Fact Check: NUG ရဲ့ နိုင်ငံမဲ့တွေအဖြစ် ဘန်ကီမွန်းဝေဖန်ဆိုတဲ့ သတင်းတု
ကုလအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာဘန်ကီမွန်းက NUG ကိုနိုင်ငံမဲ့တွေအဖြစ် ပြန်လည်တုန့်ပြန်ခဲ့ တယ်ဆိုပြီးဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့အကြားဖြန့်ဝေနေတာဟာ သတင်းတုဖြစ်ပါတယ်။ မြန်မာစစ်တပ် ခေါင်းဆောင်နဲ့ တွေ့ဆုံမှုကို ဝေဖန်ခဲ့တဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ကို မစ္စတာ ဘန်ကီမွန်းက အခုလိုပြန်ပြောခဲ့တာလို့လည်း ဖြန့်ဝေမှုမှာရေးသားထားပါတယ်။
မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
မစ္စတာဘန်ကီမွန်းဟာ ဧပြီ ၂၃ ရက်နေ့ ဧပြီ ၂၄ ရက်အထိ နေပြည်တော်ကိုလာရောက်ပြီး မြန်မာစစ်တပ်ခေါင်း ဆောင်နဲ့တွေ့ဆုံခဲ့တာမှာ ဒေါ်အောင်ဆန်းစုကြည်ကို အာဏာပြန်လွှဲဖို့အတွက်သဘောတူညီမှုရရှိခဲ့တယ်ဆိုပြီး တော့လည်း သတင်းတုဖြန့်ဝေခဲ့ပါသေးတယ်။ Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်ကို ဒီလင့်ခ်မှာဖတ်ပါ။
နေပြည်တော်ကိုရောက်လာပြီး မြန်မာစစ်တပ်ခေါင်းဆောင်နဲ့တွေ့ဆုံခဲ့တဲ့ မစ္စတာဘန်ကီမွန်းကို လူမိုက် ကိုပွဲထုတ်နေခြင်းလို့ NUG က ဝေဖန်ပါတယ်။ မစ္စတာဘန်ကီမွန်းရဲ့ ခရီးစဉ်ဟာ ကြိုတင်စီစဉ်ခဲ့တာဆိုပေမဲ့ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာကို စစ်တပ်က လေကြောင်းက ဗုံးကြဲလို့ ကလေးသူငယ်နဲ့ အမျိုးသမီးတွေအပါအဝင် လူ၁၇၀ ကျော်သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်အပြီး သီတင်း ၂ ပတ်အတွင်းမှာ ပေါ်ထွက်လာ တာမို့ ပိုမိုဝေဖန်ခံနေရပါတယ်။ မစ္စတာဘန်ကီမွန်းကနေ ဒီလိုဝေဖန်မှုကို ပြန်လည်တုန့်ပြန်ချက် တစ်စုံတစ်ရာမရှိပါဘူး။ သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်ကို ဒီနေရာမှာ ကြည့်ပါ။ အခုလိုပြန်ပြောခဲ့တာလို့လည်း သတင်းအရင်းမြစ်အပါအဝင် သတင်းမီဒီယာလုပ်ငန်းအဓိကလုပ်ကိုင်တဲ့ သတင်းဌာနတွေမှာဖော်ပြချက် မတွေ့ရပါဘူး။
သုံးသပ်ချက်
နေပြည်တော်မှာ မြန်မာစစ်တပ်ခေါင်းဆောင်ကိုလာတွေ့ခဲ့တဲ့ခရီးစဉ်နဲ့ပတ်သက်ပြီး ဝေဖန်ခဲ့တဲ့ NUG ကို ဘန်ကီမွန်းက နိုင်ငံမဲ့တွေအဖြစ်ပြန်လည်ပြောဆိုတယ်ဆိုတာ သတင်းတုဖြန့်ချိနေခြင်းဖြစ်ပြီး အထောက်အထားတစုံတရာမရှိပါဘူး။
ပြောဆိုချက်- NUG ကိုနိုင်ငံမဲ့တွေအဖြစ် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း မစ္စတာဘန်ကီမွန်းက ပြောဆို
Title:Fact Check: NUG ရဲ့ နိုင်ငံမဲ့တွေအဖြစ် ဘန်ကီမွန်းဝေဖန်ဆိုတဲ့ သတင်းတု
Fact Check By: Zun ZeeResult: False