Fact Check: မုံရွာမှာ USDP ဥက္ကဌ ဦးခင်ရီ ပစ်ခတ်ရှင်းလင်းခံရဆိုတဲ့ သတင်းတု

ပြည်ထောင်စုကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုရေးပါတီ(USDP) ဥက္ကဌ ဦးခင်ရီ မုံရွာက အစည်းအဝေးခန်းမရှေ့မှာပဲ အနီးကပ် ပစ်ခတ်ရှင်းလင်းခံရတယ်လို့ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု အွန်လိုင်းအသုံးပြုသူတွေအကြား ပျံနှံ့မှုအားကောင်းခဲ့ပါတယ်။  သတင်းတုဖြန့်ချိနေခြင်းဖြစ်ပါတယ်။ ဦးခင်ရီ ပစ်သတ်ခံရခြင်းမရှိပါဘူး။  အောက်ပါစရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ ဗွီဒီယိုဖြစ်ပါတယ်။ ဗွီဒီယိုအစမှာပြတဲ့ Thumbnail ဓာတ်ပုံထဲမှာ ပြည်ထောစုကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုရေးပါတီ(USDP) ဥက္ကဌ ဦးခင်ရီ မုံရွာမြို့က အစည်းအဝေးခန်း မရှေ့မှာ အနီးကပ်ပစ်ခတ်ရှင်းလင်းခံရတယ်လို့ ရေးသားပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link တူညီတဲ့ရေးသားဖြန့်ဝေမှုကို ယူကျူ့ရဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဗွီဒီယိုခေါင်းစီးစာသားနဲ့ ဗွီဒီယိုအစမှာပြတဲ့ Thumbnail ဓာတ်ပုံထဲမှာ ပြည်ထောင်စုကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုရေး ပါတီ(USDP) ဥက္ကဌ ဦးခင်ရီ မုံရွာက အစည်းအဝေးခန်းမရှေ့မှာ အနီးကပ်ပစ်ခတ်ရှင်းလင်းခံရတယ်လို့ ရေးသားထားပေမဲ့ […]

Continue Reading

Fact Check: မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တစ်ဖွဲ့လုံး မင်းအောင်လှိုင်ကိုပုန်ကန်လိုက်ပြီဆိုတဲ့ သတင်းတု

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တစ်ခုလုံးလက်နက်ချပြီး အာဏာပြန်မလွှဲမချင်း ဖျက်သိမ်းကာ စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုပုန်ကန်လိုက်ပြီဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု အွန်လိုင်းအသုံးပြုသူတွေအကြားပျံ့နှံ့မှု အားကောင်းခဲ့ပါတယ်။ သတင်းတုတစ်ခုသာဖြစ်တယ်။ အောက်ပါစရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ယူကျူ့ဗွီဒီယိုတစ်ခုဖြစ်တယ်။  မူရင်းလင်ခ့် – Youtube link |  Archive link အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို  ဖေ့စ်ဘွတ်ရဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် တကယ်တော့ ဗွီဒီယိုပါအကြောင်းအရာဟာ ဧပြီ ၂၄ ရက်မှာပဲ ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ “ရေစကြိုမြို့နယ် ရဲစခန်းကို ၄၀ မမ ဗုံးသီး ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်၊ ထားဝယ်-ရေးလမ်းပေါ်ရှိ စစ်တပ်စစ်ဆေးရေး ဂိတ်ကို ပစ်ခတ်တိုက်ခိုက်”ဆိုတဲ့ သတင်းကို သတင်းခေါင်းစဉ်လွဲတပ်မျှဝေနေခြင်း ဖြစ်ပါတယ်။  ဧပြီလ ၂၃ ရက်က ရေစကြိုမြို့နယ် မြို့မရဲစခန်းကို ၄၀ မမ ဗုံးသီး […]

Continue Reading

Fact Check: အိန္ဒိယဝန်ကြီးချုပ်နဲ့ NUG တွေ့ဆုံမှုအပြီး သမ္မတ ဦးဝင်းမြင့်ပြန်လွတ် ဆိုတဲ့ သတင်းတု

ဧပြီလ ၂၃ ရက်နေ့က  အိန္ဒိယဝန်ကြီးချုပ်နဲ့အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)တို့တွေ့ဆုံမှုအပြီး ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ စစ်အာဏာသိမ်းမှုကတည်းက ဖမ်းဆီးထားတဲ့ သမ္မတ ဦးဝင်းမြင့်လွတ်ပြီဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့အကြားပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ သတင်းတုဖြန့်ချိ နေခြင်း ဖြစ်ပါတယ်။  ပျံ့နှံ့နေတဲ့ ယူကျူ့ဒီဗွီဒီယိုပို့စ်မှာ “၂၃ ရက် သမိုင်းတွင်တဲ့နေ့ အိန္ဒိယဝန်ကြီးချုပ်နဲ့NUGတွေ့ပြီ မြင့်ဆွေပြုတ်၊ သမ္မတဝင်းမြင့်လွှတ်”စသည်ဖြင့်ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Youtube link|  Archive link အချက်အလက်စိစစ်ချက် အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာ မိုဒီနဲ့ NUGတွေ့ဆုံမှု၊ သမ္မတဦးဝင်းမြင့်ပြန်လည်လွှတ်မြောက်မှု သတင်း ဖော်ပြချက် ကို သတင်းမီဒီယာလုပ်ငန်းအဓိကလုပ်ကိုင်တဲ့ သတင်းဌာနတွေမှာ ဖော်ပြချက်တွေမှာလည်း မတွေ့ရှိ သလို အမျိုးသားညီညွှတ်ရေးအစိုးရရဲ့ တရားဝင် NUG ဖေ့စ်ဘွတ်စာမျက်နှာမှာလည်း မတွေ့ရပါဘူး။ စစ်ကောင်စီထိန်း ချုပ်ထားတဲ့ မီဒီယာတွေမှာလည်း မတွေ့ရပါဘူး။ တကယ်တော့ ဗွီဒီယိုပါအကြောင်းအရာတွေဟာ ဘီဘီစီမြန်မာပိုင်းသတင်းဌာနကဖော်ပြခဲ့တဲ့ […]

Continue Reading