Fact Check: စစ်ကောင်စီတိုက်လေယာဉ် KIA ပစ်ချတဲ့ သတင်းတု
စစ်ကောင်စီရဲ့ လေယာဉ်ကို ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)က ပစ်ချလိုက်တယ်လို့ဆိုထားတဲ့ ဗွီဒီယိုတွေယူကျူ့မှာ ဆက်တိုက်ဖြန့်ဝေနေရာမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်ပါစခရင်ရှော့ကတော့ ဒီလိုဆိုထားတဲ့ ယူကျူ့ဗွီဒီယိုတခုဖြစ်တယ်။ “KIA ကတော့ လက်စွမ်းပြလိုက်ပြီ MIG-26 ပစ်ချ”စသည်ဖြင့် ရေးသားပြီး ယူကျူ့မှာဖြန့်ဝေထားတာဖြစ်တယ်။ မူရင်းလင်ခ့် – Youtube link | Archive link အခြားသောပြောဆိုချက်ကတော့ “ဒေါဖုန်းယမ်ကို ဗုံးကြဲတဲ့လေယာဉ် KIA တပ်တော် ပစ်ချလိုက်ပြီ”ဆိုပြီးတော့ စက်တင်ဘာ ၁၈ ရက်က ဖြန့်ဝေမှုဖြစ်တယ်။ ဒီနေရာမှာကြည့်ပါ။ အချက်အလက်စိစစ်ချက် တကယ်တော့ ဗွီဒီယိုပါအကြောင်းအရာတွေဟာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နဲ့ စစ်ကောင်စီတပ် ရှမ်းမြောက်ပိုင်းမှာ တိုက်ပွဲဖြစ်တဲ့သတင်းနဲ့ မြစ်ကြီးနား – ဗန်းမော်လမ်းမပေါ်ရှိ လိုင်လွမ့်အောင်ဂျာတဝိုက်မှာ ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KIA)နဲ့ စစ်ကောင်စီတပ်တွေ အကြားတိုက်ပွဲအကြောင်းတွေသာပါဝင်တယ်။ ဒီသတင်းတွေဟာလည်း သတင်းမီဒီယာအချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေဖြစ်ပြီး ခေါင်းစဉ်လွဲ သို့မဟုတ် […]
Continue Reading