Fact Check: UN က စစ်တပ် ၆ သိန်းကျော် လွှတ်လိုက်ပြီး မြန်မာစစ်ခေါင်းဆောင်ကို ၂၄ နာရီအတွင်းဖမ်းမယ်ဆိုတဲ့ သတင်းတု 

False နိုင်ငံရေး | Politics

UN က စစ်တပ် ၆ သိန်းကျော် လွှတ်လိုက်ပြီး မြန်မာစစ်ခေါင်းဆောင်ကို ၂၄ နာရီအတွင်းဖမ်းမယ်လို့ ကြေညာတယ်ဆိုပြီး ဗွီဒီယိုတခု ယူကျူ့မှာ ဧပြီ ၂၂ ရက်က ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု တခုသာဖြစ်တယ်။

ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုနဲ့ ဗွီဒီယိုပါစာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ 

“ဧပြီ(၂၂)နေ့အထူးဝမ်းသာစရာသတင်း

ဖမ်းဝရမ်း ထုတ်ပြီ

၂၄ နာရီအတွင်းဖမ်းမည်ဟုကြေငြာ

UNစစ်တပ်(၆)သိန်းကျော် လွတ်လိုက်ပြီ”

C:\Users\User\Downloads\Firefox_Screenshot_2025-04-23T09-36-29.288Z.png

Original link | Archive link

အချက်အလက်စိစစ်ချက်

ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khi thit channel”ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့တဲ့ သတင်းတွေကို သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိတဲ့ ချန်နယ်တခုဖြစ်တာတွေ့ရပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။

အခုလည်း ဗွီဒီယိုထဲမှာပါတဲ့အကြောင်းအရာဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနက‌ဖော်ပြခဲ့တဲ့ “မင်းအောင်လှိုင်ကို  ICC တရားရုံးက ဖမ်း၀ရမ်းထုတ်ရေး  ဆက်လက် လုပ်ဆောင်နေပြီး မကြာမီ ဖမ်း၀ရမ်းထွက်ရှိမည်”ဆိုတဲ့ သတင်းကို ပြန်လည်ဖော်ပြထားတယ်။ ဒီမူရင်းသတင်းမှာ ICC ရှေ့နေချုပ်က ဖမ်းဝရမ်းထုတ်ဖို့ တောင်းဆိုထား တာဖြစ်လို့ အမှုဟာ ရှေ့ဆက်သွားနေပေမဲ့ လအနည်းငယ် ကြာနိုင်တဲ့အကြောင်း ဗြိတိန်အခြေစိုက် မြန်မာ-ရိုဟင်ဂျာအသင်း ဥက္ကဋ္ဌ ဦးထွန်းခင်ရဲ့‌ပြောကြားချက်ကို ပြန်လည်ဖော်ပြထားခြင်းဖြစ်တယ်။ UN က စစ်တပ်စေလွှတ်ပြီး ၂၄ နာရီအတွင်း ဖမ်းမယ်ဆိုတဲ့အကြောင်းမပါအဝင်ပါဘူး။

C:\Users\User\Downloads\Untitled.png

၈ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ ရန်ကုန်ခေတ်သစ်သတင်းဌာနက‌ဖော်ပြခဲ့တဲ့ “စဉ့်ကူးမြို့နယ်၊ အောက်ဇီးကုန်းကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ၅ လသား အရွယ် ကလေး ၁ ဦးအပါအဝင် ပြည်သူ ၄ ဦး ဒဏ်ရာရ”၊ “ဘီးလင်းမြို့နယ်၊ အလူးလေးကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်သား ၆ ဦးသေဆုံး”စတဲ့ သတင်းတွေကို ပြန်လည်ဖော်ပြထားတယ်။ 

သုံးသပ်ချက်

UN က စစ်တပ် ၆ သိန်းကျော် လွှတ်လိုက်ပြီး မြန်မာစစ်ခေါင်းဆောင်ကို ၂၄ နာရီအတွင်းဖမ်းမယ်ဆိုတာ သတင်းခေါင်းစဉ်တုတပ်ထားခြင်းသာဖြစ်တယ်။ တကယ်တမ်းမှာ UN က ဒီလိုကြေညာခဲ့တဲ့အ‌ထောက်အထား မရှိသလို UN စစ်တပ် မြန်မာပြည်ပို့မယ်ဆိုတဲ့ အထောက်အထားလည်း မရှိပါဘူး။

ပြောဆိုချက်- UN က စစ်တပ် ၆ သိန်းကျော် လွှတ်လိုက်ပြီး မြန်မာစစ်ခေါင်းဆောင်ကို ၂၄ နာရီအတွင်းဖမ်းမယ်

Avatar

Title:Fact Check: UN က စစ်တပ် ၆ သိန်းကျော် လွှတ်လိုက်ပြီး မြန်မာစစ်ခေါင်းဆောင်ကို ၂၄ နာရီအတွင်းဖမ်းမယ်ဆိုတဲ့ သတင်းတု

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *