ်တွေ့တယ်ဆိုတာ မဟုတ်ပါ

 á€Ąá€­á€Żá€™á€Žá€á€›á€˝á€”်(Omicron)ပိုးသစ် သံသယရှိသူတစ်ဦး ဒဂုံအရှေ့မြို့မှာ ပထမဦးဆုံးစတင်တွေ့ရှိလို့ရေးသားထားတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်မှာပျံ့နှံ့လျက်ရှိပါတယ်။ ဒီသတင်းဟာ မှားယွင်းပါတယ်။ “Omicron ပိုးသစ် ဒဂုံအရှေ့မြို့နယ်တွင် ပထမဦးဆုံးတွေ့ရှိ ဒဂုံအရှေ့မြို့နယ် အမှတ်၈ရပ်ကွက်ကပါ တောင်ငူမှ လာရောက်တည်းခိုပြီး နိင်ငံခြားသွားရန် ဆေးစစ်ရာမှ ပိုးတွေ့ရှိသည်ဟုသိရှိရပါသည်။ #myanmarcelebritytvclub”လို့ရေးသားပြီး “Xce Myanmar Pride”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါ အတိုင်းမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၁၀၀ ရှိပါတယ်။ တူညီတဲ့ရေးသားမျှ ဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာ လည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် ဒီသတင်းမှာ ကိုးကားထားတဲ့ Myanmar Celebrity Club အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဒီသတင်းမှားကို တင်မိတဲ့အတွက်တောင်းပန်ထားပါတယ်။ ” […]

Continue Reading

Fact Check: တရားရုံးကအမိန့်ချအပြီး ဒေါ်အောင်ဆန်းစုကြည် မူးဝေသွားပုံလား- မဟုတ်ပါ

ပုစွန်ဆီရောင်အင်္ကျီဝတ်ဆင်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ခုံတန်းတစ်ခုနောက်မှာ ခေါင်းငုံထားတဲ့ ဓာတ်ပုံကို တရားခွင်မှာ မူးဝေအားပြတ်သွားတဲ့ ဓာတ်ပုံအဖြစ် ဖေ့စ်ဘွတ်အသုံးပြုသူ ရာဂဏန်းက ပြန်မျှဝေလျက် ရှိပါတယ်။ သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ဒီဇင်ဘာ ၆ ရက်က နေပြည်တော်အထူးတရားရုံးက ထောင်ဒဏ် ၄ နှစ်ချမှတ်အပြီးမှာ အခုလိုပျံ့နှံ့လာတာဖြစ်ပါတယ်။ သို့သော်ဓာတ်ပုံကို ၂၀၁၂ ခုနှစ် ဇွန်ကတည်းက အင်တာနက်မှာပျံ့နှံ့လျက်ရှိတာတွေ့ရပြီး ပြည်နိုင်ငံခရီးစဉ် တစ်ခုမှာ နေမကောင်းဖြစ်တဲ့ ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။ “မတရားတဲ့ တရားခွင်မှာ အမေ အားပြတ်၊မူးဝေနေလို့ ခုံပေါ်မှောက်လိုက်တဲ့ဓါတ်ပုံ ကမ္ဘာအနှံ့ပြန့်ခဲ့သလို မြင်ရသူအပေါင်း ကြေကွဲ ဝမ်းနည်းခဲ့ကြပါတယ်။ အခု တရုတ်ပန်ချီဆရာ  ရေးဆွဲ ဂုဏ်ပြု့လိုက်တာ။       á€•န်းခဝဎကဏး နာမည်          (ဦးဆွေးဆံမြေ့) #crd”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါ အတိုင်း မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း […]

