Fact Check: သမ္မတဦးဝင်းမြင့်ပြန်လွတ်လာပြီဆိုတဲ့ သတင်းခေါင်းစဉ်တု

သမ္မတဦးဝင်းမြင့်ကို နိုဝင်ဘာ ၉ ရက်နေ့မှာ လွတ်ငြိမ်းချမ်း သာခွင့်ပြုကြောင်း စစ်တပ်ကြေညာတယ်ဆိုတဲ့  ဗွီဒီယိုပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့မှုအားကောင်းခဲ့တာတွေ့ပါတယ်။ သတင်းခေါင်းစဉ်တု အသုံးပြုပြီး ပျံ့နှံခဲ့တဲ့ သတင်းတွေကိုဖြန့်ဝေနေခြင်းဖြစ်ပါတယ်။ “လွတ်ငြိမ်းချမ်းသာခွင့်နဲ့ မအလ လှည့်ကွင်ဆင်ဖို့ကြိုးနေပြီ အယုံမလွယ်ကြပါနဲ့”လို့ရေးသားလျှက် ဗွီဒီယိုရဲ့ thumbnail ဓာတ်ပုံထဲမှာ“၉ ရက်နေ့ မနက်ကိုနာရီခွဲ သတင်းထူး သမ္မတဦးဝင်းမြင့်ကို ပြန်လွှတ်မယ်လို့ မအလကြေငြာပြီ”လို့ ရေးသားထားတဲ့ “Rambo new”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာကအောက်ပါအတိုင်းမျှဝေ ထားရာမှာ ၈ နာရီအတွင်း ဒီဗွီဒီယိုကို ကြည့်ရှူ့မှုပေါင်း ၈၀၀၀၀ ကျော်ရှိပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   အချက်အလက်စိစစ်ချက်  ယခုဖြန့်ဝေနေတဲ့ ၁၁ မိနစ်ကျော်ရှည်လျားတဲ့ ဗွီဒီယိုကိုလေ့လာကြည့်ရာမှာ သမ္မတဦးဝင်းမြင့်ကို စစ်တပ်က လွတ်ပေးတယ်ဆိုတဲ့ အကြောင်း တစ်စုံတစ်ရာမပါဝင်ပါဘူး။ အခြား […]

Continue Reading

Fact Check: KIA နဲ့ PDF များကြားပစ်ခတ်မှုတွေဖြစ်ပွားပြီး ခေါင်းဆောင်အချို့ အဖမ်းခံရဆိုတဲ့ သတင်းတု

အောက်တိုဘာ ၃၁ ရက်နေ့က KIA တပ်မဟာ ၅ နယ်မြေ မုန်ဆန်ယန်မှာ KIA နဲ့ PDF တပ်ဖွဲ့ဝင်တွေ အကြား ပစ်ခတ်မှု ဖြစ်ပြီးသေဆုံးဒဏ်ရာရရှိမှုများရှိကာ PDF ခေါင်းဆောင်ပိုင်းတွေကို ဖမ်းဆီးခံရတယ်ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူတွေ အကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တာတွေ့ရပါတယ်။ “အောက်တိုဘာ ၃၁ ရက်နေ့က KIA တပ်မဟာ(၅)၊ မုန်ဆန်ယန်မှာ Kia တပ်ဖွဲ့ဝင်တွေနဲ့ ဆလန်ကမ္ဘာတွေက PDF အဖွဲ့ကိုတပ်မတော်နဲ့ဆက်သွယ်တယ်ဆိုပြီး စွပ်စွဲပြောဆိုခဲ့ရာမှ KIA နှင့် PDF တပ်ဖွဲ့ဝင်များကြား ပစ်ခတ်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ KIA တပ်ဖွဲ့ခေါင်းကြီးပိုင်းတွေက လေကြောင်းပစ်ခတ်မှုကြောင့် သေဆုံးရခြင်းရဲ့တရားခံဟာ PDF အဖွဲ့ထဲကို စိမ့်ဝင်နေတဲ့ စစ်တပ်သူလျှိုတွေကြောင့်လို့ ပြောဆိုပြီး စကားများရာမှ KIA နှင့် PDF များကြား ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး […]

Continue Reading

Fact Check: တောင်ကြီးတန်‌ဆောင်တိုင်ပွဲဗုံးပေါက်ကွဲ ပြည်သူ ၁၀၀ ကျော်သေဆုံး သတင်းတု

တောင်ကြီးတန်ဆောင်တိုင်ပွဲမှာ ဗုံးပေါက်ကွဲလို့ ပြည်သူ ၁၀၀ ကျော်သေဆုံးဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခုကို ဖေ့စ်ဘွတ်မှာ ဖြန့်ဝေနေတာတွေ့ရပါတယ်။ “ ‌တောင်ကြီးတန်ဆောင်တိုင်ပွဲ ဗုံးပေါက်လို့ သေကုန်ပြီ ပြည်သူ ၁၀၀ ကျော်ဆုံးဟု သတင်းထွက်” “တောင်ကြီး တန်ဆောင်တိုင်ပွဲ PDF တွေ ဝင်စီးလို့ ပွဲရှယ်ကြမ်းနေပြီ “လို့ ရေးသား ပြီး “ဖြစ်ရပ်မှန်သတင်းစုံ” အမည်နဲ့ ယူကျု့အကောင့်မှာ အောက်ပါအတိုင်း မျှဝေထားတာကို တွေ့ရပါတယ်။  မူရင်းလင်ခ့် – Youtube link |  Archive link   အလားတူ တူညီတဲ့ဖြန့်ဝေထားတဲ့ ပို့စ်ကိုလည်း ဒီနေရာ မှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် တောင်ကြီးတန်ဆောင်တိုင်ပွဲ ဗုံးပေါက်လို့ ပြည်သူ ၁၀၀ ကျော်သေဆုံးလို့ ဒီဗွီဒီယိုစာသားမှာရေးသားထားပေမဲ့  ဗွီဒီယိုတစ်ခုလုံးမှာ ဒီအကြောင်းအရာနဲံ့ ပတ်သတ်တာ မပါဝင်ပါဘူး။  […]

Continue Reading

Fact Check: အဆီချဆေးအဖြစ်ရောင်းချနေတဲ့ Vitaccino ဟာ အသက်အန္တရာယ်ရှိ

အဆီချကော်ဖီအဖြစ်ရောင်းချနေတဲ့ Vitaccino ဟာကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အဆီချခြင်းနဲ့ ခန္ဓာကိုယ် အလေး ချိန်ကျလိုတဲ့သူတွေအတွက်သုံးစွဲသင့်တဲ့ ထုတ်ကုန်အဖြစ် ရောင်းချနေတာဟာ နားလည်မှုလွဲစေနိုင်ပါတယ်။ Vitaccino အမှတ်တံဆိပ်ကော်ဖီဟာ အသက်သေဆုံးနိုင်တဲ့အထိဖြစ်စေတယ်လို့ အမေရိကန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနက ထုတ်ပြန်ထားပါတယ်။ အောက်ပါscreenshot ကတော့ ဖေ့စ်ဘွတ်မှာတွေ့ရတဲ့ Vitaccino ကော်ဖီရဲ့ အကျိုးကျေးဇူးတွေကို ဖော်ပြတိုက် တွန်းထားတဲ့ အရောင်းကြော်ငြာပို့စ်တစ်ခုပါ။ Vitaccino ကော်ဖီ ဘလက်ကော်ဖီအမျိုးအစားဖြစ်ပြီး အဆီပိုတွေ ကို အမြန်ဆုံးချချင်သူတွေအတွက်၊ ကိအစားရှောင်စရာမလိုသူတွေအတွက်၊ လေ့ကျင့်ခန်းမလုပ်လိုဘဲ ကိုယ်အလေးချိန်ချလိုသူတွေအတွက် ၁၅ ရက်အတွက်း ၁၀ ပေါင်းအထိကိုယ်အလေးချိန်ချနိုင်ပြီး တစ်လကို ၁၆ပေါင်ကနေ ပေါင် ၂၀ အထိချနိုင်တယ်လို့ဆိုပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   အလားတူကြော်ငြာတွေကို ဒီနေရာ၊ ဒီနေရာနဲ့ […]

