
ဧပြီလ ၂၃ ရက်နေ့က အိန္ဒိယဝန်ကြီးချုပ်နဲ့အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)တို့တွေ့ဆုံမှုအပြီး ၂၀၂၁ခုနှစ် ဖေဖော်ဝါရီ စစ်အာဏာသိမ်းမှုကတည်းက ဖမ်းဆီးထားတဲ့ သမ္မတ ဦးဝင်းမြင့်လွတ်ပြီဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့အကြားပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ သတင်းတုဖြန့်ချိ နေခြင်း ဖြစ်ပါတယ်။
ပျံ့နှံ့နေတဲ့ ယူကျူ့ဒီဗွီဒီယိုပို့စ်မှာ “၂၃ ရက် သမိုင်းတွင်တဲ့နေ့ အိန္ဒိယဝန်ကြီးချုပ်နဲ့NUGတွေ့ပြီ မြင့်ဆွေပြုတ်၊ သမ္မတဝင်းမြင့်လွှတ်”စသည်ဖြင့်ရေးသားထားပါတယ်။

မူရင်းလင်ခ့် – Youtube link| Archive link
အချက်အလက်စိစစ်ချက်
အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာ မိုဒီနဲ့ NUGတွေ့ဆုံမှု၊ သမ္မတဦးဝင်းမြင့်ပြန်လည်လွှတ်မြောက်မှု သတင်း ဖော်ပြချက် ကို သတင်းမီဒီယာလုပ်ငန်းအဓိကလုပ်ကိုင်တဲ့ သတင်းဌာနတွေမှာ ဖော်ပြချက်တွေမှာလည်း မတွေ့ရှိ သလို အမျိုးသားညီညွှတ်ရေးအစိုးရရဲ့ တရားဝင် NUG ဖေ့စ်ဘွတ်စာမျက်နှာမှာလည်း မတွေ့ရပါဘူး။ စစ်ကောင်စီထိန်း ချုပ်ထားတဲ့ မီဒီယာတွေမှာလည်း မတွေ့ရပါဘူး။
တကယ်တော့ ဗွီဒီယိုပါအကြောင်းအရာတွေဟာ ဘီဘီစီမြန်မာပိုင်းသတင်းဌာနကဖော်ပြခဲ့တဲ့ “မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲကို အိန္ဒိယမှာ ကျင်းပဖို့ရှိ” ဆိုတဲ့ သတင်းတစ်ပုဒ်တည်းကို ပြန်လည်ဖတ်ကြား နေခြင်းသာဖြစ်ပါတယ်။

သုံးသပ်ချက်
အထက်ပါအချက်အလက်အရ ဘီဘီစီမြန်မာပိုင်းကဖော်ပြခဲ့တဲ့ မြန်မာအရေး အိန္ဒိယမှာဆွေးနွေးဆိုတဲ့ သတင်းကို ့ အိန္ဒိယဝန်ကြီးချုပ်နဲ့ NUG တို့တွေ့ဆုံမှုအပြီး သမ္မတဦးဝင်းမြင့်ပြန်လည်လွတ်မြောက်လာဆိုတဲ့ သတင်းခေါင်းစဉ်တုနဲ့ ဖြန့်ချိနေခြင်းဖြစ်တယ်။
ပြောဆိုချက်- အိန္ဒိယဝန်ကြီးချုပ်နဲ့ NUGတို့တွေ့ဆုံမှုအပြီး သမ္မတဦးဝင်းမြင်ပြန်လည်လွတ်မြောက်

Title:Fact Check: အိန္ဒိယဝန်ကြီးချုပ်နဲ့ NUG တွေ့ဆုံမှုအပြီး သမ္မတ ဦးဝင်းမြင့်ပြန်လွတ် ဆိုတဲ့ သတင်းတု
Fact Check By: Zun ZeeResult: False