Fact Check: ကိုမင်းကိုနိုင် မြဝတီမှာဖမ်းဆီးခံရဆိုတဲ့သတင်းမှား

စစ်တပ်က ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ၈၈ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုမင်းကိုနိုင်ကို မြဝတီမြို့မှာ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့ခဲ့ပါတယ်။ သတင်းမှား တစ်ခုဖြစ်ပါတယ်။ “မင်းကိုနိုင်(ခ)ခေါကြီးအား အမှတ် 3ရပ်ကွက် ကြံခင်းလမ်း ငွေကြယ် စင်ဖုန်းဆိုင် လမ်းကြားသို့မဟုတ်  ကရင်စာပေခြံနောက် 5လမ်း မြဝတီ မြို့တွင် ယခု 19း50တွင်ဖမ်းဆီးရမိ”လို့ ရေးသားပြီး “ဇော် မင်း လွင်”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက စက်တင်ဘာ ၁၇ ရက်ကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် စစ်ကောင်စီနဲ့ စစ်တပ်ထောက်ခံသူတွေက နိုင်ငံရေးအကျပ်အတည်းကြောင့် ကောလာဟလထုတ်လွှင့်ပြီး လူထု ကို အာရုံလွှဲတာဖြစ်နိုင်ကြောင်းနဲ့ အဖမ်းခံရတယ်ဆိုတာ မဟုတ်မှန်ကြောင်း ကိုမင်းကိုနိုင်ကအတည်ပြုတယ်လို့ Khit […]

Continue Reading