Fact Check: PDF အင်အား၂သိန်းနဲ့ရန်ကုန်ကိုသိမ်းပိုက်ဖို့ရှိလို့ ၃ ရက်အတွင်းရှောင်ကြဖို့ NUG သမ္မတအရေးပေါ်သတိပေးဆိုတဲ့သတင်းမှား

PDF အင်အား၂သိန်းနဲ့ ရန်ကုန်ကိုသိမ်းပိုက်ဖို့ရှိလို့ ရန်ကုန်ကနေ ၃ ရက်အတွင်းခေတ္တရှောင်ကြဖို့ NUGသမ္မတ အရေးပေါ်သတိပေးတယ်လို့ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတုဖြန့်ဝေနေခြင်းဖြစ်ပြီး ဗွီဒီယိုပါအကြောင်းအရာဟာ ရန်ကုန်မြို့ ပျောက်ကြားအဖွဲ့တွေက ပြောဆိုထုတ်ပြန်ထားတဲ့ စစ်ကောင်စီပက်သတ်တဲ့နေရာတွေနဲ့ဝေးဝေးနေဖို့ဆိုတဲ့အကြောင်း အရာသာဖြစ်ပါတယ်။ “ရန်ကုန်ကနေ၃ရက်အတွင်းခေတ္တရှောင်ကြဖို့NUGသမ္မတအရေးပေါ်သတိပေး။အင်အား၂သိန်းနဲ့၁ပတ်တိတိသိမ်းမယ်တဲ့”လို့ ရေးသားပြီး “နွေဦးတော်လှန်ရေး” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်တိုဘာ ၂၉ ရက်မှာ အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီဗွီဒီယိုကို ကြည့်ရှူ့မှုပေါင်း ၂ သိန်းကျော်ရှိပြီး ပြန်လည်မျှဝေမှုပေါင်း ၅၀၀ ကျော်ရှိပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုကို Youtube ရဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ၂ မိနစ်ရှည်လျားတဲ့ ဗွီဒီယိုမှာ NUG သမ္မတ ဒူဝါလရှီးလရဲ့ ဓာတ်ပုံနဲ့ “ရန်ကုန်ကနေ၃ရက်အတွင်း ခေတ္တ ရှောင်ကြဖို့NUGသမ္မတအရေးပေါ်သတိပေး”လို့ရေးသားထားပေမဲ့ […]

Continue Reading

Fact Check: မင်းအောင်လှိုင် ရုတ်တရက် တာဝန်မှ နုတ်ထွက်ဆိုတဲ့သတင်းခေါင်းစဉ်မှား

စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တာဝန်ကနေနုတ်ထွက်သွားတယ်လို့ရေးသားလျှက် ဗွီဒီယို ပို့စ် တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေ အောက်တိုဘာ ၃၀ ရက်က ဖြန့်ဝေလာတာတွေ့ရပါတယ်။ အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို နားလည်မှုလွဲ စေနိုင်တဲ့ ခေါင်းစဉ်တုခေါင်းစဉ်မှားပေးပြီး ဖြန့်ချိနေခြင်းဖြစ်တယ်။ “မင်းအောင်လှိုင် ရုတ်တရက် တာဝန်မှ နှတ်ထွက်”လို့ ရေးသားပြီး “Foodella” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာ ကအောက်ပါအတိုင်းမျှဝေထားပါတယ်။ ဗွီဒီယိုရဲ့ ရုပ်သေဓာတ်ပုံနေရာမှာလည်း MRTV တံဆိပ်နဲ့အတူ “MRTV မှာကြေညာသွားပြီ ဒုဗိုလ်ချုပ်ကြီးမြထွန်းဦးကို တပ်ချုပ်ရာထူးခန့်ပြီး ပင်စင်နဲ့အနားယူမယ်လို့ ကြေညာ” လို့လည်းရေးသားထားပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုကို Youtube ရဲ့ဒီနေရာမှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဗွီဒီယိုပို့စ်စာသားနေရာမှာ “မင်းအောင်လှိုင် ရုတ်တရက် တာဝန်မှ နုတ်ထွက်”လို့ ရေးသားထားသလို ဗွီဒီယို […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည် နိုဝင်ဘာ ၁၁ ရက်မှာ ပြန်လွတ်မယ်ဆိုတဲ့ သတင်းမှား