Continue Reading

Fact Check: လေတပ်အရာရှိ လေယာဉ်နဲ့အတူ NUG ထံအလင်းဝင်ဆိုတဲ့ သတင်းတု

နိုဝင်ဘာ ၅ ရက်နေ့မှာ လေတပ်အရာရှိ လေယာဉ်နဲ့အတူ NUG ထံအလင်းဝင်တယ်ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတုတစ်ခုဖြစ်ပါတယ်။  “Meas Davuth” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်းရေးသားပြီး ဗွီဒီယိုတစ်ခုကို မျှဝေထား ရာမှာ ၄ နာရီအတွင်း ဒီပို့စ်ကို ပြန်လည်မျှဝေမှုပေါင်း ၁၄၀၀ ဝန်းကျင်ရှိပါတယ်။ ဗွီဒီယိုထဲမှာ “လေတပ်အရာရှိ လေယာဉ်နဲ့ထွက်ပြေးလာပြီ”လို့လည်းထပ်မံရေးသားထားပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link  အချက်အလက်စိစစ်ချက် ဗွီဒီယိုပါအကြောင်းအရာကိုလေ့လာကြည့်ရာမှာ စစ်တပ်အာဏာသိမ်းအပြီး ကယားပြည်နယ်က ဆန္ဒပြပွဲတွေမှာ ရဲတပ်ဖွဲ့ဝင်အချိုပါ ပူးပေါင်းဆန္ဒပြခဲ့ပြီးနောက် ဖေ့စ်ဘွတ်အသုံးပြုသူတစ်ဦးက ရဲနဲ့ စစ်သားတွေကို အာဏာရှင် စစ်ဦးစီးချုပ်အမိန့်ကို မနာခံဘဲ ပြည်သူလူထုနဲ့ပူးပေါင်းခြင်းအားဖြင့် တိုင်းပြည်အနာဂတ်ကိုကယ်တင်ဖို့ တောင်းပန်နေတဲ့ ဗွီဒီယိုသာဖြစ်ပါတယ်။  ၁၁ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုရဲ့ ၇ […]

Continue Reading

Fact Check: မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၂၀ FATF ကအမည်ပျက်စာရင်းသွင်း ထားတယ်ဆိုတဲ့သတင်းမှား

FATF ကနေ အောက်တိုဘာ ၂၁ ရက်က ထုတ်ပြန်ခဲ့တဲ့ အမည်ပျက်(Blacklist)နိုင်ငံ ၂၀ စာရင်းဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ ပြောဆိုချက်ဟာ မှားယွင်းပြီး နားလည်မှုလွဲစေနိုင် တာ တွေ့ရပါတယ်။ အောက်ပါစာသားတွေက ဖြန့်ဝေခဲ့တဲ့ ပို့စ်ပါ စာသားတွေဖြစ်ပါတယ်။ ဒီဖြန့်ဝေခဲ့တဲ့ပို့စ်မှာ မြန်မာနိုင်ငံဟာ အရင်ကလည်း အမည်ပျက်စာရင်းသွင်းခံရဖူးပြီး အခုလည်း မြန်မာနိုင်ငံနှင့်အတူ အခြားသော နိုင်ငံ ၁၉ နိုင်ငံ လည်းပါဝင်တယ်လို့ဆိုလိုထားပြီး screenshot တစ်ခုလည်းပါဝင်ပါတယ်။ “FATF မှ ​ ၂၀၂၂၊အောက်တိုဘာ၂၁ရက်နေ့က ထုတ်ပြန်ခဲ့သော  Blacklistနိုင်ငံစာရင်း (၂၀) စာရင်း ဖြစ်ပါတယ် ။ 1 Arbania 2 Barbados 3 Burkina Faso 4 Cambodia 5 Cayman Islands […]

Continue Reading

Fact Check: ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်/ကျဉ်း ၁၀၀ကျော်ပြစ်ဒဏ် လွတ်ငြိမ်းခွင့် ပြုလိုက်ပြီဆိုတဲ့ သတင်းခေါင်းစဉ်တု

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသား ၁၀၀ကျော်ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်စာထုတ်ပြန် လိုက်ပြီဆိုတဲ့  ဗွီဒီယိုပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့တာတွေ့ပါတယ်။ သတင်းဟောင်းတွေကို စိတ်ဝင်စားဖွယ်သတင်းခေါင်းစဉ်တုနဲ့ ဖြန့်ဝေနေခြင်းဖြစ်ပါတယ်။ “အမေစုအပါအဝင် နိုင်ကျဉ်း(၁၀၀)ကျော်ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်စာထုတ်ပြန်လိုက်ပြီ#သတင်းထူး”လို့ ရေးသားပြီး ဖေ့စ်ဘွတ်စာမျက်နှာတစ်ခုကအောက်ပါအတိုင်းမျှဝေထားရာမှာ ၈ နာရီအတွင်း ဒီဗွီဒီယိုကို ကြည့်ရှူ့မှုပေါင်း ၄၀၀၀၀ ကျော်ရှိပါတယ်။ မူရင်းလင်ခ့် – FB link |  Archive link   အချက်အလက်စိစစ်ချက် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော်ပြစ်ဒဏ်လွတ်ငြိမ်းခွင့် စစ်တပ်က ထုတ်ပြန် လိုက်တယ်ဆိုတဲ့ သတင်းမျိုး သတင်းဌာနတွေက ဖော်ပြတာမတွေ့ရပါဘူး။ ယခုဖြန့်ဝေနေတဲ့ ဗွီဒီယိုပို့စ်စာသားနဲ့ ဗွီဒီယိုထဲမှာ “အမေစုအပါအဝင် နိုင်ကျဉ်း(၁၀၀)ကျော် ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်စာ ထုတ်ပြန်လိုက်ပြီ #သတင်းထူး”လို့ ရေးသားထားပေမဲ့ တကယ်တော့ ဗွီဒီယိုပါအကြောင်းအရာဟာ သတင်းဌာနတွေမှာ ဖော်ပြခဲ့တဲ့ “ပူတာအို နမ်ဟော့အကျဥ်းထောင်တွင် […]

Continue Reading

Fact Check: ရေစကြိုနဲ့မြိုင်အစပ် စိုင်သေနဲ့ သံပြာချောင်းရွာအား စစ်တပ်ကမီးရှို့မှုကို PDF ကမီးရှို့မှုအဖြစ်ဖြန့်ဝေ

အောက်တိုဘာ ၂၉ ရက်က PDF တွေက ရေစကြိုမြို့နယ်၊ စိုင်သေရွာနဲ့သံပြာချောင်းရွာတို့အား ဝင်ရောက် ဖျက်ဆီး မီရှို့နေပြီး စိုင်သေကျေးရွာမှာ အိမ်ခြေသုံးပုံနှစ်ပုံခန့်မီးလောင်ကျွမ်းခံထားရတာ နစကအထက် လူကြီးများ သိစေရန်ဆိုတဲ့ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားဖြန့်ဝေလျက်ရှိပါတယ်။ နားလည်မှု လွဲစေနိုင်တဲ့ သတင်းမှားတစ်ခု ဖြစ်ပါတယ်။ စစ်တပ်က စစ်ကြောင်းထိုးပြီး မီးရှို့မှုအဖြစ် လွတ်လပ်တဲ့ မီဒီယာအများအပြားကဖော်ပြပါတယ်။ အောက်ပါပို့စ်ကတော့ ဒီလိုဖော်ပြပါရှိတဲ့ ပို့စ်တစ်ခုက စာသားတွေပဲ။ “နစက အထက်လူကြီးမင်းများသိစေရန် =============================== မကွေးတိုင်း၊ ရေစကြိုနယ်နှင့် မြိုင်နယ်အစပ်ရှိ  စိုင်သေရွာနှင့် သံပြာချောင်းကျေးရွာများအား  pdf များမှ ဝင်ရောက်ဖျက်ဆီးမီးရှို့နေ၍  ပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်နေရကြောင်း  ဒေသခံများမှ ​ သတင်းပေးပို့လာပါတယ် ယနေ့  (အောက်တိုဘာ ၂၉ ရက်) နံနက် ၄ နာရီခန့်က စတင်ကာ pdf များသည် […]

Continue Reading

Fact Check: NUG လေတပ် နေပြည်တော်ကိုဝိုင်းထားပြီ၊ လေယာဉ်သုံးတိုက်မှာဖို့ အပြင်မထွက်ဖို့ ထုတ်ပြန်ဆိုတဲ့ သတင်းတု   

NUG လေတပ် နေပြည်တော်ကိုဝိုင်းထားပြီ၊ လေယာဉ်သုံးတိုက်မှာဖို့ အပြင်မထွက်ဖို့ ထုတ်ပြန်ချက်ဆိုတဲ့ သတင်းတုပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့ပါတယ်။ အောက်ပါစာသားတွေကတော့ ဘလော့ဂ်ပို့စ်တစ်ခုမှာရေးသားထားချက်ဖြစ်ပါတယ်။ “NUG လေတပ်နေပြည်တော်ကိုဝိုင်းထားလိုက်ပြီဗျို့”လို့ သတင်းခေါင်းစဉ်အနေနဲ့ရေးသားထားပြီး “လုံးဝဂျင်းမဟုတ်ဘူး မနက်ဖြန် လေယာဉ်သုံးတိုက်မှာ လုံးဝအပြင်မထွက်ဖို့ပူးတွဲထုတ်ပြန်”လို့ ရေးသားပြီး “onlinenews79.com” အမည်နဲ့ဝက်ဘ်ဆိုဒ်က အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။  မူရင်းလင်ခ့် – FB link |  Archive link   ဒီဘလော့ဂ်ပို့စ်ကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာနဲ့ ဒီနေရာမှာလည်းပြန်လည်ဖြန့်ဝေခဲ့တာတွေ့ရပါတယ်။  အချက်အလက်စိစစ်ချက် “onlinenews79.com” အမည်နဲ့ဘလော့ဂ်ပို့စ်ကို ဝင်ရောက်ကြည့်ရှူ့မယ်ဆိုရင် “NUG လေတပ်နေပြည်တော် ကိုဝိုင်းထားလိုက်ပြီဗျို့”လို့ရေးသားထားတဲ့ သတင်းခေါင်းစဉ်၊ NUG သမ္မတ ဒူဝါလရှီးလ၊ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်၊ တိုက်လေယာဉ်ဓာတ်ပုံတို့ကို ပေါင်းစပ်ပြုပြင်ထားတဲ့ ဓာတ်ပုံပေါ်မှာ “လုံးဝဂျင်းမဟုတ်ဘူး မနက်ဖြန် လေယာဉ်သုံးတိုက်မှာ လုံးဝအပြင်မထွက်ဖို့ပူးတွဲထုတ်ပြန်”လို့ ရေးသားထားတဲ့ ရေးသားချက်ကိုပဲ ထပ်မံတွေ့ ရပြီး […]

Continue Reading