Fact Check: KIA တပ်မဟာ ၈ ဗုံးကြဲမှုအတွင်း KIA နဲ့ PDF ၈၃ ယောက်သေဆုံးမှု သတင်းမှား

KIA တပ်မဟာ ၈ ဗုံးကြဲတိုက်ခိုက်ခံရပြီး KIA နဲ့ PDF ၈၃ ယောက်သေဆုံးခဲ့ကာ လက်နက်တိုက်အပါအဝင် အဆောက်အဦး ၄၂ လုံးပျက်စီးသွားတယ်ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြု သူတွေအကြားပျံ့နှံခဲ့ပါတယ်။ ပျံနှံ့ခဲ့တဲ့ ပို့စ်တွေမှာ KIA တပ်မဟာ ၈ ကို တိုက်ခိုက်နေတဲ့ပုံအဖြစ် တိုက်လေယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်နေတဲ့ပုံ၊ မြေပြင်ဓာတ်ပုံနဲ့ စစ်သားတွေ မြန်မာအလံကိုင် အောင်ပွဲခံနေတဲ့ ဓာတ်ပုံတွေပါဝင်ပါတယ်။   KIA တပ်မဟာ ၈ ကို စစ်တပ်က ညပိုင်းမှာ လျှပ်တပျက်ဗုံးကြဲတိုက်ခိုက်ခဲ့တာမှန်ပေမဲ့ ဓာတ်ပုံတွေဟာ အကြောင်းအရာအသီးသီးနဲ့ပျံ့နှံ့လျှက်ရှိတဲ့ ဓာတ်ပုံဟောင်းတွေဖြစ်ပြီး ထိခိုက်သေဆုံးမှုကိုတော့ KIO တာဝန်ရှိသူက ငြင်းဆိုထားတာတွေ့ရပါတယ်။ အောက်ပါ screenshot ကတော့ ဒီလိုပြောဆိုချက်တွေပါဝင်ပြီးပို့စ်ခုပါ။ မူရင်းလင်ခ့် – FB link |  Archive link   […]

Continue Reading

Fact Check: ဒီဓာတ်ပုံတွေက ၂၀၂၁ ခုနှစ်အတွင်းက ကျွန်ပညာရေးကို သရုပ်ဖော် ဆန္ဒပြဓာတ်ပုံတွေသာဖြစ်ပါတယ်

စာသင်ကျောင်းမှာ အရက်ပုလင်းထောင်ကာဆရာ ဆရာမနဲ့ ကျောင်းသူကျောင်းသားတွေကို သေနတ်ထောက်ပြီး PDF တွေက အတင်းအဓမ္မ ဆန္ဒပြခိုင်းနေတယ်ဆိုပြီး ဓာတ်ပုံ ၄ ပုံနဲ့အတူ ပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြုသူတွေ အကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။ သတင်းမှားဖြစ်ပါတယ်။ တကယ်တော့ ဒီဓာတ်ပုံတွေဟာ ၂၀၂၁ ခုနှစ်က ရေဦးမြို့နယ်မှာ ကျွန်ပညာရေး သရုပ်ဖော်ဆန္ဒပြစဉ်က ဓာတ်ပုံတွေဖြစ်ပြီး ဖေ့စ်ဘွတ်အသုံးပြုသူတွေကို နားလည်မှုလွဲစေတာ တွေ့ရပါတယ်။ “Breaking News PDF အကြမ်းဖက်များမှ စာသင်ကျောင်းမှာ မိုက်ကြေးခွဲ အရက်ပုလင်းထောင်ကာ ဆရာ ဆရာမများနဲ့ ကျောင်းသူ ကျောင်းသားလေးများကို သေနတ်ထောက်ကာ အတင်းအဓမ္မ ဆန္ဒပြခိုင်”လို့ ရေးသားပြီး “Angelina Khaing” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive […]

Continue Reading