၂၀၂၂ခုနှစ် နိုဝင်ဘာ ၁၁ ရက်မှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာပြီး လူထုနဲ့တွေ့မယ်လို့ ရေးသား ထားတဲ့ ဗွီဒီယိုကို တစ်တော့(tiktok)အသုံးပြုသူတစ်ဦးက မျှဝေထားရာမှာ ဗွီဒီယိုဟာ တစ်ရက်အတွင်း ကြည့်ရှူ့မှုပေါင်း ၂ သိန်းကျော်ရှိပြီး ပြန်လည်မျှဝေမှုပေါင်း ၁၃၀၀ ကျော်ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အောက်တိုဘာ ၁၂ ရက်အထိ စုစုပေါင်း ထောင်ဒဏ် ၂၆ နှစ်ချမှတ်ခံထားရပြီး နောက်ထပ်အမှုတွေလည်း ဆက်လက်ရင်ဆိုင် နေရဆဲဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ “10.11.2022 ရက်နေ့ အမေဒေါ်အောင်ဆန်းစုကြည် ပြည်သူလူထုနဲ့ အတူတွေ့ဆုံခွင့်ရ တော့မည် သတင်းအမှန်ပါ။ Copy ယူပြီးလူများများသိအောင် ရှယ်ပေးခဲ့ပါ”လို့ ရေးသားပြီး “nayminkok59” အမည်နဲ့တစ်တော့ အသုံးပြုသူကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ မူရင်းလင်ခ့် – မူရင်းလင့်ခ်|  Archive link   အချက်အလက်စိစစ်ချက် ဒီ “nayminkok59”အမည်နဲ့အကောင့်ကိုလေ့လာကြည့်ရာမှာ အောက်တိုဘာ […]

Continue Reading

၂၀၁၅ ခုနှစ်က ရုရှားကာကွယ်ရေးဌာနက “ပါရီအတွက်”လို့ ရေးသား ချက်ကို “KIA သို့”အဖြစ်ပြောင်းလဲထားတဲ့ဓာတ်ပုံ

အောက်တိုဘာ ၂၄ ရက်က ကချင်လွတ်မြောက်ရေးအဖွဲ့(KIO)တည်ထောင်မှု ၆၂ နှစ်ပြည့်အကြို တေးဂီတပွဲတစ်ခု ကို မြန်မာစစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ ၆၀ ဦးထက်မနည်းသေဆုံးခဲ့ရပြီး နောက်ထပ် ၁၀၀ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီဖြစ်စဉ်အပြီးမှာ သတင်းတုသတင်းမှားတွေလည်း ပျံ့နှံ့ခဲ့ပြီး အဲဒီထဲမှာ လေယာဉ်မှာ ချိတ်ဆွဲထားတဲ့ ဗုံးတစ်လုံးမှာ “KIA သို့”လို့ရေးသားထားတဲ့ ဓာတ်ပုံတစ်ပုံလည်း အပါအဝင်ဖြစ်ပါတယ်။ “သို့ မိတ်ဆွေ။ KIA ထံသို့။ #PeopleMedia”လို့ ရေးသားပြီး “We Are Myanmar” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူကအောက်ပါအတိုင်း မျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   အချက်အလက်စိစစ်ချက် Google မှာပုံရှာနည်းအသုံးပြုရှာဖွေရာကြည့်ရာမှာ ဒီဓာတ်ပုံဟာ ၂၀၁၅ ခုနှစ် နိုဝင်ဘာကတည်းက အွန်လိုင်းမှာ ပျံ့နှံ့နေတာတွေ့ရပါတယ်။ […]

Continue Reading

Fact Check: NUG သမ္မတ ဒူဝါလရှီလအဖမ်းခံရတယ်ဆိုတဲ့သတင်းခေါင်းစဉ်တု

NUG သမ္မတ ဒူဝါလရှီလ အောက်တိုဘာ ၁၇ ရက်က အဖမ်းခံရတယ်လို့ဆိုလိုထားတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့ပါတယ်။ နားလည်မှုလွဲမှာစေနိုင်တဲ့ သတင်းခေါင်းစဉ်တုဖြစ်ပါတယ်။ ဗွီဒီယိုပါ အကြောင်းအရာဟာ ရွှေဝါရောင်အရေးအခင်းမှာပါဝင်ခဲ့တဲ့ နွေဦးတော်လှန်ရေးသံဃကွန်ရက်အဖွဲ့ဝင် ဆရာတော်ဦးဣဿရိယ (မင်းသုည-ဗုဒ္ဓတက္ကသိုလ်)ရဲ့ ဆွေးနွေးမှုတစ်ခုဖြစ်ပါတယ်။ “အမြန်ဖြန့်ဝေပေးကြပါ ဗျာ အဖမ်းခံရပြီ”လို့ ရေးသားပြီး “Always” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ ဗွီဒီယိုထဲမှာလည်း “သွားပါပြီ 17-ရက် NUG သမ္မတကြီး အဖမ်းခံရပြီ တဲ့ဗျာ ထိပ်လန့်ကုန်ကြပီ”လို့ရေးသားထာပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုကို Youtube ရဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် တကယ်တော့ ဗွီဒီယိုပါအကြောင်းအရာဟာ နွေဦးတော်လှန်ရေးသံဃကွန်ရက်အဖွဲ့ဝင် ဆရာတော်ဦးဣဿရိယ (မင်းသုည-ဗုဒ္ဓတက္ကသိုလ်)ရဲ့ ဆွေးနွေးမှုတစ်ခုသာဖြစ်ပါတယ်။  ဒီအမျိုးသားညီညွှတ်ရေးအစိုးရ(NUG) သမ္မတ […]

Continue Reading

Fact Check: ကျောင်းသူ မငြိမ်းငြိမ်းစံ စစ်ကောင်စီလက်နက်ကြီးထိမှန် သေဆုံးမှုကို AA မှ ပစ်ခတ်မှုအဖြစ်သတင်းမှားဖြန့် 

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၊ ပိန်းတောကျေးရွာအတွင်း ရက္ခိုင့်တပ်တော်(AA)က လက်နက်ကြီးတွေနဲ့ အကြောင်းမဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ၁၄ နှစ်အရွယ် ကျောင်းသူ မငြိမ်းငြိမ်းစံ ပွဲချင်းပြီးသေဆုံးဆိုပြီး ပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ပျံ့နှံ့ခဲ့ပါတယ်။ အောက်တိုဘာ ၁၉ ရက်နေ့က ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ကို  လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခံရပြီး ၁၄ နှစ်အရွယ် ကျောင်းသူ မငြိမ်းငြိမ်းစံ စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာကြောင့် ပွဲချင်းပြီးသေဆုံးဆိုတဲ့ သတင်းမီဒီယာဖော်ပြချက်တွေ့ရပေမဲ့  ရက္ခိုင့်တပ်တော် AA ကရမ်းသမ်း ပစ်ခတ်မှုကြောင့်လို့ ‌ရေးသားထားတဲ့ သတင်းကိုတော့ မတွေ့ရှိပါဘူး။  â€œá€šá€”á€ąá€ˇá€”á€ąá€ˇá€œá€Šá€ş ၁၁ နာရီခန့်တွင် ရသေ့တောင်မြို့နယ် ပြိန်းတောကျေးရွာကို AA အကြမ်းဖက်အဖွဲ့မှ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ရမ်းသမ်းပစ်ခတ်ခဲ့မှုကြောင့် ကျေးရွာအတွင်းမှနေထိုင်သည့်  ၁၄ နှစ်အရွယ် ကျောင်းသူ မငြိမ်းငြိမ်းစံ ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်းဒေသခံများထံမှ သိရသည်။”လို့ […]

