Fact Check: အရည်ချင်းရှိတဲ့သူကို နေရာပေးပါလို့ ဦးသန်းရွှေပြောလို့ ဖမ်းဖို့လုပ်နေပြီဆိုတဲ့ သတင်းမှား
အရည်ချင်းရှိတဲ့သူတွေကို နေရာပေးပါလို့ အရင် စစ်အာဏာရှင် ဦးသန်းရွှေပြောလို့ လက်ရှိအာဏာရှင်က ဖမ်းဖို့ လုပ်နေတယ်လို့ဆိုတဲ့ ဗွီဒီယိုပုံစံနဲ့ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့မှု အားကောင်းလျှက်ရှိပါတယ်။ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေမှတ်ဉာဏ်ချို့ယွင်းမှုအပြင်းအထန်ဖြစ်ပွားနေတဲ့အကြောင်း သတင်းမီဒီယာ တစ်ခုကဖော်ပြချက်ကို သတင်းခေါင်းစဉ်တုနဲ့ဖြန့်ချိနေခြင်းဖြစ်တယ်။ “(၂၄)ရက်နေ့ ဦးသန်းရွှေ ဒဲ့ဆော်ပြီ အရည်ချင်းရှိတဲ့သူတွေကို နေရာပေးပါတဲ့ ဖမ်းဖို့လုပ်နေကြပြီတဲ့”လို့ စသည်ဖြင့် ရေးသားပြီး “Appreciate News” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာကအောက်ပါအတိုင်းမျှဝေထားရာမှာ ဒီဗွီဒီယိုကို ကြည့်မှုမှုပေါင်း ၄ သိန်းဝန်းကျင်ရှိပါတယ်။ မူရင်းလင်ခ့် – FB link | Archive link တူညီတဲ့ဒီဗွီဒီယိုကို “Burmese Political”အမည်နဲ့ ယူကျူ့ရဲ့ ဒီနေရာမှာ လည်းတွေ့မျှဝေထားတာတွေ့ရာမှာ ကြည့်ရှူ့မှုပေါင်း ၁၄၀၀၀ ကျော်ရှိပါတယ်။ အချက်အလက်စိစစ်ချက် ဒီလိုမျိုးရေးသားမျှဝေထားတဲ့ ဗွီဒီယိုကို ကြည့်ရှူ့ရာမှာ ဗွီဒီယိုပါအကြောင်းအရာဟာ CJ Platform က […]
Continue Reading