Fact Check: ၂၄ နာရီအတွင်း အာဏာလွှဲနိုင်ခြေရှိတယ်ဆိုတဲ့ သတင်းမှားဖြန့်ဝေ
စစ်ကောင်စီက ၂၄ နာရီအတွင်း အာဏာလွှဲနိုင်ရေးအတွက် အရေးကြီးအစည်းအဝေးလုပ်ခဲ့တယ်ဆိုပြီးတော့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြား ဖြန့်ဝေနေတာတွေ့ရပါတယ်။ သတင်းမှားဖြစ်ပါတယ်။ “၂၄ နာရီအတွင်းအာဏာလွဲနိုင်ချေရှိ၊ အရေးကြီးဆင့်ခေါ်ခံရ”လို့ ရေးသားပြီး “ Queen10シ ” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်း မျှဝေထားတာတွေ့ရပါတယ်။ မူရင်းလင်ခ့် – FB Link ၊ Archive Link တူညီတဲ့ရေးသားမျှဝေမှုတွေကို ယူကျူ့ရဲ့ ဒီလင့်ခ်မှာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် “၂၄ နာရီအတွင်းအာဏာလွဲနိုင်ချေရှိ၊” ဆိုပြီးရေးသားထားပေမဲ့ ၁၁ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုဖိုင်ထဲမှာ ဒီလိုအာဏာလွှဲတဲ့ကိစ္စနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာမပါဝင်ဘဲ လွတ်လပ်တဲ့ အာရှအသံ သတင်းဌာနက ဖော်ပြထားတဲ့ “လေပိုင်နက်ကျူးကျော်တိုက်ခိုက်တဲ့ စစ်ကောင်စီကို တုံ့ပြန် ဆောင်ရွက်ဖို့ အိန္ဒိယကို တောင်းဆို”ဆိုတဲ့ သတင်းတစ်ပုဒ်ကို ပြန်လည်ဖတ်ကြား နေတာဖြစ်ပါတယ်။ သုံးသပ်ချက် “၂၄ […]
Continue Reading