Fact Check: KIA နဲ့ PDF က ရွာကို မီးရှို့နေတယ်ဆိုတဲ့ ဗွီဒီယိုသတင်းမှား
စစ်ကိုင်းတိုင်း ကသာမြို့နယ်မှာ KIA၊PDF ပူးပေါင်းတပ်ဖွဲ့က မြန်မာစစ်တပ်ကို ချောင်းမြောင်းပစ်ခတ်ပြီး ရွာကိုမီးရှို့သွားတယ်ဆိုပြီး ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားဖြန့်ဝေလျှက်ရှိပါတယ်။ မကွေးတိုင်းမှာ ရေစကြိုမှာစစ်တပ်က မီးရှို့ခဲ့တဲ့ဖြစ်စဉ်က ဗွီဒီယိုဟောင်းတစ်ခုကိုအသုံးပြုပြီး သတင်းမှားဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့ခဲ့တဲ့ ပို့စ်ပါပြောဆိုချက်အချို့ဖြစ်ပါတယ်။ “ရွာတွေကို ဘယ်သူမီးရှို့နေလဲ? *************************** ၂၂ ရက်နေ့က စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ မင်းလယ်ကျေးရွာထိပ် ဘုရားကုန်းနှင့် တာဝါ တိုင်ကုန်းနေရာတွေမှာ KIA နှင့် PDF ပူးပေါင်းအင်အား ၆၀ ဦးခန့်က နေရာယူပြီး နစကတပ်တွေကို စတင်ချောင်းမြောင်းပစ်ခတ်ခဲ့ တဲ့အတွက် တိုက်ပွဲဖြစ်တယ် ထုံးစံအတိုင်း ပစ်ပြေးပြေးပြီး ရွာလယ်ဘုရားဝန်းကျင်မှာရှိတဲ့ နေအိမ်ထဲကနေ ပစ်လို့ တိုက်ပွဲထပ်ဖြစ်တယ် ..နောက်ဆုံး မနိုင်တော့ ရွာထဲကအိမ်တွေကို KIA/PDF တွေက မီးရှို့တယ် … စစ်တပ်က မီးငြိမ်းသတ်ပေးလို့ ရွာမှာရှိတဲ့အိမ် […]
Continue Reading