Fact Check: တန်ဆောင်တိုင်ပွဲ ဗုံးအလုံး ၃၀ ပေါက်ကွဲပြီး ပွဲပျက်ဆိုတဲ့ သတင်းတု

အထင်ကရပွဲတစ်ခုဖြစ်တဲ့ တန်ဆောင်တိုင်ပွဲကျင်းပတဲ့ နိုဝင်ဘာ ၇ ရက်နေ့မှာ ဗုံးအလုံး ၃၀ ပေါက်ကွဲပြီး ပွဲပျက်ကုန်တယ်လို့ဆိုတဲ့ ဗွီဒီယိုပိုစ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့ခဲ့ပါတယ်။   “Meas Davuth” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာအောက်ပါအတိုင်း ဗွီဒီယိုတစ်ခုကို မျှဝေထားပါတယ်။ ဗွီဒီယို thumbnail စာသားထဲမှာ “07/11/2022 မနက်ခင်းသတင်း တန်ဆောင်တိုင်ဗုံးအလုံး (၃၀) ပေါက်ကွဲ ပွဲပျက်ကုန်ပီဗျို့”လို့လည်းရေးသားထားပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် ၉ မိနစ်ကျော် ရှည်တဲ့ ဒီဗွီဒီယိုပါ အသံဖိုင်ထဲက အကြောင်းအရာဟာ တန်ဆောင်တိုင်ပျော်ပွဲရွှင်ပွဲတွေအပေါ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (pdf )တွေဘာပြောသလဲဆိုတဲ့သတင်း၊ ပညာရေးမြို့တော်ဖော်ဆောင်နေသည့် KIO နယ်မြေ မိုင်ဂျာယာန်သို့ စစ်ကောင်စီလက်နက်ကြီးဖြင့် ပစ်ခတ်ဆိုတဲ့သတင်း၊ […]

Continue Reading

Fact Check: သမ္မတဦးဝင်းမြင့်ပြန်လွတ်လာပြီဆိုတဲ့ သတင်းခေါင်းစဉ်တု

သမ္မတဦးဝင်းမြင့်ကို နိုဝင်ဘာ ၉ ရက်နေ့မှာ လွတ်ငြိမ်းချမ်း သာခွင့်ပြုကြောင်း စစ်တပ်ကြေညာတယ်ဆိုတဲ့  ဗွီဒီယိုပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့မှုအားကောင်းခဲ့တာတွေ့ပါတယ်။ သတင်းခေါင်းစဉ်တု အသုံးပြုပြီး ပျံ့နှံခဲ့တဲ့ သတင်းတွေကိုဖြန့်ဝေနေခြင်းဖြစ်ပါတယ်။ “လွတ်ငြိမ်းချမ်းသာခွင့်နဲ့ မအလ လှည့်ကွင်ဆင်ဖို့ကြိုးနေပြီ အယုံမလွယ်ကြပါနဲ့”လို့ရေးသားလျှက် ဗွီဒီယိုရဲ့ thumbnail ဓာတ်ပုံထဲမှာ“၉ ရက်နေ့ မနက်ကိုနာရီခွဲ သတင်းထူး သမ္မတဦးဝင်းမြင့်ကို ပြန်လွှတ်မယ်လို့ မအလကြေငြာပြီ”လို့ ရေးသားထားတဲ့ “Rambo new”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာကအောက်ပါအတိုင်းမျှဝေ ထားရာမှာ ၈ နာရီအတွင်း ဒီဗွီဒီယိုကို ကြည့်ရှူ့မှုပေါင်း ၈၀၀၀၀ ကျော်ရှိပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   အချက်အလက်စိစစ်ချက်  ယခုဖြန့်ဝေနေတဲ့ ၁၁ မိနစ်ကျော်ရှည်လျားတဲ့ ဗွီဒီယိုကိုလေ့လာကြည့်ရာမှာ သမ္မတဦးဝင်းမြင့်ကို စစ်တပ်က လွတ်ပေးတယ်ဆိုတဲ့ အကြောင်း တစ်စုံတစ်ရာမပါဝင်ပါဘူး။ အခြား […]

Continue Reading

Fact Check: KIA နဲ့ PDF များကြားပစ်ခတ်မှုတွေဖြစ်ပွားပြီး ခေါင်းဆောင်အချို့ အဖမ်းခံရဆိုတဲ့ သတင်းတု

အောက်တိုဘာ ၃၁ ရက်နေ့က KIA တပ်မဟာ ၅ နယ်မြေ မုန်ဆန်ယန်မှာ KIA နဲ့ PDF တပ်ဖွဲ့ဝင်တွေ အကြား ပစ်ခတ်မှု ဖြစ်ပြီးသေဆုံးဒဏ်ရာရရှိမှုများရှိကာ PDF ခေါင်းဆောင်ပိုင်းတွေကို ဖမ်းဆီးခံရတယ်ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူတွေ အကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တာတွေ့ရပါတယ်။ “အောက်တိုဘာ ၃၁ ရက်နေ့က KIA တပ်မဟာ(၅)၊ မုန်ဆန်ယန်မှာ Kia တပ်ဖွဲ့ဝင်တွေနဲ့ ဆလန်ကမ္ဘာတွေက PDF အဖွဲ့ကိုတပ်မတော်နဲ့ဆက်သွယ်တယ်ဆိုပြီး စွပ်စွဲပြောဆိုခဲ့ရာမှ KIA နှင့် PDF တပ်ဖွဲ့ဝင်များကြား ပစ်ခတ်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ KIA တပ်ဖွဲ့ခေါင်းကြီးပိုင်းတွေက လေကြောင်းပစ်ခတ်မှုကြောင့် သေဆုံးရခြင်းရဲ့တရားခံဟာ PDF အဖွဲ့ထဲကို စိမ့်ဝင်နေတဲ့ စစ်တပ်သူလျှိုတွေကြောင့်လို့ ပြောဆိုပြီး စကားများရာမှ KIA နှင့် PDF များကြား ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး […]

Continue Reading