Fact Check: ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်ပြီဆိုတဲ့သတင်းမှား
ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွတ်လာပြီဆိုတဲ့ သတင်းမှားတစ်ခု ခမာဘာသာနဲ့ “ផ្កាយ” လို့ရေးသားထားတဲ့ စာမျက်နှာကဖြန့်ဝေလျှက်ရှိပါတယ်။ ဒီစာမျက်နှာဟာ “အမေစုပြန်လွတ်ပြီ”လို့ ရေးသားထားသလို မျှဝေထား တဲ့ဗွီဒီယိုရုပ်ကပ်မှာလည်း “၁၃ ရက် လွတ်ပြီ ဟေ့ စိုးဝင်းတရားဝင်လက်မှတ်ရေး ထိုးလိုက်ပြီလို့ရေးသား ထားပါသေးတယ်။ မူရင်းလင်ခ့် – FB link | Archive link တူညီတဲ့မျှဝေမှုကို ယူကျူ့ရဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် တကယ်တော့ ဒီစာမျက်နှာဟာ ခေါင်းစဉ်အတုတွေပေးပြီး လူတွေကို စိတ်ဝင်စားမှုရယူ ဗွီဒီယိုကို ကြည့်ရှူ့မှု များအောင်လုပ်နေတဲ့ စာမျက်နှာတစ်ခုသာဖြစ်ပါတယ်။ ဗွီဒီယိုထဲမှာ KNU ထိန်းချုပ်မှုအောက်မှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကအင်တာဗျူးတစ်ခုကို ဖြေဆိုနေတဲ့ ဗွီဒီယိုဖိုင်သာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အာဏာသိမ်းစစ်တပ်က စွပ်စွဲထားတဲ့ အမှုပေါင်းများစွာနဲ့ တရားရင်ဆိုင်နေရသလို စစ်တပ်ထိန်းချုပ်မှု အောက်မှာရှိတဲ့ တရားရုံးကနေ ထောင်ဒဏ်အများအပြားလည်း ချမှတ်ခံထားရပါတယ်။ […]
Continue Reading