စစ်တပ်ဝါဒဖြန့်ရေးသမားအဖြစ် လူသိများတဲ့ ကျော်မျိုးမင်းကို PDF တပ်ဖွဲ့ဝင်တွေက ရန်ကုန်-မန္တလေး အမြန်လမ်းမှာ ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ ဆိုထားတဲ့ ပို့စ်တခု ယူကျူ့နဲ့ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုသာဖြစ်တယ်။
ဒီလိုပြောဆိုမျှဝေထားတဲ့ ပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဒီဗွီဒီယိုဟာ လက်ရှိအချိန်မှာ ကြည့်ရှု့မှုပေါင်း ၃၀၀၀၀ ဝန်းကျင်ရရှိထားတယ်။ တူညီတဲ့ မျှဝေမှုကို ယူကျူ့ရဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။
“Khit Thit Thadin သတင်းဌာန (၂၁.၁.၂၀၂၆) ကျော်မျိုးမင်း PDF တွေက ဖမ်းထားပြီ”

ဒီလိုပဲ ဖေ့စ်ဘွတ်ရဲ့ ဒီနေရာ၊ ဒီနေရာမှာလည်း ကျော်စိုးဦးအဖမ်းခံရတဲ့ ဓာတ်ပုံဆိုပြီး မျှဝေထားတာတွေ့ရတယ်။ ဒီနေရာနဲ့ ဒီနေရာမှာ ကြည့်ပါ။
အချက်အလက်စိစစ်ချက်
ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Burmese Daily”အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာဟာ မဇ္ဈိမသတင်းဌာန အမှတ်တံဆိပ် အသုံးပြုကာ မဇ္ဈိမသတင်းဌာနပုံစံ ပုံမှားရိုက်ထားတာလည်းတွေ့ရတယ်။ ဒီလိုပဲ ယူကျူ့မှာ တူညီတဲ့ ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit Thadin”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာ တချို့မှာဖော်ပြခဲ့တဲ့ သတင်းတွေနဲ့ လုံးဝ လုပ်ကြံပြောဆိုတာတွေကို ရောနှော ဖြန့်ချိမှုတွေ ပြုလုပ်ဖြန့်ချိတဲ့ နေရာဖြစ်ပြီး Fact Crescendo M yanmar က အချက်အလက်စိစစ်ထားတာကု ဒီလင့်ခ်မှာ ကြည့်ပါ။
အခုလည်း ဗွီဒီယိုအစမှာပြသတဲ့ ရုပ်ကတ်နဲ့ အသံဖိုင်နဲ့ ဖတ်ကြားမှုမှာ စစ်တပ်ဝါဒဖြန့်ချိရေး သတင်းသမား ကျော်မျိုးမင်းကို PDF တပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးခြင်းခံရတယ်လို့ ဆိုထားပေမဲ့ ဒီအကြောင်းကို ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ ဖော်ပြချက်မတွေ့ရပါဘူး။ စစ်တပ်ဝါဒဖြန့်ချိရေး ယန္တယားနဲ့ ပတ်သက်တဲ့ လူမှုကွန်ယက်အကောင့်တွေမှာလည်း ဖော်ပြချက်မရှိပါဘူး။
အလားတူစွာပဲ စစ်တပ်ဝါဒဖြန့်ချိရေးသမား နောက်တဦးဖြစ်တဲ့ ကျော်စိုးဦးကို နေပြည်တော်အလာ PDF တွေက ဖမ်းဆီးသတ်ဖြတ်လိုက်တယ်ဆိုပြီးတော့လည်း ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အခုလို သတင်းမှား ဖြန့်ဝေခဲ့ပါသေးတယ်။
သုံးသပ်ချက်
ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ နေရာတွေ ဟာ လုပ်ကြံရေးသားပြောဆိုချက်တွေနဲ့ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေ ဖြန့်ချိတဲ့နေရာဖြစ်တယ်။ စစ်တပ်ဝါဒဖြန့်ရေးသမား ကျော်မျိုးမင်းကို တော်လှန်ရေးအဖွဲ့တွေက ဖမ်းဆီးထား တယ်ဆိုပြီး ယုံကြည်ရတဲ့ သတင်းအရင်းအမြစ်တွေမှာ ဖော်ပြချက် အထောက်အထားမရှိပါဘူး။
Title:Fact Check: စစ်တပ်ဝါဒဖြန့်ရေးသမား ကျော်မျိုးမင်းကို PDF ဖမ်းဆီးတဲ့ သတင်းတု
Fact Check By: Zun ZeeResult: False

