Fact Check: အမေရိကန်မှာ ငွေထုတ်မရလို့ ဘဏ်တွေကို ဆန္ဒပြနေပုံလား-မဟုတ်ပါ

အမေရိကန်မှာ ငွေထုတ်မရလို့ ဘဏ်တွေကို ဆန္ဒပြနေတယ်လို့ဆိုတဲ့ ဓာတ်ပုံပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြုသူတွေရဲ့ အကြားပျံ့နှံ့ခဲ့တာဟာ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားတစ်ခုသာဖြစ်ပါတယ်။  အောက်ပါစရင်ရှော့ဓာတ်ပုံကတော့ ဖေ့စ်ဘွတ်မှာပျံ့နှံ့ခဲ့တဲ့ ပို့စ်ပဲဖြစ်ပါတယ်။ “US မှာတော့ ဘဏ်တွေမှာ ပိုက်ဆံလိုသလောက် ထုတ်မရလို့ ဆန္ဒပြကြပြီ”စသည်ဖြင့်ရေးသားပြီး ဓာတ်ပုံ ၄ ပုံနဲ့အတူဖြန့်ချိနေခြင်းဖြစ်ပါတယ်။ ဓာတ်ပုံထဲမှာတော့ ဘဏ်နဲ့ ငွေကြေးအဖွဲ့အစည်းတွေရဲ့ နာမည်တွေ ရေးသားထားတဲ့ ဆိုင်းဘုတ်တွေကို ဆန္ဒပြသူတွေက ကိုင်ဆောင်ထားပါတယ်။ မြန်မာနိုင်ငံမှာ ဘဏ်တွေကမောက်ကမဖြစ်အောင်လုပ်ခဲ့တဲ့ အမေရိကန် အခု တန်ပြန်သက်ရောက်မှုဒဏ်ကိုခံစားနေရ ပြီလို့လည်း ဒီပို့စ်ကဆိုပါတယ်။ တကယ်တော့ ဒီဓာတ်ပုံတွေဟာ ပြီးခဲ့တဲ့ ၁၀စုနှစ်တစ်ခုကျော်က ဘဏ္ဏာရေးအကြပ်အတည်း ဖြစ်စဉ်တွေနဲ့ သက်ဆိုင်တဲ့ ဓာတ်ပုံတွေဖြစ်ပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link တူညီတဲ့ရေးသားဖြန့်ဝေမှုကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာနဲ့ […]

Continue Reading

Fact Check: အမေရိကန်သံရုံးကို စီးနင်းခံရတယ်ဆိုတဲ့သတင်းတု

အမေရိကန်သံရုံးကို ဝင်ရောက်စီးနင်းခံရတယ်ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြု သူတွေအကြား ပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ နားလည်မှုလွဲမှားစေနိုင်တဲ့ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ ဖေ့စ်ဘွတ်မှာပျံ့နှံ့ခဲ့တဲ့ ဗွီဒီယိုပို့စ်တစ်ခုပဲဖြစ်ပါတယ်။ တူညီတဲ့ရေးသားဖြန့်ဝေမှုကို  ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ ခေတ်သစ်သတင်းဌာနကနေ ဒီသတင်းကို ကြေညာခဲ့တာဖြစ်ပြီး အခြားသောသံရုံတွေကိုလည်း လိုက်သိမ်းနေပြီလို့လည်း ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက် ပို့စ်စာသားနဲ့ ဗွီဒီယိုအစမှာ အမေရိကန်သံရုံးဝင်စီးခံရပြီး အခြားသောသံရုံတွေကိုလည်း မြန်မာစစ်တပ်က လိုက်သိမ်းနေပြီလို့ ခေတ်သစ်သတင်းဌာနက ကြေညာတယ်လို့ဆိုထားပေမဲ့ ဒီသတင်းကို‌ဖော်ပြခဲ့ တာမျိုးမရှိတာ တွေ့ရပြီး ထင်ယောင်ထင်မှားဖြစ်အောင် လုပ်ကြံရေးသားထားခြင်းဖြစ်ပါတယ်။ ခေတ်သစ်သတင်းဌာနက ဗွီဒီယို အစီအစဉ်တင်ဆက်မှုကို ဒီနေရာမှာတွေ့နိုင်ပါတယ်။ ထို့အပြင် အခုလို သံရုံးဝင်စီးခံရတယ်ဆိုတဲ့ ဗွီဒီယိုပါအသံဖိုင်မှာတော့ စစ်တပ်ထောက်ခံသူ မင်းတေဇာညွန့်တင် ပစ်ခတ်ခံရပြီး သေဆုံးမှုနဲ့ပတ်သက်တဲ့အကြောင်းအရာ၊ မုံရွာခရိုင် […]

Continue Reading