Fact Check: ဓမ္မစေတီခေါင်းလောင်းပေါ်လာပြန်ပြီလား-မဟုတ်ပါ

False လူမှုရေး

C:\Users\Mi\Downloads\ship-in-search-of-dhammazedi.jpg

ဓမ္မစေတီခေါင်းလောင်းကြီး ပြန်ပေါ်လာပြီဖြစ်လို့ ပြန်လည်ဖော်ယူတော့မယ်ဆိုပြီးတော့ ဓာတ်ပုံ ၁ပုံနဲ့အတူ ရေးသားထားတဲ့ ပိုစ့်တစ်ခုဟာ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းခဲ့ပါတယ်။ ပုံထဲမှာ သောင်တူးစက်ပါဝင်တဲ့ ကူးတို့ဇက်သင်္ဘောတစ်စီးလို့ ယူဆရတဲ့ မြင်ကွင်းပါဝင်ပြီး ဒီလိုပြန်လည်တူးဖော်နိုင်ရေး အလှူငွေထည့်ဝင်ကြဖို့နဲ့ ဒီသတင်းကို ကိုယ့်မိတ်ဆွေတွေဆီမျှဝေကြဖို့လည်း လည်းတိုက်တွန်းထားပါတယ်။

သို့သော် ဓာတ်ပုံနဲ့ အကြောင်းအရာဟာ ၂၀၁၄ ခုနှစ်အတွင်းက ရေပန်းစားခဲ့တဲ့အကြောင်းအရာကို ပြန်လည် ကူးယူဖော်ပြနေခြင်းဖြစ်တာတွေ့ရပါတယ်။

“ဒေါပုံချောင်းထဲ၌ အင်္ဂလိပ်မင်းလက်ထက်က တိုင်းတပါးရန်ကြောင့် ရေထဲမှာပင် ကွယ်ပျောက်နေသော ကမ္ဘာ့အကြီးဆုံး ဂင်းနစ်စံချန်တင် ဓမ္မစေတီ ခေါင်းလောင်းတော်ကြီးမှာ ပြာသိုလပြည့်ကျော် ၄ ရက် ညနေ သုံးနာရီမှာ ပြန်လည်ပေါ်လာပြီ ဖြစ်ပါကြောင်း သတင်းကောင်းပို့အပ်ပါသည်။ အများကြည်ညိုနိုင်ရန် ပြန်လည်ဆယ်ယူမည်ဖြစ်ကာ အလေးချိန်မှာ ကြီးမားသောကြောင့် ဆစ်ဒနီမှ စက်များဖြင့် ဆည်ယူနိုင်ရေး ရန်ပုံငွေများ ကောက်ခံပါမည်။ ငွေ လက်ခံဌာနများကိုဖြင့် ဂျာနယ်လစ်များမှာ ကြော်ငြာပါမည်။ သို့ပါသောကြောင့် Viber friends များ အနေဖြင့် အများကြည်နူးနိုင်ဖို့ ကျွန်တော်များ တစ်တပ်တစ်အား ကူသိုလ်ပွါးနိုင်အောင် ဘော်ဒါများအား တဆင့်ပေးပို့ခြင်းဖြင့် ကုသိုလ်ယူနိုင်ကြပါစေ………။ မှတ်ချက်။ ။ သင်ဟာ ဗုဒ္ဓဘာသာဝင်ဖြစ်ပါက တဆင့်ပေးပို့ခြင်းဖြင့် ကုသိုလ်ယူပါ။”လို့ရေးသားပြီး “Kim”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ဇန်နဝါရီ ၂၈ ရက်က “2021တပ်မတော်အစိုးရ ထောက်ခံသူများ ဆုံစည်းရာ”အမည်နဲ့ဖေ့စ်ဘွတ်အုပ်စုထဲမှာမျှဝေထားရာမှာ ဒီပို့စ်ဟာ ပြန်လည်မျှဝေမှုပေါင်း ၂၁၀၀ ဝန်းကျင်ရှိပါတယ်။ တူညီတဲ့မျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါ တယ်။

မူရင်းလင်ခ့် – Fb linkArchive link

အချက်အလက်စိစစ်ချက်

အဓိကကျတဲ့ စကားလုံးအချို့နဲ့ အသုံးပြုပြီး ရလာဒ်တွေကို ရှာဖွေကြည့်ရာမှာ ဓာတ်ပုံကလွဲလို့ ယခုပို့စ်နဲ့ တစ်ထေရာတည်းတူညီတဲ့ ပို့စ်တစ်ခု ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၂၅ ရက်ကတည်းက မျှဝေထားတာ ဒီလင်ခ့်မှာ တွေ့နိုင်ပါတယ်။ အဲဒီအချိန်က ဓမ္မစေတီခေါင်းလောင်းရှာဖွေရေးနဲ့ပတ်သက်တဲ့သတင်းဟာ မီဒီယာတွေမှာ ရေပန်းစားခဲ့ပြီး ဘီဘီစီရဲ့ ဒီလင့်ခ်မှာလည်းတွေ့ရပါတယ်။ ဘီဘီစီမြန်မာပိုင်းသတင်းဌာနက ဓမ္မစေတီ ခေါင်းလောင်းရဲ့ နောက်ခံ အကြောင်းကို ပြောကြားရာမှာ “မူလက ရွှေတိဂုံ ကုန်းတော်မှာ ချိတ်ဆွဲထားပြီး တန်ချိန် (၂၉ဝ) လောက် အလေးချိန်တဲ့ ဒီခေါင်းလောင်းကြီးကို လွန်ခဲ့တဲ့ နှစ် (၄ဝဝ)ကျော်က ပေါ်တူဂီ တပ်သားတွေ လုယက် ယူငင်သွားပြီး မြစ်ထဲ နစ်မြုပ်ခဲ့တဲ့ အတွက် ပြန်ဆယ်ဖို့ ကြိုးစား နေတာ (၅) ကြိမ် ရှိနေပြီ ဖြစ်ပါတယ်။”လို့ ရေးသားထားပါတယ်။ ဒီအချက်အလက်အရ ဓမ္မစေတီခေါင်းလောင်းဟာ အင်္ဂလိပ်လက်ထက်က နစ်မြှုပ်ခဲ့တာ မဟုတ်တာတွေ့ရပါတယ်။

မူရင်းလင်ခ့် – BBC BurmeseArchive link

ရန်ကုန်မြစ်ဝမှာ နစ်မြှုပ်ခဲ့တယ်ဆိုတဲ့ခေါင်းလောင်းကြီး သိပ္ပံနည်းကျဆယ်ယူဖို့ ကမ်းလှမ်းချက်တွေကို ပယ်ချခဲ့ပြီး ရှေးရိုးစွဲ နတ်နဂါးအယူအဆနဲ့ နတ်ပွဲပေးဆယ်ယူမှုအကြောင်းတွေပါတဲ့ အဲဒီအချိန်က ဧရာဝတီသတင်းဌာနရဲ့ ဝေဖန်ရေးဆောင်းပါးတစ်ပုဒ်ကို ဒီလင့်ခ်မှာလည်းတွေ့ရပါတယ်။ ဓမ္မစေတီခေါင်းလောင်းဟာ အီတလီကုန်သည် တစ်ယောက်ရဲ့ ရွှေတိဂုံ ဘုရားရောက်မှတ်တမ်းမှာပဲတွေ့ရပြီး မြန်မာရာဇဝင်တွေမှာတောင် ဒီခေါင်းလောင်းသွန်း လုပ်မှုအကြောင်းမပါဝင်ခဲ့ဘူးလို့လည်း ဒီဆောင်းပါးမှာ ကိုးကားထားတာတွေ့ရပါတယ်။

ထို့အပြင် ဓာတ်ပုံကို Google မှာပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ရှာဖွေကြည့်ရာမှာ ဒီဓာတ်ပုံဟာ ၂၀၁၄ ခုနှစ်အတွင်း ဓမ္မစေတီခေါင်းလောင်းဆယ်ယူရေးလုပ်ငန်းခွင်ကို မှတ်တမ်းတင်ထားတဲ့ ဓာတ်ပုံတစ်ခုသာ ဖြစ်တာလည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – AlamyArchive link 

သုံးသပ်ချက်

၂၀၁၄ ခုနှစ်အတွင်း ရေပန်းစားခဲ့တဲ့ ဓမ္မစေတီခေါင်းလောင်းကြီးပေါ်လာပြီဆိုတဲ့ လူမှုကွန်ယက်ပို့စ်ကို ပြန်လည်မျှ ဝေနေခြင်းဖြစ်ပြီး လောလောဆယ် ဆယ်ယူဖို့လုပ်နေတယ်ဆိုတဲ့ အချက်အလက်ဟာ အထောက်အထားမတွေ့ ပါဘူး။

Avatar

Title:Fact Check: ဓမ္မစေတီခေါင်းလောင်းပေါ်လာပြန်ပြီလား-မဟုတ်ပါ

By: Zun Zee 

Result: Explainer


Leave a Reply

Your email address will not be published. Required fields are marked *