Continue Reading

Fact Check: ဒီဓာတ်ပုံက မိုးညှင်းမှာမိုင်းထိတဲ့ တင့်ကားပုံမဟုတ်ပါ

မိုးညှင်းမှာ မိုင်းထိတဲ့ စစ်တပ်ကတင့်ကားပုံဆိုပြီးတော့ ဓာတ်ပုံတစ်ပုံကို ဖေ့စ်ဘွတ် အသုံးပြုသူ အတော်များများ က မျှဝေလျှက်ရှိပါတယ်။ သို့သော် ဓာတ်ပုံဟာ ပြီးခဲ့တဲ့နှစ်များအတွင်း အင်တာနက်မှာပျံ့နှံ့လျှက်ရှိခဲ့တဲ့ ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။   â€œá€™á€­á€Żá€¸á€Šá€žá€„á€şá€¸â—á€…á€€á€…á€á€„á€ˇá€şá€€á€Źá€¸á€á€…á€şá€…á€Žá€¸ နန်းမားကြီးလမ်းတွင် မိုင်းခွဲခံရပြီး မှောက်လှန်သွား 🤥✊️ ပျော်လိုက်တာ ကွယ်👏🏻👏🏻👏🏻”လို့ရေးသားပြီး “မိုး မိုး”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ရေးသားပြီးမျှဝေထားတာ အောက်ပါအတိုင်းတွေ့ရပါတယ်။အလားတူရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link  á€Ąá€á€ťá€€á€şá€Ąá€œá€€á€şá€…ိစစ်ခဝက် ဓာတ်ပုံပျံ့နှံ့ခဲ့ပုံကို ပုံရှာနည်းအသုံးပြုပြီးရှာဖွေရာမှာ ပြီးခဲ့တဲ့ နှစ်များအတွင်းအမြောက်အများ ပျံ့နှံ့လျှက်ရှိခဲ့ တာတွေ့ရပါတယ်။ “Destroyed Tank”အမည်နဲ့ reddit အကောင့်မှာ ဒီဓာတ်ပုံကို ၂၀၁၄ ခုနှစ်က အင်္ဂလိပ်ဘာသာနဲ့ အောက်ပါ အတိုင်း ရေးသားမျှဝေထားပါတယ်။  “လမ်းဘီးများပုံပျက်မှုသည်  […]

Continue Reading

Fact Check: ကနီ PDF ကသစ်ခိုးထုတ်နေပုံအဖြစ်သတင်းမှားဖြန့်ဝေ

ကနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က သစ်ခိုးထုတ်နေပုံဆိုပြီးတော့ ဓာတ်ပုံတစ်ပုံကို ဖေ့စ်ဘွတ် အသုံးပြုသူ အတော်များများက မျှဝေလျှက်ရှိပါတယ်။  သို့သော် ဓာတ်ပုံဟာ Kani people’s Defense Force – KPDF 1 အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ဖော်ပြခဲ့တဲ့ ဓာတ်ပုံဖြစ်ပြီး ဒီဓာတ်ပုံနဲ့အတူ ဖော်ပြထားတဲ့အကြောင်းအရာကို ပုံဖျက်ရေးသားထားခြင်းဖြစ်ပါတယ်။   â€œá€žá€…်ခိုးထုတ်န္သ္ဏ pdf များ….. ကနီ pdf များအနေဖြင့် ငွေကြေးထောက်ပံ့မှု နည်းပါးခြင်းကြောင့် စားဝတ်​နေရေးအခက်အခဲကြုံကာ နိုင်ငံပိုင်သစ်များ ခိုးထုတ်နေ… #kt”လို့ရေးသားပြီး “Sergeant Ko THET”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ရေးသားပြီးမျှဝေထားတာ အောက်ပါအတိုင်းတွေ့ရပါတယ်။အလားတူရေးသားဖြန့်ဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link  á€Ąá€á€ťá€€á€şá€Ąá€œá€€á€şá€…ိစစ်ခဝက် အဓိကကျတဲ့စကားလုံးအချို့ကို အသုံးပြုပြီးအကြောင်းအရာကို ရှာဖွေကြည့်ရာမှာ တူညီတဲ့ဓာတ်ပုံကို Kani […]

Continue Reading

Fact Check: ခေါင်းစဉ်မှားတွေတပ်ပြီး လူတွေကိုလှည့်စားနေတဲ့ Top One Burmese အမည်နဲ့ဖေ့စ်ဘွတ် စာမျက်နှာ

