Fact Check: စစ်ရေးဖြင့် တုံ့ပြန်မယ်လို့ ဘင်္ဂလားဒေ့ရှ်ရဲ့ပြောဆိုချက် NUG ထောက်ခံဆိုတဲ့ သတင်းတုသတင်းမှား

ရခိုင်ပြည်နယ် တောင်ပြိုဘက်ကနေ လက်နက်ကြီးတွေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထပ်မံပစ်ခတ်မယ်ဆိုရင် စစ်ရေး အရတုံ့ပြန်ရန်အသင့်ဖြစ်နေတယ်လို့ ဘင်္ဂလားဒေ့ရှ်စစ်ဦးစီးချုပ်ပြောဆိုချက်ကို အပြည့်အဝ ကြိုဆိုထောက်ခံ ကြောင်း NUGထုတ်ပြန်တယ်ဆိုတဲ့ သတင်းတုသတင်းမှားတစ်ခု ပျံ့နှံ့လျှက်ရှိပါတယ်။ NUG အနေနဲ့ ထုတ်ပြန် ပြောဆိုချက်မရှိပါဘူး။  အောက်ပါစာသားကတော့ ဖေ့စ်ဘွတ်မှာပျံ့နှံ့လျှက်ရှိတဲ့ပို့စ်ပါ စာသားတွေဖြစ်ပါတယ်။ “ဒေါ်စုရဲ့ နှစ်၃၀ ကျော် စီမံကိန်းကြီး အထင်အရှား ရုပ်လုံးပေါ်လာ ပြီ ******************************** ရခိုင်ပြည်နယ်၊ တောင်ပြိုဘက်မှ လက်နက်ကြီးများဘင်္ဂလားဒေ့ရ်ှဘက်သို့ ထပ်မံပစ်ခတ်ပါက စစ်ရေးဖြင့် တုံ့ပြန်ရန် အသင့်ဖြစ်နေကြောင်း ဘင်္ဂလားဒေ့ရှ်စစ်ဦးစီးချုပ်၏ ပြောဆိုချက်အား အပြည့်အဝ ကြိုဆိုထောက်ခံပါကြောင်း NUGထုတ်ပြန် နယူးယောက်၊ ၂၀၂၂ စက်တင်ဘာ ၂၄ ရက် (စနေနေ့) ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုဘက်မှဘင်္ဂလားဒေ့ရ်ှပိုင်နက်အတွင်းသို့ လက်နက်ကြီးများ ထပ်မံပစ်ခတ်ပါက စစ်ရေးဖြင့် တုံ့ပြန်တိုက်ခိုက်ရန်အသင့်ပြင်ဆင်ပြီးဖြစ်ကြောင်း ဘင်္ဂလားဒေ့ရ်ှနိုင်ငံ […]

Continue Reading

Fact Check: ဒီပဲယင်း လက်ယက်ကုန်း လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူတွေမှာ ကလေးတွေမပါလို့ သတင်းမှားဖြင့် ဝါဒဖြန့်

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာစာသင်ကျောင်းမှာ KIA နဲ့ PDF ရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စီနင်းတိုက်ခိုက်မှုမှာ ကျောင်းတက်နေတဲ့ ကလေးငယ် ၇ ဦးထက်မနည်းသေဆုံးခဲ့ရပြီး ဒီဖြစ်စဉ်ဟာ ပြည်တွင်းမှာ အာဏာသိမ်းစစ်တပ်အပေါ် မကျေနပ်မှုပိုမိုကြီးထွားစေခဲ့ပါတယ်။ ဒီဖြစ်စဉ်အပြီးမှာ ထုံးစံ အတိုင်းပဲ စစ်တပ်က သူတို့လုပ်ရပ်ဟာ ဘယ်တော့မှ မမှားဘူးဆိုပြီး ဝါဒဖြန့်ချိလွှမ်းမိုးဖို့ကြိုးစားခဲ့ပြီး အခြားသူကို လက်ညှိုးထိုးပြီး တန်ပြန် သတင်းထုတ်လွှင့်မှုတွေဆောင်ရွက်ခဲ့ရာမှာ ဒီဖြစ်ကြောင့် သေဆုံးရသူတွေဟာ လူကြီးတွေသာဖြစ်ပြီး ကလေးတွေ မပါဘူးဆိုတဲ့ ပို့စ်တစ်ခုလည်းပါဝင်ပါတယ်။ “မေပျိုဖြူ”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးက စက်တင်ဘာ ၂၀ ရက်က မျှဝေထားတဲ့ ဖေ့စ်ဘွတ်မှာပျံ့နှံ့ခဲ့တဲ့ စာသား ကောက်နှုတ်ချက်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ “ဘယ်သူသေသေ ငတေမာဖို့သာ လုပ်နေတဲ့ PDF ဒီပဲယင်း လက်ယက်ကုန်းရွာ စာသင်ကျောင်းမှာ ပုန်းခိုနေတဲ့ PDF အကြမ်းဖက်တွေကို […]

Continue Reading