Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ စစ်ခေါင်းဆောင် တရုတ်သမ္မတကို ကတိပေးတဲ့ သတင်းတု

Misleading နိုင်ငံရေး | Politics

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ စစ်ခေါင်း‌ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်သမ္မတကို ကတိပေးလိုက်တယ်လို့ဆိုထားတဲ့ ဗွီဒီယို ယူကျူ့ချန်နယ်တခုက  ဖြန့်ဝေထားတာ တွေ့ရပါတယ်။  တကယ်တော့ နားလည်မှုလွဲစေနိုင်တဲ့ ပြောဆိုချက်သာဖြစ်တယ်။ ရုရှားစစ်ရေးပြ အခမ်းအနားတက်ရောက်ချိန် ဘေးပေါက် တွေ့ဆုံမှုအနေနဲ့ မြန်မာစစ်တပ်ခေါင်း‌ဆောင်နဲ့ တရတ်သမ္မတတို့ တွေ့ဆုံဆွေးနွေးမှုမှာ ဒီအကြောင်းအရာတွေ ပါဝင်တယ်ဆိုတဲ့ အထောက်အထားမရှိပါဘူး။

အောက်ပါစခရင်ရှော့ကတော့ မေ ၉ ရက်မှာ ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားတဲ့ ဗွီဒီယိုရဲ့ စခရင်ရှော့ဓာတ်ပုံဖြစ်တယ်။ ဒီဗွီဒီယိုထဲပါ စာသားကောက်နုတ်ချက်ကိုလည်း ကြည့်ပါ။ 

“စစ်ကောင်းဆောင် ဂတိပေးလိုက်ရပြီ

အပစ်ခတ်အားလုံး ရပ်တန့်ရန် တရုတ်သမ္မတ အမိန့်ပေး

ဒေါ်စုကို အရေးပေါ် လွှတ်ရန်သဘောတူလိုက်ရပြီ”

မူရင်းလင်ခ့် – Youtube link  | Archive link

အချက်အလက်စိစစ်ချက်

ဒီဗွီဒီယိုဖြန့်ဝေထားတဲ့ “မန္တလေးခေတ်သစ်”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့ပြီး ဖြစ်တဲ့ သတင်းတွေကို နားလည်မှုလွဲမှားစေနိုင်တဲ့ ချဲ့ကားထားတဲ့ သတင်းခေါင်းစဉ်တွေ ဒါမှမဟုတ် သတင်းခေါင်းစဉ်တု တပ်ကာ ပြန်လည်ဖြန့်ချိပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။ 

အခုလည်း လူထုနွေဦးသတင်းဌာနက ဖော်ပြခဲ့တဲ့ “ရုရှားမှာ ရှီကျင့်ဖျင် နဲ့ မင်းအောင်လှိုင်​တွေ့ဆုံ”၊” “ဌာနချုပ်ဟောင်းထီးခီးဒေသ တိုက်ပွဲဝင်တပ်ဖွဲ့များနှင့် ဒေသခံများကို KNU ဂုဏ်ပြု” Western News ကဖော်ပြခဲ့တဲ့ “အမျိုးသမီး စီးပွားရေးမဟာမိတ်အဖွဲ့တွင် မြန်မာပါဝင်ရန် စစ်ခေါင်းဆောင်ဇနီး လျှောက်ထား”စတဲ့ သတင်းတွေကို ပြန်လည်ဖော်ပြထားတယ်။

သုံးသပ်ချက်

“မန္တလေးခေတ်သစ်”ဟာ သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့ပြီး သတင်းတွေကို ခေါင်းစဉ်တုတပ် ဖြန့်ချိတဲ့နေရာ ဖြစ်တယ်။ မြန်မာနိုင်ငံနဲ့ကိုက်ညီတဲ့ တိုးတက်ဖွံ့ဖြိုးမှု လမ်းကြောင်းဆီ ဦးတည်နိုင်ဖို့ တရုတ်က ထောက်ခံပြီး ပြည်တွင်းပဋိပက္ခတွေဖြေရှင်းဖို့မှာလည်း ပါဝင်ကူညီမယ်လို့ ရှီကျင်းပင်က စစ်ခေါင်းဆောင်ကို ပြောကြားခဲ့တဲ့ သတင်းကို လိုအပ်သလို ခေါင်းစဉ်တုတပ်ထားတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ စစ်ခေါင်း‌ဆောင်က တရုတ်သမ္မတကို ကတိပေးလိုက်တယ်ဆိုတာဟာ မဟုတ်ပါဘူး။ 

ပြောဆိုချက်-ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ စစ်ခေါင်း‌ဆောင်က တရုတ်သမ္မတကို ကတိပေး

Avatar

Title:Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ စစ်ခေါင်းဆောင် တရုတ်သမ္မတကို ကတိပေးတဲ့ သတင်းတု

Fact Check By: Zun Zee 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *