Fact Check: မှတ်ချက်မပါသော ငွေလွှဲများအတွက် KPay အကောင့် ပိတ်ခံရမယ်ဆိုတဲ့ သတင်းမှား

ငွေလွှဲရာမှာ မှတ်ချက်မပါသော အွန်လိုင်းငွေလွှဲပြောင်းမှုတွေကို ကမ္ဘောဇဘဏ်(KBZ)က ပိတ်ပင်တော့မယ်ဆိုပြီး ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိတာဟာ သတင်းမှားတစ်ခုသာဖြစ်ပါတယ်။ ကမ္ဘောဇဘဏ်ဟာ မြန်မာနိုင်ငံမှာ လူသုံးအများဆုံးဘဏ်တစ်ခုဖြစ်ပြီး KBZ Pay ဟာလည်း စမတ် ဖုန်းကတစ်ဆင့် ငွေပေးချေးမှုများအတွက် နာမည်ကြီးပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်တစ်ခုကို စခရင်ရှော့ရိုက်ထားခြင်းဖြစ်တယ်။ အလားတူတဲ့ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Fb link  | Archive link Kbz pay အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာလည်း မေ ၂၇ ရက်ကစပြီး ဒီအကြောင်းအရာကို ဆက်တိုက်ဆိုသလို ရေးသားမျှဝေနေတာတွေ့ရပါတယ်။ မေ ၂၇ ရက် ညနေ ၆ နာရီမှာ ယနေ့ညနေကစပီး “kbzpay ( Note update ) […]

Continue Reading

Fact Check: လိင်ဆံဆက်ခြင်းကို အားကစားတစ်ခုအဖြစ် ဆွီဒင်က တရားဝင်လက်ခံ သလား-မဟုတ်ပါ

ဆွီဒင်နိုင်ငံဟာ လိင်ဆက်ဆံခြင်းကို အားကစားအဖြစ် တရားဝင်သတ်မှတ်ပေးလိုက်ပြီဖြစ်ပြီး European Sex Championship ပြိုင်ပွဲကို ဇွန် ၈ ရက်နေ့မှာ ကျင်းပပေးသွားတော့မှာဖြစ်တယ်လို့ဆိုပြီး ဖြန့်ဝေမှုတွေ ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်ပါစာသားကတော့ ဇွန် ၅ ရက်ကစတင်ပျံ့နှံ့လာတဲ့  ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသား ကောက်နုတ် ချက်ဖြစ်ပါတယ်။ ဆွီဒင်နိုင်ငံဟာ လိင်ဆက်ဆံမှုကို အားကစားတစ်ခုအဖြစ် တရားဝင်အတည်ပြုလိုက်ကြောင်းနဲ့ လိင်ဆက်ဆံခြင်းကို အားကစားတစ်ခုအနေနဲ့ ကြေညာတဲ့ ကမ္ဘာ့ပထမဆုံးသော နိုင်ငံဖြစ်လာကြောင်းနဲ့ လိင်ဆက်ဆံပြိုင်ပွဲတွေကို ဇွန် ၈ ရက်မှာ  ပြုလုပ်သွားဖို့ရှိကြောင်းနဲ့ ဥရောပနိုင်ငံပေါင်း ၂၀ က ပါဝင်ယှဉ်ပြိုင်ဖို့ စာရင်းပေးထားပြီး ဖြစ်ကြောင်းရေးသားထားပါတယ်။   မူရင်းလင်ခ့် – Fb link  | Archive link အလားတူ ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း […]

Continue Reading

Fact Check: ဇွန် ၁ ရက်နေ့ ကျောင်းဖွင့်ချိန် ဗုံးပေါက်လို့ ဆရာ၊ဆရာမ ၃၀ ကျော်သေဆုံးတဲ့ သတင်းတု

ဇွန်လ (၁) ရက်နေ့ ကျောင်းဖွင်းချိန် ရန်ကုန်နဲ့ မန္တလေးမှာ ဗုံးပေါက်ကွဲလို့ ဆရာ၊ဆရာမ ၃၀ ကျော်သေဆုံး တယ်ဆိုတဲ့ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ ရေးသားမျှဝေမှုကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာနဲ့ ဒီနေရာမှာလည်း ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Youtube link | Archive link အချက်အလက်စိစစ်ချက် စစ်ကောင်စီ လက်အောက်ကကျောင်းဖွင့်ချိန်ကို အကြောင်းပြုပြီး လူစိတ်ဝင်စားဖွယ် သတင်းခေါင်းစဉ်လွဲတပ်ပြီး မီဒီယာအချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို မျှဝေနေခြင်းဖြစ်တယ်။ တကယ်တော့ ဗွီဒီယိုထဲမှာ အခုလို ဗုံးပေါက်ကွဲမှုကြောင့် ဆရာ၊ဆရာမ ၃၀ ဦးသေဆုံးတဲ့ သတင်းမပါဝင်ပါဘူး။ သတင်းလုပ်ငန်းအဓိက လုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး ထို့အပြင် ဗွီဒီယိုပါအကြောင်းအရာတွေဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ “ဇွန် […]

Continue Reading