Fact Check: စစ်တပ်က ကျင်းကမယ့် ရွေးကောက်ပွဲ NLD ဝင်ပြိုင်မယ်ဆိုတဲ့ သတင်းတု

Misleading နိုင်ငံရေး | Politics

ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီလည်း ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ်ဆိုပြီး ဗွီဒီယို ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု ဖြန့်ချိမှုဖြစ်တယ်။

ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်က ရယူထားတဲ့  စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ 

 “ဒေါ်အောင်ဆန်းစုကြည် ပြန်လာပြီ

NLD ရွေးကောက်ပွဲ ဝင်ဖို့တရုတ် ခွင့်ပြုလိုက်ပြီ

NLD အနိုင်ရဖို့ ပြည်သူတွေ ပြန်လည်ဦးမော့လာပြီဟေ့

တရားဝင်မှုရဖို့ NLD ကို မင်းအောင်လှိုင် လက်ခံလိုက်ရပြီ” 

Original link | Archive link

အချက်အလက်စိစစ်ချက်

ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်ကို လေ့လာကြည့်မယ်ဆိုရင် သတင်း မီဒီယာတချို့မှာဖော်ပြခဲ့တဲ့အကြောင်းအရာတွေကို ခေါင်းစဉ်တုတပ်ဖြန့်ချိနေရာတွေ့ရတယ်။ ဒီချန်နယ်ဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနရဲ့ ယူကျူ့ချန်နယ်အမည်နာမနဲ့ အမှတ်တံဆိပ်တွေကိုလည်း တုပထားတာတွေ့ရ တယ်။

အခုလည်း ဗွီဒီယိုအစမှာပြသတဲ့ “thumbnail”ဓာတ်ပုံရုပ်ကတ်မှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာ သလို NLD လည်း ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖို့ တရုတ်က ခွင့်ပြုတာကြောင့် မြန်မာစစ်တပ်ကလည်း ခွင့်ပြုလိုက်ရတယ်လို့ ဆိုထားပေမဲ့ ဗွီဒီယိုထဲမှာ ဖတ်ကြားနေတဲ့အကြောင်းအရာဟာ ရန်ကုန်ခေတ်သစ် သတင်းဌာနကဖော်ပြခဲ့တဲ့ “NLD အပြတ်အသတ်အနိုင်ရရှိခဲ့သော ၂၀၂၀ ရွေးကောက်ပွဲကို လွတ်လပ် တရားမျှတသော ရွေးကောက်ပွဲအဖြစ် နိုင်ငံတကာက အသိအမှတ်ပြုထားပြီး စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲ တရားမဝင်ဘဲ နိုင်ငံတကာကလည်း လက်မခံဟု ကြေညာ”ဆိုတဲ့ သတင်းကို ပြန်လည်ဖော်ပြ ထားတယ်။

Original link | Archive link

၁၀ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ နောက်ထပ် ဖော်ပြထားတာကတော့ လူထုနွေဦးသတင်းဌာနက ဖော်ပြခဲ့တဲ့ “ပြည်သူ့တော်လှန်ရေးကို ပျက်ရယ်ပြုစော်ကားတဲ့ အနုပညာရှင်တွေကိုအရေးယူမယ်လို့ ရန်ကုန်တော်လှန်ရေးအင်အားစုတွေပြော”စတဲ့ သတင်းတွေကို ဖော်ပြထားတယ်။

သုံးသပ်ချက်

ဗွီဒီယိုကို ဖြန့်ဝေထားတဲ့နေရာဟာ  ရန်ကုန်ခေတ်သစ်သတင်ဌာနအမည်နာမကို တုပထားပြီး သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေ ဖြန့်ချိတဲ့နေရာဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက်လာပြီး NLD ပါတီလည်း ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ်ဆိုတာ မဟုတ်ပါဘူး။ 

ပြောဆိုချက်- ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာပြီး စစ်တပ်က ကျင်းကမယ့် ရွေးကောက်ပွဲ NLD ဝင်ပြိုင်မယ်

Avatar

Title:Fact Check: စစ်တပ်က ကျင်းကမယ့် ရွေးကောက်ပွဲ NLD ဝင်ပြိုင်မယ်ဆိုတဲ့ သတင်းတု

Fact Check By: နေရာမောင် 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *