Fact Check: PDF တစ်လောင်း ကျပ် သုံးသောင်း NUG ထောက်ပံ့ဆိုတဲ့ သတင်းတု သတင်းမှား

False နိုင်ငံရေး

ကရင်ပြည်နယ် ထိုင်း-မြန်မာနယ်စပ်မျဉ်းနားက ဥကရစ်ထစခန်းတိုက်ပွဲမှာ ကျဆုံးခဲ့ရတဲ့ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်(PDF)တွေအတွက် အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)က တစ်အိမ်ထောင်ကို ကျပ် သုံးသောင်းနှုန်း ထောက်ပံ့မယ်ဆိုတဲ့ ထုတ်ပြန်ချက်တစ်ခု ဖေ့စ်ဘွတ်မှာပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ တကယ်တော့ ထုတ်ပြန်ချက်အတုတစ်ခုဖြစ်တာတွေ့ရပါတယ်။

 “အဲ့သလို…တဲ့…

စိတ်​တောင် မ​ကောင်းဘူးးးး😂😂😂”လို့ ရေးသားပြီး “ဒေဝီ ဒေဝီ”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ 

မူရင်းလင်ခ့် – FB linkArchive link  

အချက်အလက်စိစစ်ချက်

အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဖေ့စ်ဘွတ်စာမျက်နှာ ဒီလိုထုတ်ပြန်ကြေညာ ချက်မျိုးမတွေ့ရပါဘူး။ ဒီစာမျက်နှာမှာ ထုတ်ပြန်ခဲ့တဲ့ထုတ်ပြန်ကြေညာချက်တွေကိုလေ့လာကြည့်ရာမှာ ထုတ်ပြန်စာတွေရဲ့ ဘယ်ဘက်အပေါ်ထောင့်မှာသာကာကွယ်ရေးဝန်ကြီးဌာန တံဆိပ်တုံးပုံစံကို အသုံးပြု လေ့ရှိပြီး အခုဖေ့စ်ဘွတ်မှာပျံ့နှံ့လျှက်ရှိသလိုမျိုး နိုင်ငံတော်တံဆိပ်နဲ့ ကာကွယ်ရေးဝန်ကြီးဌာန တံဆိပ် နှစ်မျိုးစလုံး အသုံးပြုတာမတွေ့ရပါဘူး။

ထို့အပြင် မဇ္ဈိမရဲ့ သတင်းအမှားစိစစ်မှုအစီအစဉ်ကို အမျိူးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အတွင်းဝန် ဦးနိုင်ထူးအောင်က ကြေညာချက်မှာ အမှားဖြစ်တယ်လို့ ဖြေကြားထားတွေ့ရပါတယ်။

မူရင်းလင်ခ့် –  Mizzima News In Burmese  | Archive link

သုံးသပ်ချက်

NUG ကာကွယ်ရေး ဝန်ကြီးဌာနက တစ်စုံတစ်ရာထုတ်ပြန်ချက်မတွေ့ရချိန်မှာ ယင်းကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူကလည်း ငြင်းဆိုထားတာတွေ့ရပါတယ်။ ဥကရစ်ထစခန်းတိုက်ပွဲမှာ ကျဆုံးခဲ့ရတဲ့ PDF တွေအတွက် NUG က တစ်အိမ်ထောင်ကို ကျပ် သုံးသောင်းနှုန်း ထောက်ပံ့မယ်ဆိုတဲ့ ထုတ်ပြန်ချက်ဓာတ်ပုံပို့စ်ဟာ အတုပြု လုပ်ဖြန့်ချိနေခြင်းဖြစ်ပါတယ်။

Avatar

Title:Fact Check: PDF တစ်လောင်း ကျပ် သုံးသောင်း NUG ထောက်ပံ့ဆိုတဲ့ သတင်းတု သတင်းမှား

Fact Check By: Nayar Maung 

Result: False


Leave a Reply

Your email address will not be published.