Fact Check: NUG ရဲ့ နိုင်ငံမဲ့တွေအဖြစ် ဘန်ကီမွန်းဝေဖန်ဆိုတဲ့ သတင်းတု

ကုလအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာဘန်ကီမွန်းက NUG ကိုနိုင်ငံမဲ့တွေအဖြစ် ပြန်လည်တုန့်ပြန်ခဲ့ တယ်ဆိုပြီးဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့အကြားဖြန့်ဝေနေတာဟာ သတင်းတုဖြစ်ပါတယ်။ မြန်မာစစ်တပ် ခေါင်းဆောင်နဲ့ တွေ့ဆုံမှုကို ဝေဖန်ခဲ့တဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ကို မစ္စတာ ဘန်ကီမွန်းက အခုလိုပြန်ပြောခဲ့တာလို့လည်း ဖြန့်ဝေမှုမှာရေးသားထားပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက် မစ္စတာဘန်ကီမွန်းဟာ ဧပြီ ၂၃ ရက်နေ့ ဧပြီ ၂၄ ရက်အထိ နေပြည်တော်ကိုလာရောက်ပြီး မြန်မာစစ်တပ်ခေါင်း ဆောင်နဲ့တွေ့ဆုံခဲ့တာမှာ  ဒေါ်အောင်ဆန်းစုကြည်ကို အာဏာပြန်လွှဲဖို့အတွက်သဘောတူညီမှုရရှိခဲ့တယ်ဆိုပြီး တော့လည်း သတင်းတုဖြန့်ဝေခဲ့ပါသေးတယ်။ Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်ကို ဒီလင့်ခ်မှာဖတ်ပါ။ နေပြည်တော်ကိုရောက်လာပြီး မြန်မာစစ်တပ်ခေါင်းဆောင်နဲ့တွေ့ဆုံခဲ့တဲ့ မစ္စတာဘန်ကီမွန်းကို လူမိုက် ကိုပွဲထုတ်နေခြင်းလို့ NUG က ဝေဖန်ပါတယ်။ မစ္စတာဘန်ကီမွန်းရဲ့ ခရီးစဉ်ဟာ ကြိုတင်စီစဉ်ခဲ့တာဆိုပေမဲ့ […]

Continue Reading

Fact Check: ICJ က မြန်မာစစ်တပ်ခေါင်းဆောင် ၂ ဦးကို ဖမ်းဝရမ်းထုတ်တဲ့ သတင်းတု

ICJ က မြန်မာစစ်တပ်ထိန်တန်းခေါင်းဆောင် ၂ ဦးဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဒုတိယဗိုလ် ချုပ်မှူးကြီး စိုးဝင်းကို ဖမ်းဝရမ်းထုတ်လိုက်တယ်ဆိုတဲ့ သတင်းတု ဗွီဒီယိုပို့စ်တစ်ခု ယူကျူ့မှာ ကြည့်ရှု့မှု များပြားလျက်ရှိပါတယ်။  ဗွီဒီယိုခေါင်းစီးစာသားနေရာမှာ “စစ်ခေါာင်းဆောင်နှစ်ဦး ICJ ဖမ်းဝရမ်းထုတ်ပြီ”(မူရင်းအရေးသား)လို့ရေးထား သလို ဗွီဒီယိုထဲမှာတော့ “မအလနဲ့ စိုးဝင်းတို့နှစ်ဦးအား နိုင်ငံတကာရာဇဝတ်ခုံရုံးမှ ဖမ်းဝရမ်းထုတ်လိုက်ပြီ”လို့ လည်း ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Youtube link |  Archive link အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို  ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် အပြည်ပြည်ဆိုင်ရာ တရားရုံး(International Court of Justice- ICJ)မှာ မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှုတားဆီးကာကွယ်ရန်ပျက်ကွက်မှုနဲ့ ၂၀၁၉ ခုနှစ်က တရားစွဲဆိုခဲ့ပါတယ်။ အဓိကအားဖြင့် ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ […]

Continue Reading