Fact Check: PDF တစ်လောင်း ကျပ် သုံးသောင်း NUG ထောက်ပံ့ဆိုတဲ့ သတင်းတု သတင်းမှား

ကရင်ပြည်နယ် ထိုင်း-မြန်မာနယ်စပ်မျဉ်းနားက ဥကရစ်ထစခန်းတိုက်ပွဲမှာ ကျဆုံးခဲ့ရတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်(PDF)တွေအတွက် အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)က တစ်အိမ်ထောင်ကို ကျပ် သုံးသောင်းနှုန်း ထောက်ပံ့မယ်ဆိုတဲ့ ထုတ်ပြန်ချက်တစ်ခု ဖေ့စ်ဘွတ်မှာပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ တကယ်တော့ ထုတ်ပြန်ချက်အတုတစ်ခုဖြစ်တာတွေ့ရပါတယ်။  “အဲ့သလို…တဲ့… စိတ်​တောင် မ​ကောင်းဘူးးးး😂😂😂”လို့ ရေးသားပြီး “ဒေဝီ ဒေဝီ”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   အချက်အလက်စိစစ်ချက် အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဖေ့စ်ဘွတ်စာမျက်နှာ ဒီလိုထုတ်ပြန်ကြေညာ ချက်မျိုးမတွေ့ရပါဘူး။ ဒီစာမျက်နှာမှာ ထုတ်ပြန်ခဲ့တဲ့ထုတ်ပြန်ကြေညာချက်တွေကိုလေ့လာကြည့်ရာမှာ ထုတ်ပြန်စာတွေရဲ့ ဘယ်ဘက်အပေါ်ထောင့်မှာသာကာကွယ်ရေးဝန်ကြီးဌာန တံဆိပ်တုံးပုံစံကို အသုံးပြု လေ့ရှိပြီး အခုဖေ့စ်ဘွတ်မှာပျံ့နှံ့လျှက်ရှိသလိုမျိုး နိုင်ငံတော်တံဆိပ်နဲ့ ကာကွယ်ရေးဝန်ကြီးဌာန တံဆိပ် နှစ်မျိုးစလုံး အသုံးပြုတာမတွေ့ရပါဘူး။ ထို့အပြင် မဇ္ဈိမရဲ့ […]

Continue Reading

Fact Check: လက်ဆောင်ပေးမယ်ဆိုပြီး City Mart တံဆိပ်နဲ့ လိမ်လည်လှည့်စားဖို့ လုပ်ဆောင်ထားတဲ့ စာမျက်နှာ

City Mart ၂၆ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ဇူလိုင် ၃ ရက်နေ့ မတိုင်မီဒီပို့စ်ကို မျှဝေတဲ့လူတိုင်းကို အထူးလက်ဆောင်အိတ်တစ်ခုပို့ပေးမယ်ဆိုတဲ့ ဖေ့စ်ဘွတ်ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့လျက်ရှိပါတယ်။ City Mart ရဲ့အမှတ်တံဆိပ်တွေကို အသုံးပြုလျှက်လုပ်ဆောင်ထားတဲ့ အတုအယောင်စာမျက်နှာတစ်ခုဖြစ်ပြီး City Mart ရဲ့ တရားဝင်စာမျက်နှာကလည်း ၎င်းတို့နဲ့မဆက်ဆိုင်ကြောင်းကြေညာထားပါတယ်။ အောက်ပါ screenshot ကတော့ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့လျှက်ရှိတဲ့ ပို့စ်တစ်ခုဖြစ်ပါတယ်။ “*@City mart ၏ 26 နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် ဇူလိုင်လ 3 ရက်နေ့ မတိုင်မီ မျှဝေပြီး “ပြီးပါပြီ” ဟုရိုက်ထည့်သူတိုင်းအတွက် အထူးလက်ဆောင်အိတ်တစ်ခု ပေးပို့လိုက်ပါသည်။*”စသည်ဖြင့် ရေးသားပြီး “City Mart Fans”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက လက်ဆောင်ခြင်းတွေ၊ဈေးဝယ်နေတဲ့ ဓာတ်ပုံတွေနဲ့အတူ မျှဝေထားရာမှာ တစ်ရက်အတွင်း ဒီပို့စ်ကိုပြန်လည်မျှဝေမှုပေါင်း ၁ […]

Continue Reading

Fact Check: သေ့ဘော့ဘိုးစခန်းသိမ်းပိုက်မှုဗွီဒီယိုကို ဥကရစ်ထစခန်းသိမ်းပိုက်မှု အဖြစ်မျှဝေ

ဥကရစ်ထစခန်းသိမ်းအောင်ပွဲ ဗွီဒီယိုတစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့လျှက် ရှိပါတယ်။ ဗွီဒီယိုဟာ မေလထဲမှာ သေ့ဘော့ဘိုးစခန်းကို ကော်ဘရာစစ်ကြောင်းက တိုက်ခိုင်သိမ်း ပိုက်မှုဖြစ်ပါတယ်။ ၂ မိနစ် ၅၃ စက္ကန့်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ လက်နက်ခဲယမ်းတွေစုပုံထားပြီး ဘေးပတ်ပတ်လည်မှာ လက်နက် ကိုင်တွေရပ်နေတဲ့မြင်ကွင်းတွေပါဝင်တယ်။ “ဥကရစ်ထစခန်းသိမ်းလက်နက်ရရှိမှု…. ၂၈-၆-၂၂ vd..crd”လို့ ရေးသားပြီး ၂၀၂၂ခုနှစ် ဇွန် ၂၉ ရက်က “Awba Channel Max”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါ အတိုင်းမျှဝေထားရာမှာ ဒီဗွီဒီယိုပို့စ်ကိုပြန်လည်မျှဝေမှုပေါင်း ၁၁၀၀ ရှိပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   အလားတူရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် အဓိကကျတဲ့စကားလုံးအချို့အသုံးပြုပြီး အကြောင်းအရာကိုရှာဖွေကြည့်ရာမှာ ဒီဗွီဒီယိုဟာ ၂၀၂၂ ခုနှစ် မေလထဲ ကဖြစ်ပွားခဲ့တဲ့ ကော်ဘရာစစ်ကြောင်းရဲ့ […]

Continue Reading