ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်ကို လူမြင်ကွင်း စစ်တပ်ထုတ်ပြခဲ့တယ်ဆိုပြီး ဗွီဒီယိုတခု “ Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်က မျှဝေထားရာ ပျံ့နှံ့မှု အားကောင်းလျက်ရှိတယ်။ သတင်းတု တခုဖြစ်တာတွေ့ရတယ်။
ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဒီဗွီဒီယိုဟာ ၄ ရက်အတွင်း ကြည့်ရှု့မှုပေါင်း တသိန်းဝန်းကျင်ရရှိထားတယ်။
“သမ္မတနဲ့အတိုင်ပင်ခံ အပြင်ခေါ်ထုတ်လာ
စစ်ကောင်စီ အကွက်ရွှေ့ဖို့ လုပ်နေပြီ”
အချက်အလက်စိစစ်ချက်
ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit Media ”အမည်နဲ့ ယူကျူ့ချန်နယ်ကိုကြည့်မယ်ဆို မီဒီယာတချို့မှာ ဖော်ပြခဲ့ပြီးတဲ့အကြောင်းအရာတွေကို ခေါင်းစဉ်တုတပ်ဖြန့်ဝေမှုတွေကို ပြုလုပ်တဲ့ နေရာဖြစ်တာတွေ့နိုင်တယ်။ ဒီချန်နယ်ဟာ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ ရန်ကုန်ခေတ်သစ်သတင်းဌာနရဲ့ ယူကျူ့ချန်နယ်အမည်နာမကို တုပထားတဲ့ ချန်နယ်တခုဖြစ်တာလည်း တွေ့ရပါတယ်။ Fact Crescendo Myanmar ရဲ့ ဒီချန်နယ်နဲ့ ပတ်သက်တဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။
သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုထဲမှာပါတဲ့အကြောင်းအရာဟာ တကယ်တော့ ရန်ကုန်ခေတ်သစ်သတင်းဌာနက ဖော်ပြခဲ့တဲ့ “စစ်ကောင်စီ၏ မတရား ဖမ်းဆီးချုပ်နှောင်မှုအတွင်း လုံလောက်သော ဆေးဝါးကုသမှု မရရှိ၍ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့၏ အသက်အန္တရာယ် NUG စိုးရိမ်”စတဲ့သတင်းတွေကို ပြန်လည် မျှဝေထားတယ်။
၈ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ နောက်ထပ်ဖော်ပြထားတဲ့အကြောင်းအရာတွေဟာလည်း လူထုနွေဦးသတင်းဌာနကဖော်ပြခဲ့တဲ့ “ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ ကဗျာရွတ်လို့ မြင်းခြံထောင်က နိုင်ကျဉ်းတွေ တိုက်ပိတ်ခံရ”၊ “အရှေ့တီမောရဲ့ အာဆီယံ အဖွဲ့ဝင်ဖြစ်ခွင့်ကို စစ်ကောင်စီ ကန့်ကွက်”၊ ရွှေဖိမြေသတင်းဌာနကဖော်ပြခဲ့တဲ့ “နောင်ချိုအခြေစိုက် အမှတ်(၆၀၆) ဒုံးတပ်ရင်းကို ပြန်ရဖို့ စစ်ကောင်စီတပ် ထိုးစစ်ဆင်နေ”၊ “
သုံးသပ်ချက်
“Khit Thit Media” ယူကျူ့ချန်နယ်ဟာ မီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူဖော်ပြပြီး သတင်းခေါင်းစဉ်တုတပ် ဖြန့်ချိတဲ့နေရာဖြစ်တယ်။ ရန်ကုန်ခေတ်သစ်သတင်းဌာနက ဖော်ပြခဲ့တဲ့ လုံလောက်တဲ့ ဆေးဝါးကုသမှုမရလို့ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ရဲ့ အသက်အန္တရာယ် NUG စိုးရိမ်ခေါင်းစဉ်တုတပ် မျှဝေထားခြင်းဖြစ်တယ်။
ပြောဆိုချက်- ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်ကို လူမြင်ကွင်း စစ်တပ်ထုတ်ပြ

Title:Fact Check: ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်ကို လူမြင်ကွင်း စစ်တပ်ထုတ်ပြတဲ့ သတင်းတု
Fact Check By: နေရာမောင်Result: False