Fact Check: လွတ်လပ်ရေးနေ့အခမ်းအနား ဗုံးကြဲခံရလို့ ဝန်ကြီး ၄၅ ဦးသေဆိုတဲ့သတင်းတု
စစ်ကောင်စီက စိန်ရတုလွတ်လပ်ရေးအခမ်းအနားကို သူတို့ထိန်းချုပ်ထားရာ နေပြည်တော်မှာ ကျင်းပခမ်းနားစွာ ကျင်းပခဲ့ပေမဲ့ အာဏာသိမ်းထားတဲ့ စစ်တပ်ကမကထပြုတဲ့ လွတ်လပ်ရေးနေ့ဟာ နိုင်ငံအနှံ့ တိုက်ပွဲတွေကြောင့် အနှစ်သာရကင်းမဲ့ခဲ့ပြီး လူထုပါဝင်မှုလည်းနည်းပါးပါတယ်။ အထူးသဖြင့် လွတ်လပ်ရေးနေ့မှာ KNU က စစ်တပ်တပ်စခန်းအချို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်တပ်ကလည်း လေကြောင်းကနေ ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။ ဒီလိုအခြေအနေမှာ နစက(နိုင်ငံတော်စီမံအုပ်ချုပ်မှုကောင်စီ)ကကျင်းပတဲ့ လွတ်လပ်ရေးနေ့အခမ်းအနား ဗုံးကြဲခံရလို့ တက်ရောက်လာတဲ့ ဝန်ကြီးအပါအဝင် ၄၅ ဦးသေဆုံးတယ်လို့ဆိုပြီး သတင်းတု ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ “ဝန်ကြီး ၄၅ဦး ဘဝ ကူးပြီ”လို့ ရေးသားပြီး “The News” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာ က ဇန်နဝါရီ ၄ ရက်မှာ အောက်ပါအတိုင်းမျှဝေထားရာ ဒီဗွီဒီယိုကို ကြည့်ရှူ့မှုပေါင်း ၅ သိန်းကျော်ရှိတာတွေ့ရပါတယ်။ မူရင်းလင်ခ့် – FB […]
Continue Reading