Fact Check: ဒီဗွီဒီယိုက ကြက်ဥအတု ထုတ်လုပ်နေတာလား- မဟုတ်ပါ

False လူမှုရေး

နေ့တိုင်းစားနေတဲ့ ကြက်ဥတွေထဲမှာ အတုတွေ ပါဝင်နေနိုင်ပြီး မသိဘဲစားမိရင် ကျန်းမာရေးအတွက် အရမ်းအန္တရာယ်ရှိတယ်လို့ဆိုပြီးတော့ ကြက်ဥနဲ့သဏ္ဌာန်တူတဲ့ အရာတွေထုတ်လုပ်နေတဲ့ ဗွီဒီယိုတခုကို ကိုးကား ပြောဆိုထားတဲ့ ဗွီဒီယိုတခုဟာ ပျံ့နှံ့မှုအားကောင်းနေတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားသာဖြစ်တယ်။

ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဗွီဒီယိုထဲမှာ ကြက်ဥအတုထုတ်လုပ်နေတဲ့မြင်ကွင်းတွေလို့ဆိုနိုင်တဲ့ မြင်ကွင်းတွေလည်း ပါဝင်ပြီး ကြက်ဥအတု အစစ်ခွဲခြားနည်းတွေလည်း ဖော်ပြထားတာတွေ့ရပါတယ်။ 

“သင် နေ့တိုင်းစားနေတဲ့ ကြက်ဥတွေထဲမှာ အတုတွေ ပါနေနိုင်တာကို သိပါသလား? မသိဘဲစားမိရင် ကျန်းမာရေးအတွက် အရမ်းအန္တရာယ်များပါတယ်။”

Original link | Archive link

အချက်အလက်စိစစ်ချက်

ဒီဗွီဒီယိုတွေက တကယ်ပဲ ကြက်ဥအတုပြုလုပ်နေတာလားဆိုတာ ဆန်းစစ်ကြည့်ရာမှာ ပြောဆိုချက်ဟာ မှန်ကန်မှုမရှိတာတွေ့ရပါတယ်။ တကယ်တော့ ဒီလို ကြက်ဥအတုဆိုတာ လူတွေစားသုံးနေတဲ့ ကြက်ဥနဲ့ ရောနှောရောင်းချဖို့ ဒါမှမဟုတ် အရသာနဲ့ ဒြပ်သတ္တိတုပဖို့ ထုတ်လုပ်နေတာမဟုတ်ဘဲ အထူးသဖြင့် ကလေးတွေအတွက် ကစားစရာပစ္စည်းအနေနဲ့ ထုတ်လုပ်နေတဲ့ လုပ်ငန်းစဉ်တွေ သာဖြစ်တာတွေ့ရပါတယ်။ 

ကြက်ဥအခွံသဏ္ဌာန်တခုထဲကို လေ ဒါမှမဟုတ် အရည်တခု စက်လက်မောင်းတံတခုကနေ ထိုးသွင်းလိုက်ပြီး ပိုမိုလုံးဝန်းသွားအောင် ပြုလုပ်လိုက်တဲ့ ဖြစ်စဉ် ဗွီဒီယိုမြင်ကွင်းကို “explainingproduction” အမည်နဲ့ အင်စတာ ဂရမ်စာမျက်နှာမှာ မေ ၄ ရက်က “လက်နဲ့ညှစ်လို့ရတဲ့ ကြက်ဥ”ပြုလုပ်နေတဲ့ စက်ရုံမြင်ကွင်းဆိုပြီးတော့ ရေးသားမျှဝေထားရမှာတွေ့ရတယ်။  မေ ၄ ရက်က တွေ့ရတဲ့  ပိုမိုရှည်လျားတဲ့ မြင်ကွင်းတွေပါတဲ့ ဗွီဒီယိုထဲမှာ စခရင်ရှော့ဓာတ်ပုံမှာ မြင်ရတဲ့အတိုင်းပဲ ကြက်ဥပုံစံဟာ လက်နဲ့ စိတ်ကြိုက် ညစ်လို့ရတဲ့ ကစားစရာအရုပ်တခု အဖြစ် ပြသနေတာတွေ့ရတယ်။ 

