Fact Check: စစ်ကောင်စီတိုက်လေယာဉ် KIA ပစ်ချတဲ့ သတင်းတု

နိုင်ငံ‌ရေး

စစ်ကောင်စီရဲ့ လေယာဉ်ကို ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)က ပစ်ချလိုက်တယ်လို့ဆိုထားတဲ့ ဗွီဒီယိုတွေယူကျူ့မှာ ဆက်တိုက်ဖြန့်ဝေနေရာမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ 

အောက်ပါစခရင်ရှော့ကတော့ ဒီလိုဆိုထားတဲ့ ယူကျူ့ဗွီဒီယိုတခုဖြစ်တယ်။ 

“KIA ကတော့ လက်စွမ်းပြလိုက်ပြီ MIG-26 ပစ်ချ”စသည်ဖြင့် ရေးသားပြီး ယူကျူ့မှာဖြန့်ဝေထားတာဖြစ်တယ်။

မူရင်းလင်ခ့် – Youtube link | Archive link

အခြားသောပြောဆိုချက်ကတော့ “ဒေါဖုန်းယမ်ကို ဗုံးကြဲတဲ့လေယာဉ် KIA တပ်တော် ပစ်ချလိုက်ပြီ”ဆိုပြီးတော့ စက်တင်ဘာ ၁၈ ရက်က ဖြန့်ဝေမှုဖြစ်တယ်။ ဒီနေရာမှာကြည့်ပါ။ 

အချက်အလက်စိစစ်ချက်

တကယ်တော့ ဗွီဒီယိုပါအကြောင်းအရာတွေဟာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နဲ့ စစ်ကောင်စီတပ် ရှမ်းမြောက်ပိုင်းမှာ တိုက်ပွဲဖြစ်တဲ့သတင်းနဲ့ မြစ်ကြီးနား – ဗန်းမော်လမ်းမပေါ်ရှိ လိုင်လွမ့်အောင်ဂျာတဝိုက်မှာ ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KIA)နဲ့ စစ်ကောင်စီတပ်တွေ အကြားတိုက်ပွဲအကြောင်းတွေသာပါဝင်တယ်။ 

ဒီသတင်းတွေဟာလည်း သတင်းမီဒီယာအချို့မှာ‌ဖော်ပြခဲ့တဲ့ သတင်းတွေဖြစ်ပြီး ခေါင်းစဉ်လွဲ သို့မဟုတ် ချဲ့ကားထားတဲ့ ခေါင်းစဉ်တွေ တပ်ပြီး ဗွီဒီယိုပုံစံနဲ့ သတင်းတွေကို‌ပြန်လည်ဖော်ပြထားခြင်းသာဖြစ်တယ်။ ခေါင်းစဉ်တုတပ်ဗွီဒီယိုပါသတင်းတွေရဲ့ မူလဖော်ပြချက်သတင်းတွေကို ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ တွေ့ရပါတယ်။ မြစ်ကြီးနား-ဗန်းမော်လမ်း ပိုင်းနဲ့ မိုးကုတ်တဝိုက်တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်တာ တွေလုပ်ခဲ့တယ်လို့ မီဒီယာတွေမှာဖော်ပြပေမဲ့ ဒီလိုတိုက်ခိုက်မှုတွေအတွင်းမှာ လေယာဉ်ကို ပစ်ချခဲ့တဲ့ အကြောင်းမပါဝင်ပါဘူး။ အောက်ပါစခရင်ရှော့ကို ကြည့်ပါ။

အခြား ဗွီဒီယိုတွေဟာလည်း သတင်းမီဒီယာအချို့မှာဖော်ပြခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ ထိတွေ့မှု သတင်းတွေနဲ့ စစ်ကောင်စီတပ်က လေကြောင်းက ဗုံးကြဲမှုသတင်းတွေသာဖြစ်တယ်။ လေယာဉ် သို့မဟုတ် ရဟတ်ယာဉ်ကို ပစ်ချတဲ့အကြောင်းမပါဝင်ပါဘူး။ 

သုံးသပ်ချက်စစ်ကောင်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ထိတွေ့တိုက်ပွဲသတင်းတွေကို ခေါင်းစဉ်လွဲတပ် ထားခြင်းဖြစ်တယ်။ ဒီတိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီတိုက်လေယာဉ် သို့မဟုတ် ရဟတ်ယာဉ်ကို ယခု ရက်ပိုင်းပစ်ချခဲ့တယ်ဆိုတဲ့ အထောက်အထားလည်းမရှိသလို ဒီလိုဖြန့်ဝေထားတဲ့ ဗွီဒီယိုတွေမှာ လည်းမပါ ဝင်ပါဘူး။ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ အခုလိုမျိုး စစ်ကောင်စီလေယာဉ်တွေ ပစ်ချမှုအဖြစ် သတင်းခေါင်းစဉ်လွဲ တပ်ဖြန့်ဝေထားတာကို Fact Crescendo Myanmar က အချက်အလက်စိစစ်ခဲ့ပါသေးတယ်။

Avatar

Title:Fact Check: စစ်ကောင်စီတိုက်လေယာဉ် KIA ပစ်ချတဲ့ သတင်းတု

Written By: Zun Zee 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *