Fact Check: NUG ဝန်ကြီး ၅ ဦး ထိုင်းအစိုးရ ဖမ်းဆီးခံရတဲ့ သတင်းတု

False နိုင်ငံရေး | Politics

ထိုင်းမှာ  အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) ဝန်ကြီး ၅ ဦးဖမ်းဆီးခံရတယ်လို့ ဆိုထားတဲ့ ဗွီဒီယို ယူကျူ့ချန်နယ် တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှု အားကောင်းနေတာတွေ့ ရပါတယ်။ သတင်းတုဖြန့်ချိနေခြင်း သာဖြစ်တယ်။

အောက်ပါစခရင်ရှော့ကတော့ ဒီလိုပြောဆိုဖြန့်ဝေထားပြီး ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားခြင်းဖြစ်တယ်။ စာသားကောက်နုတ်ချက်ကိုလည်း ကြည့်ပါ။

“ထိုင်းမှာ NUG ဝန်ကြီး ၅ ဦးဖမ်းဆီးခံရမှုကြီး 

တော်လှန်ရေးနိဂုံးချုပ်ပြီ”

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိတာ၊ လုပ်ကြံသတင်းမှားတွေ ဖြန့်ချိတာတွေ လုပ်ပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက် တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။ 

အခုလည်း တကယ်တမ်း ဗွီဒီယိုထဲမှာပါတဲ့ အကြောင်းအရာဟာ လွတ်လပ်တဲ့ အာရှအသံ သတင်းဌာနက ဖော်ပြခဲ့တဲ့ “မြန်မာအလုပ်သမားတွေကို ကူညီပေးနေတဲ့ AAC ရုံးကို ထိုင်းအစိုးရ ချိပ်ပိတ်”ကို ပြန်လည်ဖော်ပြနေခြင်းဖြစ်တယ်။ မူလသတင်းဖော်ပြချက်မှာ NUG ဝန်ကြီး ၅ ဦး အဖမ်းခံရတဲ့ အကြောင်းမပါဝင်ပါဘူး။ 

သုံးသပ်ချက်

 “Local Celegram”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိတာ၊ လုပ်ကြံသတင်းမှားတွေ ဖြန့်ချိပါတယ်။  မြန်မာအလုပ်သမားတွေကို ကူညီပေးနေတဲ့ AAC ရုံးကို ထိုင်းအစိုးရ ချိပ်ပိတ်ခံရတဲ့ သတင်းကို ခေါင်းစဉ်တုတပ်ထားခြင်းဖြစ်တယ်။

Avatar

Title:Fact Check: NUG ဝန်ကြီး ၅ ဦး ထိုင်းအစိုးရ ဖမ်းဆီးခံရတဲ့ သတင်းတု

Written By: နေရာမောင်  

Result: False