Fact Check: သမ္မတဦးဝင်းမြင့်ပြန်လွတ်လာပြီဆိုတဲ့ သတင်းခေါင်းစဉ်တု

Misleading နိုင်ငံရေး

သမ္မတဦးဝင်းမြင့်ကို နိုဝင်ဘာ ၉ ရက်နေ့မှာ လွတ်ငြိမ်းချမ်း သာခွင့်ပြုကြောင်း စစ်တပ်ကြေညာတယ်ဆိုတဲ့  ဗွီဒီယိုပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့မှုအားကောင်းခဲ့တာတွေ့ပါတယ်။ သတင်းခေါင်းစဉ်တု အသုံးပြုပြီး ပျံ့နှံခဲ့တဲ့ သတင်းတွေကိုဖြန့်ဝေနေခြင်းဖြစ်ပါတယ်။

“လွတ်ငြိမ်းချမ်းသာခွင့်နဲ့ မအလ လှည့်ကွင်ဆင်ဖို့ကြိုးနေပြီ အယုံမလွယ်ကြပါနဲ့”လို့ရေးသားလျှက် ဗွီဒီယိုရဲ့ thumbnail ဓာတ်ပုံထဲမှာ“၉ ရက်နေ့ မနက်ကိုနာရီခွဲ သတင်းထူး သမ္မတဦးဝင်းမြင့်ကို ပြန်လွှတ်မယ်လို့ မအလကြေငြာပြီ”လို့ ရေးသားထားတဲ့ “Rambo new”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာကအောက်ပါအတိုင်းမျှဝေ ထားရာမှာ ၈ နာရီအတွင်း ဒီဗွီဒီယိုကို ကြည့်ရှူ့မှုပေါင်း ၈၀၀၀၀ ကျော်ရှိပါတယ်။ 

မူရင်းလင်ခ့် – FB linkArchive link  

အချက်အလက်စိစစ်ချက်

 ယခုဖြန့်ဝေနေတဲ့ ၁၁ မိနစ်ကျော်ရှည်လျားတဲ့ ဗွီဒီယိုကိုလေ့လာကြည့်ရာမှာ သမ္မတဦးဝင်းမြင့်ကို စစ်တပ်က လွတ်ပေးတယ်ဆိုတဲ့ အကြောင်း တစ်စုံတစ်ရာမပါဝင်ပါဘူး။ အခြား သတင်းမီဒီယာလုပ်ငန်းအဓိက လုပ်ကိုင်နေတဲ့သတင်းဌာနတွေမှာလည်း သတင်းတစ်စုံတစ်ရာဖော်ပြချက်မရှိပါဘူး။

ဗွီဒီယိုအသံဖိုင်ရဲ့အစမှာတော့ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်မှာ မဇ္ဈိမသတင်းဌာနက ဖော်ပြခဲ့တဲ့ “အချုပ်ထောင်တွင် စစ်ကောင်စီ၏ စွပ်စွဲခံ အဂတိအမှုများကို ရင်ဆိုင်ရင်း ဖြတ်သန်းခဲ့ရသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်မွေးနေ့” ဆိုတဲ့ ဆောင်းပါးကို ဖတ်ကြားနေတာဖြစ်ပါတယ်။

နောက်ထပ် ဗွီဒီယိုထဲမှာပါတဲ့ အကြောင်းအရာကတော့ ယင်းနေ့မှာပဲ ဧရာဝတီသတင်းဌာနကဖော်ပြခဲ့တဲ့ “တော်လှန်ရေးအလုပ်က ကျနော်တို့အတွက် ပုံမှန် ယာခင်းအလုပ်လို ဖြစ်သွားပြီ”ဆိုတဲ့သတင်းဆောင်းပါးကို ဖတ်ကြားနေခြင်းဖြစ်ပါတယ်။

သုံးသပ်ချက်

သတင်းဌာနတွေက ဖော်ပြခဲ့တဲ့ စိတ်ဝင်စားဖွယ်သတင်းဆောင်းပါးတွေကို ပြန်လည်ဖော်ပြတဲ့နေရာမှာ သတင်း ခေါင်းစဉ်တု အသုံးပြုပြီးတော့ လူတွေစိတ်ဝင်စားမှုရအောင် လှည့်စားဖော်ပြထားခြင်းဖြစ်ပါတယ်။ ဗွီဒီယိုထဲက အသံဖိုင်မှာ ဧရာဝတီသတင်းဌာနနဲ့ မဇ္ဈိမသတင်းဌာနက ဆောင်းပါး ၂ ပုဒ်ကို ပြန်လည်ဖတ်ကြားနေခြင်းဖြစ်ပါ တယ်။ ဗွီဒီယို thumbnail ရုပ်ပုံမှာဖော်ပြထားသလို သမ္မတဦးဝင်းမြင့်ကို နိုဝင်ဘာ ၉ ရက်နေ့မှာ လွတ်ငြိမ်းချမ်း သာခွင့်ပြုကြောင်း စစ်တပ်ကြေညာတယ်ဆိုတဲ့အချက်ဟာ မဟုတ်မှန်ပါဘူး။

Avatar

Title:Fact Check: သမ္မတဦးဝင်းမြင့်ပြန်လွတ်လာပြီဆိုတဲ့ သတင်းခေါင်းစဉ်တု

Fact Check By: နေရာမောင် 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *