Fact Check: ဒေါ်စုနဲ့ သမ္မတကို လွှတ်ပေးဖို့ တရုတ်ကို ဦးသန်းရွှေ ကတိပေးလို့ စစ်တပ်က ဖမ်းဆီးဆိုတဲ့ သတင်းတု

ဒေါ်စုနဲ့ သမ္မတကို လွှတ်ပေးဖို့ တရုတ်ကို ကတိပေးလို့ အရင်အာဏာရှင်ဟောင်း ဦးသန်းရွှေကို စစ်တပ်က ဖမ်းဆီးလိုက်ပြီးနောက် တပ်တွင်းမှာ ပွတ်လောရိုက်ကုန်ပြီဆိုတဲ့ သတင်းတုဗွီဒီယိုပို့စ်တစ်ခု အွန်လိုင်း အသုံးပြုသူတွေရဲ့အကြားပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစရင်ရှော့ကတော့ အွန်လိုင်းအသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ယူကျူ့ဗွီဒီယို တစ်ခုဖြစ်တယ်။ ဒီဗွီဒီယိုကို လက်ရှိအချိန်အထိ ကြည့်ရှူ့မှုပေါင်း ၄၀၀၀၀ ကျော်ရှိပါတယ်။ တူညီတဲ့ရေးသားဖြန့်ဝေမှုကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက် ဗွီဒီယိုထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကို ပြန်လွှတ်ဖို့  အရင်စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ က တရုတ်ကို ကတိပေး၊ ဒီလိုကတိပေးလို့ စစ်တပ်က ဖမ်းဆီးလိုက်တယ်၊  ဦးသန်းရွှေကို ထောက်ခံတဲ့သူတွေက လက်ရှိအာဏာသိမ်း‌ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုက်ကို မကျေမနပ်ဖြစ်ကြတယ်စသည်ဖြင့် ရေးသားထားပေမဲ့ ဒီအချက်အလက်တွေနဲ့ […]

Continue Reading

Fact Check: မေလလယ်မှာ အကျဉ်းသား ၄၅၀၀ ထပ်လွှတ်မယ်လို့ စစ်ခေါင်းဆောင် ကြေညာဆိုတဲ့ နားလည်မှုလွဲစေနို်ငတဲ့သတင်း

မေ ၁၅ ရက်မှာ အကျဉ်းသား ၄၅၀၀ ထပ်လွှတ်မယ်လို့ စစ်ခေါင်းဆောင် ကြေညာလိုက်တယ်ဆိုတဲ့ ဗွီဒီယိုတစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့အကြားပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ မေ ၃ ရက်က ၅၀၅(က)နဲ့တရားစွဲခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားအချို့ ပြန်လွှတ်ပေးတဲ့သတင်းကို နားလည်မှုလွဲစေနိုင်တဲ့ သတင်းခေါင်းစဉ်တုနဲ့ ဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုဖြစ်တယ်။ “မေလ (၁၅) ရက်နေ့မှာ အကျဉ်းသား (၄၅၀၀) ထပ်မံလွှတ်ပေးမယ်တဲ့ဟေ့”လို့ ဗွီဒီယိုခေါင်းစီးစာသားမှာဖော်ပြထားသလို ဗွီဒီယိုထဲမှာ  “(၄) ရက်နေ့ ဧရာမ လေသံကြီးပါလား မေလ (၁၅) ရက်နေ့မှာ အကျဉ်းသား (၄၅၀၀) ထပ်မံ လွှတ်ပေးမည်ဟု ကြွေးကြော်ပြန်”စသည့်ဖြင့်‌ရေးသားပြီး “Burma Voice Tv”အမည်နဲ့ ယူကျူ့အကောင့်မှာ မေ ၄ ရက်က မျှဝေထားတာအောက်ပါအတိုင်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Youtube link |  […]