Continue Reading

Fact Check: ရာခိုင်နှုန်းပေးစရာမလိုဘဲငွေသားထုတ်ပေးနေတယ်ဆိုတဲ့ KBZ Pay Service Myanmar အမည်နဲ့အယောင်ဆောင်စာမျက်နှာ

ရာခိုင်နှုန်းပေးစာရာမလိုဘဲငွေသားထုတ်ပေးတယ်၊ ကိုယ်စားလှယ်တွေခေါ်နေတယ်ဆိုပြီးတော့  KBZ Pay Service Myanmar အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာတစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ KBZ Pay အမည်အသုံးပြုပြီး လိမ်လည်ဖို့အတွက် ပြုလုပ်ထားတဲ့အတုအယောင်စာမျက်နှာတစ်ခုဖြစ်တာ တွေ့ရပါတယ်။ “လူကြီးမင်း ရဲ့ Acc ထဲကနေ ငွေထုတ်ချင်တဲ့ သူများ ( %  ရာခိုင်နှုန်း ) ပေးစရာမလို့ဘဲ ငွေထုတ်လို့  ရပါတယ် ရှင့် ထုတ်ချင်တဲ့ သူများ  Page ရဲ့ CB မှာ ဆက်သွယ် မေးမြန်းနိုင်ပါတယ် ရှင့်”လို့ ရေးသားပြီး “KBZ PAY Service Myanmar” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   ထို့အပြင် “K Pay […]

Continue Reading

Fact Check: မြေတကွက်ကားတစီးထက်ပိုမိုပိုင်ဆိုင်သူများကို စစ်ကောင်စီ အရေးယူမယ်ဆိုတဲ့ထုတ်ပြန်ချက်အတု

ငွေကြေးဖောင်းပွမှုကိုထိန်းချုပ်ဖို့ စစ်ကောင်စီတစ်ဖြစ်လဲ အိမ်စောင့်အစိုးရက ကားတစ်စီး မြေတစ်ကွက်ထက်ပိုမို ပိုင်ဆိုင်မှုတွေကိုသိမ်းဆည်းသွားမယ်ဆိုတဲ့ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတုတစ်ခုဖြစ်တာကို Fact Crescendo Myanmar ကတွေ့ရပါတယ်။ “အိမ်ခြံမြေနဲ့ကားလောကတော့ ဘာတွေဆက်ဖြစ်မလဲ မသိတော့ဘူး😭 မအလက မလုပ်ရဲတာမရှိတော့ဘူး လက်နက်ဝယ်ဖို့ ငွေလိုလာပြန်ပြီထင်တယ်”လို့ ရေးသားပြီးဖေ့စ်ဘွတ်အသုံးပြုသူတစ်ဦးက အောက်ပါအတိုင်းမျှ ဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   အလားတူရေးသားမျှဝေမှုကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် စစ်တပ်ထိန်းချုပ်ထားတဲ့ သတင်းဌာနတွေအပါအဝင် လွတ်လပ်တဲ့ သတင်းဌာနတွေမှာ ဒီသတင်းကို မတွေ့ရ သလို ဒီလိုထုတ်ပြန်တယ်လို့ကိုးကားရေးသားချက်လည်းမတွေ့ရပါဘူး။ အမှန်တကယ်ဆိုရင် ဒီအမိန့်ကြေညာ ဟာ လျို့ဝှက်ညွှန်ကြားလို့ရတဲ့ အရာမျိုးမဟုတ်တာလည်းတွေ့ရသလို မီဒီယာတွေအနေနဲ့လည်း ဖော်ပြခြင်းမပြုဘဲနေမှာမဟုတ်ပါဘူး။ ဒီလိုဖြန့်ဝေနေတဲ့ ပို့စ်တွေအောက်မှာ ဖေ့စ်ဘွတ်အသုံးပြုသူအများအပြားက စာအရေးအသားဟာ ရုံးစာရေးသားဟန် မဆန်ဘူးဆိုတဲ့ ပြောဆိုချက်လည်းတွေ့ရသလို စာအတုဆိုပြီးတော့ရေးသားမှတ်ချက် […]