Original link | Archive link

ကြက်ဥအတုထုတ်လုပ်မှုဆိုပြီး မျှဝေထားတဲ့ ဗွီဒီယိုမှာ နောက်ထပ်မတူညီတဲ့ ဖြစ်စဉ်တခုက ဗွီဒီယိုကိုလည်း ဖြတ်၊ညှပ် ဆက်ပြုလုပ်ဖော်ပြထားတာတွေ့ရတယ်။ ဒီဗွီဒီယိုဟာ တရုတ်မှာ ကလေးကစားစရာ ကြက်ဥပြုလုပ်ရောင်းချတဲ့ လုပ်ငန်းက ဖြစ်ပြီး လွန်ခဲ့တဲ့ ၉ နှစ်ကတည်းက အွန်လိုင်းမှာတွေ့နိုင်ပါတယ်။ ၂၀၁၃ ခုနှစ်ထဲမှာ Fact Crescendo Myanmar က အချက်အလက်စိစစ်ဖော်ပြခဲ့တာကို အောက်ပါလင့်ခ်မှာကြည့်ပါ။ 

Fact Check: ကြက်ဥ၊ဘဲဥအတုပြုလုပ်တဲ့ ဗွီဒီယိုလား- မဟုတ်ပါ

တကယ်တမ်းမှာ ဒီကစားစရာ ဒါမှမဟုတ် အလှဆင် ကြက်ဥအတုတွေဟာ လူတွေစားသုံးတဲ့ ကြက်ဥနဲ့ ရောနှော ရောင်းချပြီး အမြတ်အစွန်းရယူနိုင်ဖို့ဆိုတာလည်း  အလားအလာ အရမ်းနည်းပါတယ်။ မျက်လုံးနဲ့ အမြင်မှာ ကြက်ဥတလုံးနဲ့ တူတယ်လို့ ထင်ရတဲ့ လူလုပ် အလှဆင်ကြက်ဥတလုံးရဲ့ တန်ကြေးဟာ အမှန်တကယ်ကြက်ဥတလုံးထက် ဈေးပိုမိုများပြားတယ်

ကြက်ဥအစစ်တလုံးလို ဂုဏ်သတ္တိအားဖြင့် တူညီတဲ့ ကြက်ဥအတုကို ဈေးပေါပေါနဲ့ အမြောက်အများ ထုတ်လုပ်နိုင်တဲ့ နည်းပညာလည်း မရှိသေးပါဘူး။ 

သုံးသပ်ချက်

ကြက်ဥအစစ်တလုံးလို ဂုဏ်သတ္တိအားဖြင့် တူညီတဲ့ ကြက်ဥအတုကို ဈေးပေါပေါနဲ့ အမြောက်အများ ထုတ်လုပ်နိုင်တဲ့ နည်းပညာ မရှိသေးပါဘူး။ လူမှုကွန်ယက်တွေမှာ ပျံ့နှံ့နေတဲ့ ကြက်ဥအတု ထုတ်လုပ်မှု ဗွီဒီယိုတွေဟာ အများအားဖြင့် ကလေးကစားစရာနဲ့ အလှဆင်လုပ်ငန်းတွေအတွက် ရည်ရွယ်တဲ့ ကြက်ဥနဲ့ အမြင်တူအောင် ထုတ်လုပ်ရတဲ့ လုပ်ငန်းတွေက မြင်ကွင်း ဗွီဒီယိုတွေ ဖြစ်နေပါတယ်။ 

Result Stamp

Title: Fact Check: ဒီဗွီဒီယိုက ကြက်ဥအတု ထုတ်လုပ်နေတာလား- မဟုတ်ပါ

Fact Check By: နေရာမောင်

Result: False


Leave a Reply

Your email address will not be published. Required fields are marked *