Continue Reading

Fact Check: သမ္မတကြီးဦးဝင်းမြင့်လွတ်ငြိမ်းချမ်းသာခွင့်ရတဲ့သတင်းမှား

မေ ၁ ရက်က သမ္မတဦးဝင်းမြင့် လွတ်ငြိမ်းချမ်းသာခွင့်ရခဲ့တယ်လို့ဆိုတဲ့ ဗွီဒီယို အွန်လိုင်း အသုံးပြုသူတွေ အကြားပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ သတင်းမှားတစ်ခုသာဖြစ်ပါတယ်။ ဒီဗွီဒီယိုထဲအစမှာ သမ္မတဦးဝင်းမြင့်ကို ဒုတိယသမ္မတတွေဖြစ်တဲ့ ဦးမြင့်ဆွေနဲ့ ဦးဟင်နရီဗန်ထီးယူတို့က လက်ဆွဲနှုတ်ဆက်နေပုံနဲ့အတူ “ ၁ ရက်နေ့ သမ္မတ ဝင်းမြင့် လွှတ်ငြိမ်းချမ်းသာခွင့်ရလို့ ကြိုဆိုနေကြပြီ”ဆိုပြီး တော့ ရေးသားထားပါတယ်။ အောက်ပါ စရင်ရှော့ကတော့ ၂၀၂၃ ခုနှစ် မေ၁ ရက်က ဖြန့်ဝေထားတဲ့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုတစ်ခုဖြစ်ပါတယ်။ မူရင်းလင်ခ့် – Youtube link |  Archive link တူညီတဲ့ရေးသားဖြန့်ဝေမှုကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဗွီဒီယိုအစမှာ သမ္မတဦးဝင်းမြင့် လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာပြီလို့ရေးသားထားပေမဲ့ ၂ မိနစ် ၄၇ စက္ကန့်ရှည်လျားတဲ့ ဒီဗွီဒီယိုတစ်ခုလုံးမှာ […]

Continue Reading

Fact Check: D-Day ဒုတိယအဆင့် NUG သမ္မတ ကြေညာပြီး ရိက္ခာစုထားဖို့ တိုက်တွန်းဆိုတဲ့ သတင်းတု

D-Day ဒုတိယအဆင့် NUG သမ္မတကြေညာပြီး တစ်နိုင်ငံလုံး ရိက္ခာစုထားဖို့ တိုက်တွန်းဆိုတဲ့ သတင်းတု ဗွီဒီယိုတစ်ခု အွန်လိုင်းအသုံးပြုသူတွေရဲ့အကြားပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ “7days Media” အမည်နဲ့ ယူကျူ့ချန်နယ်ကမျှဝေထားပြီး ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ဗွီဒီယိုမှာ “ဒုတိယ အဆင့်မြင့် D-Day ကြေညာ စားနပ်ရိက္ခါ စုဆောင်းထားကြရန် တစ်နိုင်ငံလုံး အရေးကြီးကြေညာ”ဆိုပြီးတော့ NUG သမ္မတ ဓာတ်ပုံနှင့်အတူ မျှဝေထားတာဖြစ်ပါတယ်။ မူရင်းလင်ခ့် – Youtube link |  Archive link တူညီတဲ့ရေးသားဖြန့်ဝေမှုကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် သတင်းခေါင်းစဉ်လွဲနဲ့ မီဒီယာအချို့မှာဖော်ပြခဲ့တဲ့ စာသားသတင်းအချို့ကို ဗွီဒီယိုပုံစံပြောင်းလဲပြီး ကူးယူ ဖော်ပြနေခြင်းဖြစ်ပါတယ်။ တကယ်တော့ ဗွီဒီယိုပါအကြောင်းအရာဟာ “NUG ခေါင်းဆောင်ပိုင်းက စစ်အာဏာရှင်တော်လှန်ရေး အရှိန်မြှင့်ဖို့ အချိန်ကျပြီ”ဆိုတဲ့ ဧရာဝတီတိုင်းမ်သတင်းဌာနက […]

Continue Reading

Fact Check: KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ထိုင်းနိုင်ငံ ဘန်ကောက်မှာ သေဆုံးတဲ့ သတင်းမှား

KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုး ထိုင်းနိုင်ငံ ဘန်ကောက်ဆေးရုံမှာ ဆုံးပြီဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့အကြားပျံ့နှံ့မှု့အားကောင်းခဲ့ပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တာတွေ့ရပါတယ်။ ဧပြီ ၁၉ ရက်က ဖြန့်ဝေထားတဲ့ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ဗွီဒီယိုကိုအောက်ပါအတိုင်းတွေ့ရပါတယ်။ ဗွီဒီယိုထဲမှာ စစ်တပ်ခေါင်းဆောင်နဲ့ KNU ဥက္ကဌ တွဲထိုင်နေတဲ့ ဓာတ်ပုံ၊ ဆေးရုံကုတင်ပေါ်တင်ထားရတဲ့ KNU ဥက္ကဌရဲ့ ဓာတ်ပုံတွေပါဝင်ပြီး “၁၉ ရက်နေ့ ၊ သေမင်းခေါ်ပြီဗျို့၊ မင်းအောင်လှိုင်နဲ့ ပေါင်းစားနေတဲ့ KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးဆေးဖိုး ထိုင်းနိုင်ငံ ဘန်ကောက်ဆေးရုံမှာ ဆုံးပြီ”(မူရင်းအရေးအသား) လို့ ရေးသားထားပါတယ်။  ဗွီဒီယိုခေါင်းစီးစာသားမှာတော့ “#Up to Date :; ထိုင်းနိုင်ငံမှာ KNUဥက္ကဋ္ဌကြီး သေမင်းခေါ်တာ ခံရပြီဗျို့ #burma #သတင်း”ဆိုပြီး ရေးသားထားပါတယ်။  မူရင်းလင်ခ့် – […]

Continue Reading

Fact Check: အိုဘားမားနဲ့တွေ့ဆုံစဉ် ဂျပန်ဝန်ကြီးချုပ် မိုရီရဲ့ အင်္ဂလိပ်လို မှားယွင်း ပြောကြားချက်လား- တကယ်မဟုတ်ပါ

အင်္ဂလိပ်လို မပြောတတ်တဲ့ ဂျပန်ဝန်ကြီးချုပ်မိုရီဟာ အမေရိကန်သမ္မတ အိုဘားမားနဲ့တွေ့ဆုံစဉ်မှာ မှားမှားယွင်း ယွင်းပြောဆိုခဲ့တဲ့ တကယ်အဖြစ်အပျက်ဆိုပြီးတော့ ဓာတ်ပုံစာသားပို့စ်တစ်ခု ‌ မြန်မာဘာသာနဲ့ ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ တကယ်တော့ အမှန်တကယ်အဖြစ်အပျက် တစ်ခုမဟုတ်ဘဲ နိုင်ငံရေးဟာသတစ်ခုသာဖြစ်ပါတယ်။ အောက်ပါစရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ဖေ့စ်ဘွတ်ပို့စ်တစ်ခုဖြစ်ပါတယ်။ ဝန်ကြီးချုပ်မိုရီဟာ ဝါရှင်တန်ကိုသွား ရောက်ပြီး သမ္မတအိုဘားမားနဲ့မတွေ့ခင်မှာ အင်္ဂလိပ်လို အပြန်အလှန်ပြောဆို နှုတ်ဆက်တဲ့ စကားပြောကို သင်ယူခဲ့ပြီး “Who”နဲ့ “How”မှားယွင်းပြောကြားမိတာကြောင့် ဟာသဖြစ်ခဲ့ရသလို အရှက်တကွဲဖြစ်ခဲ့ရတဲ့ အကြောင်းရေးသားထားတာဖြစ်ပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link အလားတူ တူညီတဲ့ရေးသားဖြန့်ဝေမှုကို  ဒီနေရာမှာလည်း တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် ဖြန့်ဝေထားတဲ့ ပို့စ်အောက်မှာ ဒီဖြစ်စဉ်တကယ်မဟုတ်ဘဲ ဟာသဖြစ်တဲ့အကြောင်းမှတ်ချက်ပေးကြတာ တွေ့ရပါတယ်။ ပထမဆုံး အမေရိကန်သမ္မတအိုဘားမားနဲ့ ဂျပန်မှာ […]

Continue Reading