Continue Reading

Fact Check: KIA ကလက်စားချေတဲ့အနေနဲ့ ရဟတ်ယာဉ်ကိုပစ်ချ စစ်သား ၄၀၀ နီးပါးသေဆုံးဆိုတဲ့ သတင်းခေါင်းစဉ်တု

အနုပညာရှင်နဲ့ ပြည်သူ(၆၀)သတ်ဖြတ်မှုကို လက်စားခြေတဲ့အနေနဲ့ ကချင်တပ်မတော်(KIA)မှ ရဟတ်ယာဉ်ကို ပစ်ချလိုက်ရာ စစ်သား ၄၀၀ နီးပါး သေဆုံးသွားတယ်လို့ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့ လျက်ရှိပါတယ်။ စစ်တပ်က KIA တပ်မဟာ ၉ ကို တိုက်လေယာဉ်နဲ့ပစ်ခတ်ခံရမှုသတင်းကို သတင်းခေါင်းစဉ်တု အသုံးပြုပြီးထင်ယောင်ထင်မှားဖြန့်ချိနေခြင်းဖြစ်ပါတယ်။ “ကချင်တပ်မတော်(KIA)မှသွေးကြွေးတောင်းလိုက်ပြီဗျို့။ #kia #kio #ကချင်”လို့ ရေးသားပြီး “MM New” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်းမျှဝေထားရာမှာ အောက်တိုဘာ ၂၄ ရက်ကမျှဝေထားရာမှာ  ၄ နာရီအတွင်း ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၄၀၀ ကျော်နဲ့ ဗွီဒီယိုကြည့်ရှု့မှုပေါင်း ၂ သိန်းဝန်းကျင်ရှိပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link တူညီတဲ့မျှဝေမှုကို Youtube ရဲ့ ဒီလင့်ခ်မှာလည်းတွေ့ရပါတယ်။  ထို့အပြင် […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို စစ်ယာဉ်တန်းနဲ့ ရန်ကုန်ပို့လိုက်ပြီဆိုတဲ့ သတင်းခေါင်းစဉ်တု 

စစ်သားရာချီဝန်းရံပြီး ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်ပြန်ပို့ပြီလို့ရေးသားမျှဝေထားတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့ပါတယ်။ ဗွီဒီယိုရဲ့ ဒေါ်အောင်ဆန်းစုကြည်လုံခြုံရေးအရာရှိဟောင်းကို ထောင် ၁၀ နှစ်ချ မှတ်မှုသတင်းကို သတင်းခေါင်းစဉ်တုတွေအသုံးပြုဖြန့်ဝေနေခြင်းဖြစ်ပါတယ်။ “စစ်သားရာချီဝန်းရံပြီးအမေစုကိုရန်ကုန်ပြန်ပို့ပါပြီ။အခြေနေတွေပြောင်းပြန်ဖြစ်ကုန်ပြီ။”လို့ ရေးသားပြီး “နွေဦးတော်လှန်ရေး” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ ဗွီဒီယို thumb nail ဓာတ်ပုံမှာလည်း ဒေါ်အောင်ဆန်းစုကြည် ကားထဲက ပြုံးနေတဲ့ဓာတ်ပုံနဲ့ သူ့ရဲ့ကားနောက်မှာ လုံခြုံရေးတပ်ဖွဲ့ကားမြင်ကွင်းပါဓာတ်ပုံကိုအသုံးပြုထားပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာလည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် “စစ်သားရာချီဝန်းရံပြီး ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်ပြန်ပို့ပြီ”လို့ရေးသားထားတဲ့ ဗွီဒီယိုကို ဝင်ရောက် ကြည့်ရှု့ရာမှာ ဗွီဒီယိုပါအကြောင်းအရာဟာ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၃ ရက်က မြန်မာနောင်းသတင်းဌာန ဖော်ပြခဲ့တဲ့ “ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးအရာရှိ ထောင် ၁၀ နှစ်ချခံရ”ဆိုတဲ့ […]

Continue Reading