Fact Check: လိင်ဆံဆက်ခြင်းကို အားကစားတစ်ခုအဖြစ် ဆွီဒင်က တရားဝင်လက်ခံ သလား-မဟုတ်ပါ
ဆွီဒင်နိုင်ငံဟာ လိင်ဆက်ဆံခြင်းကို အားကစားအဖြစ် တရားဝင်သတ်မှတ်ပေးလိုက်ပြီဖြစ်ပြီး European Sex Championship ပြိုင်ပွဲကို ဇွန် ၈ ရက်နေ့မှာ ကျင်းပပေးသွားတော့မှာဖြစ်တယ်လို့ဆိုပြီး ဖြန့်ဝေမှုတွေ ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်ပါစာသားကတော့ ဇွန် ၅ ရက်ကစတင်ပျံ့နှံ့လာတဲ့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသား ကောက်နုတ် ချက်ဖြစ်ပါတယ်။ ဆွီဒင်နိုင်ငံဟာ လိင်ဆက်ဆံမှုကို အားကစားတစ်ခုအဖြစ် တရားဝင်အတည်ပြုလိုက်ကြောင်းနဲ့ လိင်ဆက်ဆံခြင်းကို အားကစားတစ်ခုအနေနဲ့ ကြေညာတဲ့ ကမ္ဘာ့ပထမဆုံးသော နိုင်ငံဖြစ်လာကြောင်းနဲ့ လိင်ဆက်ဆံပြိုင်ပွဲတွေကို ဇွန် ၈ ရက်မှာ ပြုလုပ်သွားဖို့ရှိကြောင်းနဲ့ ဥရောပနိုင်ငံပေါင်း ၂၀ က ပါဝင်ယှဉ်ပြိုင်ဖို့ စာရင်းပေးထားပြီး ဖြစ်ကြောင်းရေးသားထားပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အလားတူ ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း […]
Continue Reading