Fact Check: အာဇာနည်နေ့ ဗုံးပေါက်ကွဲမှု လူ ၈၀ ကျော်သေဆုံးတဲ့ သတင်းတု

အာဇာနည်ဗိမာန် ဗုံးပေါက်ကွဲမှု လူ ၈၀ ကျော်သေဆုံးတယ်ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေကြား ဖြန့်ဝေလျှက်ရှိတာဟာ သတင်းတုသာဖြစ်တယ်။ အောက်ပါဓာတ်ပုံကတော့ “Thit News”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဖော်ပြခဲ့တဲ့ ဖေ့စ်ဘွတ်ပို့စ်ကို စခရင်ရှော့ရိုက်ထားတဲ့ ဓာတ်ပုံဖြစ်ပါတယ်။ အာဇာနည်နေ့မှာ PDF တွေ ရန်ကုန် ဝင်စီးပြီး ဗုံး ၅ လုံးပေါက် ကွဲခဲ့တယ်လို့  ဒီစာမျက်နှာကပဲ နောက်ထပ် ရေးသားမျှဝေခဲ့ပါသေးတယ်။ ဒီနေရာမှာကြည့်ပါ။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည် ၉ ဦးကျဆုံးခဲ့တဲ့ ဇူလိုင် ၁၉ ရက်မှာ အောက်မေ့ဖွယ်အခမ်းအနားအနေနဲ့ စစ်ကောင်စီက သူတို့ ထိန်းချုပ်တဲ့ မြို့တွေမှာ အခမ်းအနားလုပ်သလို အမျိုးသားညီညွှတ်ရေး အစိုးရလက်အောက်ခံ […]

Continue Reading

Fact Check: လူငယ်ဗေဒင်ဆရာ လင်းညို့တာရာအဖမ်းခံရဆိုတဲ့ သတင်းမှား

လူငယ်ဗေဒင်ဆရာ လင်းညို့တာရာ ဒုတိယအကြိမ် အဖမ်းခံရတယ်ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ် အသုံးပြု သူတွေ အကြား ပျံ့နှံ့မှု အားကောင်းလျှက်ရှိတာဟာ သတင်းမှားတခုသာဖြစ်ပြီး စစ်ကောင်စီဘက်က မှားယွင်းဝါဒဖြန့် နေခြင်းသာဖြစ်တယ်လို့ ဗေဒင်ဆရာ လင်းညို့တာရာက အတည်ပြုထားပါတယ်။ စစ်ကောင်စီထိန်းချုပ်ထားတဲ့ သတင်းစာတွေကို ကိုးကားပြီး ဗေဒင်ဆရာ လင်းညို့တာရာ ဒုတိယအကြိမ်အဖမ်းခံရကြောင်း သတင်းမီဒီယာအချို့က ဖော်ပြပါတယ်။စစ်ခေါင်းဆောင်ကို ကြိမ်စာတိုက် အစီအမံတွေလုပ်တယ်ဆိုပြီး အာဏာသိမ်းအပြီးရက်ပိုင်းအတွင်းမှာပဲ တောင်ဥက္ကလာပ၊ ၇ ရပ်ကွက်မှာနေတဲ့ လူငယ်ဗေဒင်ဆရာ လင်းညို့တာရာကို စစ်တပ်ဖမ်းဆီးပြီး ထောင် ၂ နှစ်ချခဲ့ပါတယ်။ သူဟာ မကြာသေးခင်ကမှ ပြန်လွတ်လာတာပါ။  အောက်ပါစာသားတွေကတော့ ဖေ့စ်ဘွတ်မှာ ဖြန့်ဝေထားတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “လင်းညို့တာရာကို ထပ်မံဖမ်းဆီးသွားပြီ” တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Fb link […]

Continue Reading

Fact Check: နေပြည်တော်ကောင်စီရုံး PDF ဝင်စီး၊ ဗိုလ်ချုပ် ၅ ဦးပစ်သတ်ခံရတဲ့ သတင်းတု

နေပြည်တော်ကောင်စီရုံး PDF ဝင်စီးပြီး ဗိုလ်ချုပ် ၅ ဦးပစ်သတ်ခံရမှု ဗွီဒီယိုလို့ဆိုထားတဲ့ ပို့စ်တစ်ခုယူကျူ့မှာ ကြည့်ရှူ့မှုများပြားလျက်ရှိတယ်။ တကယ်တော့ မီဒီယာတွေမှာဖော်ပြခဲ့တဲ့ သတင်းအချို့ကို ခေါင်းစဉ်တု တပ်ထားတဲ့ ဗွီဒီယိုသာဖြစ်ပါတယ်။  အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ နေပြည်တော် စစ်ကောင်စီရုံးကို တိုက်ခိုက်ခဲ့တဲ့အကြောင်း သတင်းဖော်ပြချက် သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာဖော်ပြချက်မရှိပါဘူး။ တကယ်တော့ ဗွီဒီယိုပါအကြောင်းအရာဟာ လွတ်လပ်တဲ့ အာရှအသံမှာ ဇူလိုင် ၁၃ ရက်က သတင်းဖော်ပြချက်တွေဖြစ်တဲ့ “ငြိမ်းချမ်းရေးညီလာခံ ကျင်းပရေးကိစ္စ မဆွေးနွေးနိုင်ခဲ့ကြောင်း RCSS ပြော”၊ “ထိုင်း Move Forward Party ခေါင်းဆောင် ဝန်ကြီးချုပ်အဖြစ် တင်မြှောက်မခံရ”၊ ရန်ကုန်ခေတ်သစ်မီဒီယာကဖော်ပြခဲ့တဲ့ […]

Continue Reading

Fact Check: ထိုင်းမှာ ပီတာ ဝန်ကြီးချုပ်ဖြစ်လာနဲ့ MFP ပါတီဖျက်သိမ်းခံရမှု သတင်းတု

မြန်မာ့နွေဦးတော်လှန်ရေးနဲ့ မြန်မာအကြပ်အတည်းကို လူသိရှင်ကြားပြောကြားလေ့ရှိတာကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံက ရွေးကောက်ပွဲအနိုင်ရ MFP ပါတီကအဆိုပြုထားတဲ့ ဝန်ကြီးချုပ်လောင်း ပီတာလင်ဂျာရိုအရက်(Pita Limjaroenrat) နဲ့ ပတ်သက်တဲ့ပို့စ်တွေဟာ မြန်မာနိုင်ငံသားအွန်လိုင်း အသုံးပြုသူတွေကြား ရေပန်းစားပါတယ်။ ဒီလိုအခြေအနေမှာ ထိုင်းလွှတ်တော်မှာ MFP ပါတီက အဆိုပြုထားတဲ့ ပီတာ လင်ဂျာရိုအရက် ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံရကြောင်းအတည်ပြုဆိုတဲ့ ပို့စ်ဟာပျံ့နှံ့မှုအားကောင်းခဲ့ပါတယ်။ အောက်ပါစခရင်ရှော့ကတော့  ပီတာ ထိုင်းဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံရကြောင်း ထိုင်းလွှတ်တော်က ကြေညာ တဲ့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ဖြစ်တယ်။ ဇူလိုင် ၁၃ ရက်က မျှဝေထားရာမှာ ကြည့်ရှု့မှုပေါင်း ၃ သောင်းဝန်းကျင်ရှိပါတယ်။ မူရင်းလင်ခ့် – Youtube link  | Archive link နောက်ထပ်ပြောဆိုချက်ကတော့ အနိုင်ရ Move Forward Party- MFP […]

Continue Reading

Fact Check: “ဝ”တပ်ဖွဲ့အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ ထိုးစစ်ကြေညာတဲ့ သတင်းတု

မြောက်ပိုင်းမဟာမိတ်အင်အားစုတွေအပါအဝင်  တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ ထိုးစစ်ကြေညာတဲ့ သတင်းတု ဗွီဒီယို ပို့စ်တစ်ခု အွန်လိုင်းမှာ ဖြန့်ဝေလျှက်ရှိတာဟာ သတင်းတုသာဖြစ်တယ်။ ကချင်၊ကရင်က စစ်ရေးသတင်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးတွေ့ဆုံမှုသတင်းတွေကို ခေါင်းစဉ်တုတပ်မျှဝေနေ ခြင်းဖြစ်တယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “ဗမာ့ရုပ်မြင်သံကြားသတင်းဌာန၏ဇူလိုင်လ ၁၃ ရက်နေ့၊ မွန်းလွဲ ၂ နာရီအထုးသတင်း” လို့ရေးမျှဝေထားတဲ့ ဒီဗွီယိုထဲမှာ “Breaking News မြောက်ပိုင်း D-day ကြေညာပြီ KIA UWSA MNDAA TNLA AA KNDF CNF မအလ သေဖို့ပြင်ထားတော့ ပွဲစပြီ”စသည်ဖြင့်လည်း ရေးသားထားပါတယ်။ အလားတူ ရေးသားမျှဝေမှုကို ဒီနေရာမှာ လည်း ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Fb link | Archive […]

Continue Reading

Fact Check: ရန်ကုန်မြို့ကို KNU၊PDF ထိန်းချုပ်လိုက်ပြီဆိုတဲ့ သတင်းတု

ရန်ကုန်မြို့ကို KNU၊PDF ထိန်းချုပ်လိုက်ကြောင်း ဗိုလ်မှူးကြီး ၅ ဦး တိတ်တဆိတ်အဖမ်းခံလိုက်ရတယ်ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု အွန်လိုင်းအသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “(၉)ရက်နေ့ နံနက်ခင်းအထူးသတင်း မယုံဘူးပြောနေတဲ့ (ဘောမ)ကြည့်ထားကြ ရန်ကုန်မြို့ကို KNU ၊PDF ထိန်းလိုက်ပြီ ဗိုလ်မှူးကြီး(၅)ဦး တိတ်တဆိတ်ဖမ်းလိုက်ပြီ”လို့ရေးသားထားတာကို “Burmese Television”အမည်နဲ့ ယူကျူ့ ချန်နယ်ကနေဖြန့်ဝေထားတာဖြစ်ပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာမှာလည်း ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် ၇ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုဖိုင်ကို စိစစ်ကြည့်ရာမှာ ရန်ကုန်မြို့ကို KNU PDF ထိန်းချုပ်လိုက်ကြောင်း ဆိုတဲ့အကြောင်းကို ဖော်ပြသွားတာကို မတွေ့ရပါဘူး။ သတင်းလုပ်ငန်း အဓိကလုပ်ကိုင်နေတဲ့ ပြည်တွင်း မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။  အမှန်မှာတော့ […]

Continue Reading

Fact Check: ဖုန်းငွေဖြည့်ကတ်တွေမှာ ကင်ဆာဖြစ်စေတဲ့ ဓာတ်ပစ္စည်းတွေပါသလား-မဟုတ်ပါ

ခဲခြစ် ဖုန်းငွေဖြည့်ကတ်တွေမှာ ငွေရောင် နိုက်ထရိုအောက်စီဂျင်(Silver Nitro Oxygen)ပါဝင်လို့ ကင်ဆာဖြစ်စေ နိုင်တယ်ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေကြား ကြိမ်ဖန်များစွာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ တကယ်တော့ ဒီလို ဖုန်းငွေဖြည့်ကတ်မှာ ကင်ဆာဖြစ်စေနိုင်တယ် ဓာတ်ပါဝင်တယ်ဆိုတဲ့ အ‌ထောက်အထား မရှိပါဘူး။  အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်တယ်။  “အမေရိကားက Dr. Brian Berry ဆိုသူဟာ လူသားတွေ မှာ ဖြစ်နိုင်တဲ ကင်ဆာအသစ် တွေ့ရှိထားတယ်လို့ ဆိုပါတယ်။ ဖုန်းငွေဖြည့်ကဒ်တွေက ခဲသားတွေကို လက်သဲနဲ့ မခြစ်ပါနဲ့၊ အဲဒီမှာ အသားအရေကင်ဆာကို ဖြစ်စေနိုင်တဲ့ ဓာတ်တွေ ပါနေလို့ပါ။ တစ်ခုခုနဲ့ ခြစ်ပါ။ ဒါတွေကို သင်ချစ်ခင်တဲ့သူတွေဆီကိုလည်း ဖြန့်ပေးဖို့ သူမှာထားပါသေးတယ်” ဒီပို့စ်မှာပဲ ဖုန်းလာရင် ဘယ်ဘက်နားကနေပဲ ဖြေဖို့၊ ဆေးသောက်ရင် ရေခဲရေတွေနဲ့ […]

Continue Reading

Fact Check: ပင်စင်လစာတွေကို သိမ်းဆည်းပြီး စစ်အသုံးစရိတ်အဖြစ် ကြေညာ ခဲ့သလား-မဟုတ်ပါ

တနိုင်ငံလုံး ပင်စင်လစာ ဖြစ်တဲ့ ကျပ် ၆ ဘီလီယံကျော်ကို စစ်အသုံးစရိတ်အဖြစ် အသုံးပြုမယ်လို့ စစ်ကောင်စီ အစိုးရက ထုတ်ပြန် ကြေညာလိုက်တယ်ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု ယူကျူ့ချန်နယ်တစ်ခုကမျှဝေထားရာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။  အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။” july 7, 2023 တနိုင်ငံလုံးပင်စင်လစာ နကစအစိုးရ သိမ်းပြီ” ၊“(၇)ရက်နေ့ ပင်စင်သမားတွေ ငတ်ကိန်းဆိုက်ပြီ တနိုင်ငံလုံး ပင်စင်လစာ (၆) ဘီလီယံကျော်ကို စစ်အသုံးစရိတ်အဖြစ် အသုံးပြုမယ်ဟု နကစ အစိုးရ ထုတ်ပြန်ကြေညာ လိုက်ပြီ” လို့ရေးသားပြီး “Share Local Media”အမည်နဲ့ ယူကျူ့ချန်နယ်ကနေဖြန့်ဝေထားတာဖြစ်ပါတယ်။ မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် ၈မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုဖိုင်ကို စိစစ်ကြည့်ရာမှာ တနိုင်ငံလုံး […]

Continue Reading

Fact Check: ဝက်လက်မှာ ကုန်စိမ်းဈေးသည် ၇ ဦးကို PDF သတ်ဖြတ်တဲ့ သတင်းမှား

ဝက်လက်မှာ ကုန်စိမ်းဈေးသည် ၇ ဦးကို PDF ကသတ်ဖြတ်ခဲ့တယ်လို့ဆိုတဲ့ သတင်းမှားပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေကြားဖြန့်ဝေနေတာတွေ့ရပါတယ်။   အောက်ပါစာသားကတော့ ဖြန့်ဝေနေတဲ့ စခရင်ရှော့ဖြစ်တယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိက လုပ်ကိုင်နေတဲ့ လွပ်လတ်တဲ့  မီဒီယာတွေမှာ စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်  သမရိုးကျေးရွာကနေ ရွှေပန်းကုန်းကျေးရွာဘက် ဟင်းသီးဟင်းရွက်ရောင်းဖို့ထွက်လာတဲ့ ထော်လာဂျီ ကားပေါ်က ကုန်စိမ်းစျေးသည် ၇ ဦးကို မြန်မာစစ်တပ်က ပစ်သတ်သွားတယ်လို့ ဖော်ပြကြပါတယ်။ ဘီဘီစီ မြန်မာပိုင်း၊ ရန်ကုန်ခေတ်သစ် သတင်းဌာန၊ မဇ္ဈိမသတင်းဌာနတွေရဲ့ သတင်းဖော်ပြချက်ကို  ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ကြည့်ပါ။  အောက်ပါ စခရင်ရှော့ကတော့ ဘီဘီစီ မြန်မာပိုင်းကဖော်ပြခဲ့ […]

Continue Reading

Fact Check: စစ်ခေါင်းဆောင် ICCမှာ အဖမ်းခံရကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ဝန်ခံဆိုတဲ့ သတင်းတု

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ICCမှာ အဖမ်းခံရကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်း ဝန်ခံခဲ့တယ်ဆိုတဲ့ သတင်းတုပို့စ်တစ်ခု အွန်လိုင်းမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “မင်းအောင်လှိုင် ICCမှာ ဖမ်းခံရကြောင်း ဇော်မင်းထွန်း ဝန်ခံ” တူညီတဲ့ရေးသားမျှဝေမှုကို ယူကျူ့ရဲ့ ဒီနေရာနဲ့ ဒီနေရာမှာလည်း ရေးသားထားပါတယ်။ မူရင်းလင်ခ့် – Fb link | Archive link အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။  အခုဖြန့်ဝေနေတဲ့ ဖေ့စ်ဘွတ်နဲ့ ယူကျူ့စာမျက်နှာတွေဟာ သတင်းမီဒီယာတွေမှာဖော်ပြခဲ့ ပျံ့နှံ့ခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို ခေါင်းစဉ်တုတပ်ပြီး ပြန်လည်ဖော်ပြနေတဲ့ စာမျက်နှာတွေဖြစ်တယ်။ အခုလည်း ဗွီဒီယိုအစမှာ စစ်ခေါင်းဆောင်ကို ICC ကဖမ်းဆီးလိုက်ကြောင်း စစ်တပ်က ပြန်ကြားရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဝန်ခံတယ်လို့ […]

Continue Reading