Top One Burmese လို့ မျက်နှာဖုံးဓာတ်ပုံမှာရေးသားထားပြီး မြန်မာလို “အထူးထီ”လို့ အဓိပ္ပာယ်ရတဲ့ ထိုင်းလို ရေးသားထားတဲ့စာမျက်နှာဟာ သတင်းတုသတင်းမှားတွေဖြန့်ချီလျှက်ပျံ့နှံ့မှု အားကောင်းလားခဲ့တာကို Fact Crescendo အနေနဲ့ သတိပြုမိပါတယ်။ “ลอตเตอรี่พิเศษ”လို့ ထိုင်းဘာသာနဲ့ရေးသားထားပြီး ဖေ့စ်ဘွတ်ရဲ့ url မှာတော့ newsdailyburmese ရေးသား သလို ဖေ့စ်ဘွတ်ရဲ့ logo ဓာတ်ပုံနေရာမှာ Top One Burmese လို့ရေးသားထားတဲ့ အပြာရောင်လိုဂိုကို အသုံးပြု ထားပါတယ်။  ဒီစာမျက်နှာမှာ ဗွီဒီယိုပါအကြောင်းအရာ နဲ့သက်ဆိုင်ခြင်းမရှိပဲ လူတွေကို လှည့်စားထားတဲ့ ခေါင်းစဉ်လွှဲတွေတပ်ပြီးရေးသား မျှဝေနေတာတွေ့ရပါတယ်။ ဉပမာအားဖြင့် ထုတ်နုတ်ဖော်ပြရရင် နိုဝင်ဘာ ၂၇ ရက်မှာ ဒီစာမျက်နှာမှာ “ဒေါ်စုကို တရားစွဲထားတဲ့ ပုဒ်မတွေကို အမေရီကန် ရုပ်သိမ်းလိုက်ပြီ”လို့ ရေးသားပြီး ဗွီဒီယိုတစ်ခုကို ဖြန့်ဝေခဲ့ပါတယ်။သို့သော်လည်း […]

Continue Reading

Fact Check: ဒီဓာတ်ပုံက မင်းကင်းကထွက်ပြေးရသူတွေဖြစ်တယ်

ညအမှောင်မှာရိုက်ကူးထားတဲ့ အထုပ်အပိုးတွေနဲ့ လူတွေပါဝင်တဲ့ ဓာတ်ပုံ ၂ပုံကို ဒီပဲယင်းကထွက်ပြေးနေရတဲ့ သူတွေဆိုပြီး ဖေ့စ်ဘွတ်အသုံးပြုသူ ရာဂဏန်းက ပြန်လည်မျှဝေလျက်ရှိပါတယ်။ သို့သော်ဓာတ်ပုံတွေဟာ အောက်တိုဘာ ၂၇ ရက်က မင်းကင်းမြို့နယ်က ထွက်ပြေးတိမ်းရှောင်ရသူတွေအဖြစ် မီဒီယာမှာဖော်ပြဖူးပါတယ်။ နိုဝင်ဘာ ၂၇ ရက်မှာ စစ်တပ်က ဒီပဲယင်းမြို့နယ်မှာ ရဟတ်ယာဉ်တွေနဲ့လာရောက်ပစ်ခတ်ခဲ့ပြီး ဒေသခံ ၂၀ ဝန်းကျင် သေဆုံး ခဲ့ရပြီး အများအပြားထွက်ပြေးကြရပါတယ်။ “ဒီပဲယင်းကို တချက်လောက်အာရုံစိုက်ကြပါ ပြည်သူ” ၁၈ “ဦးထိ “ကျသွားပြီတဲ့ “အခုထိလဲ ပြေးနေရတယ်တဲ့”လို့ ရေးသားပြီး “Yoon Shwe Ya Mone”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက ဓာတ်ပုံ ၂ ပုံကို အောက်ပါအတိုင်း မျှဝေထားပါတယ်။ တူညီတဲ့ရေးသားမျှ ဝေမှုတွေကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာတွေမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် […]

Continue Reading