Fact Check: ALP တွေကို အကုန်သတ်ဖို့ АА အမိန့်ပေးဆိုတဲ့ သတင်းတုသတင်းမှား
ALP တွေကို အကုန်သတ်ဖို့ АА အမိန့်ပေးလိုက်တယ်ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြား ဖြန့်ဝေခဲ့တာဟာ သတင်းမှားတစ်ခုသာဖြစ်ပါတယ်။ ဖြန့်ဝေနေတဲ့ပို့စ်တွေမှာ “ရခိုင်တွေ ပြသာနာတတ်ကုန်ပြီ”လို့ရေးသားလျှက် “ALP တွေကို အကုန်သတ်ဖို့ АА အမိန့်ပေး”လို့ ရေးသားထားပြီးဖေ့စ်ဘွတ်အသုံးပြုသူတွေကို နားလည်မှုလွဲစေနိုင်တာတွေ့ရပါတယ်။ “Thai News”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက ဇန်နဝါရီ ၈ ရက်က အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ မူရင်းလင်ခ့် – FB link | Archive links တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာမှာ လည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် မြန်မာစစ်တပ်နဲ့ နီးစပ်တဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ ရခိုင်ပြည်လွှတ်မြောက်ရေးတပ်မတော် (ALA)စစ်ဦးစီးချုပ် လုပ်ကြံသတ်ဖြတ်ခံအရအပြီးမှာ ဒီလိုမျှဝေလာတာဖြစ်ပါတယ်။ ဗွီဒီယိုပါအကြောင်းအရာဟာ မြန်မာစစ်တပ်ဦး ဆောင်ကျင်းပတဲ့ ၇၅ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတက်ရောက်ပြီးအပြန် စစ်တွေမြို့ အာဂျိတ်တွေ ကုန်းမှာ ALP/ALA စစ်ဦးစီးချုပ် […]
Continue Reading