Fact Check: ဒီဓာတ်ပုံတွေက ၂၀၁၇ ခုနှစ်က စစ်တပ်ထောက်ခံပွဲက ဓာတ်ပုံတွေသာ ဖြစ်တယ်

Misleading နိုင်ငံရေး

ဖေဖော်ဝါရီ ၁ ရက်က ရန်ကုန်မှာကျင်းပခဲ့တဲ့ စစ်အစိုးရထောက်ခံပွဲဆိုပြီးတော့ အင်္ကျီအဖြူ လွှမ်းမိုးတဲ့ စီတန်း လှည့်လည်နေတဲ့ ဓာတ်ပုံ ၃ ပုံကို ဖေ့စ်ဘွတ်အသုံးပြုသူရာဂဏန်းက ပြန်လည်မျှဝေလျှက်ရှိပါတယ်။ 

တကယ်တော့ ဓာတ်ပုံဟာ ၂၀၁၇ ခုနှစ်က စစ်တပ်ထောက်ခံပွဲတစ်ခုကဓာတ်ပုံတွေသာဖြစ်ပါတယ်။

ဝါ၊စိမ်း၊နီအလံကိုင်လူအချို့နဲ့ ဆိုင်းဘုတ်ကိုင်လူအချို့လည်းပါဝင်တဲ့ အပေါ်စီး ကနေရိုက်ကူးထားတဲ့ ဓာတ်ပုံ ၃ ပုံနဲ့အတူ “Yangon မြန်မာ့တပ်မတော်ထောက်ခံပွဲနှင့်အကြမ်းဖက်ရှုတ်ချပွဲ”လို့ ရေးသားပြီး “Naing Thein Myint”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ဖေဖော်ဝါရီ ၁ ရက်က အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေတဲ့အကြိမ်အရေအတွက် ၃၀၀ ကျော်ရှိပါတယ်။ တူညီတဲ့မျှဝေမှုတွေကို ဒီနေရာ မှာလည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb linkArchive link

ဒီကနေ့ ရန်ကုန်မှာ တပ်မတော် အစိုးရအား ပြည်သူလူထုက ကြိုဆိုထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပွဲ ဆိုပြီးတော့လည်း “Phoe Thar Htoo”အမည်နဲ့ တွစ်တာအသုံးပြုသူကလည်း အင်္ဂလိပ်၊မြန်မာ နှစ်ဘာသာနဲ့ မျှဝေထားတာတွေ့ရပါတယ်။

မူရင်းလင်ခ့် – Twitter linkArchive link

အချက်အလက်စိစစ်ချက်

စစ်အာဏာသိမ်း ၁ နှစ်ပြည့်မြောက်တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်ကထောက်ခံသူအချို့က စစ်တပ် ထောက်ခံပွဲလုပ်ခဲ့သလို စစ်တပ်က ဈေးဆိုင်တွေနဲ့ လုပ်ငန်းတွေ မဖွင့်မနေရ အမိန့်ပေးခဲ့ပေမဲ့ ရန်ကုန်မှာ အဓိကလမ်းမကြီးတွေမှာ အသံတိတ်သပိတ်ကြောင့် လူသူကင်းမဲ့ခဲ့တာကို မီဒီယာတွေမှာ ဖော်ပြခဲ့တာ ဒီလင့်ခ်နဲ့ဒီလင့်ခ်မှာ တွေ့ရပါတယ်။ က 

သတင်းမီဒီယာတစ်ခုဖြစ်တဲ့ Khit Thit Media က ရန်ကုန်မြို့လယ်ခေါင်မှာ အသံတိတ်သပိတ်ကြောင့် လူသူကင်းမဲ့နေတယ်ဆိုပြီးတော့ ဓာတ်ပုံ ၈ ပုံကို ဖေဖော်ဝါရီ ၁ ရက်မှာဖော်ပြခဲ့တာတွေ့ရပါတယ်။

စစ်တပ်ထောက်ခံပွဲကဓာတ်ပုံအဖြစ် မျှဝေထားတဲ့ ဓာတ်ပုံတွေကို Google မှာ ပုံရှာနည်း အသုံးပြုပြီး ရှာဖွေကြည့်ရာမှာ ၂၀၁၇ခုနှစ် အောက်တိုဘာကတည်းက အွန်လိုင်းမှာပျံ့နှံ့လျက်ရှိပါတယ်။

၂၀၁၇ ခုနှစ် အောက်တိုဘာ ၂၉ ရက်စွဲနဲ့ “Ayeaye Htay”အမည်နဲ့တွစ်တာအသုံးပြုသူက “ဘင်္ဂလီအရေးကိစ္စနဲ့ ပတ်သက်ပြီး ပြည်ပနိုင်ငံတွေက ဖိနှိပ်ခံနေရတဲ့ မြန်မာစစ်တပ်ကို လုံးဝထောက်ခံကြောင်း ပြသဖို့ ဒီကနေ့ ရန်ကုန်မြို့က လမ်းမတွေပေါ်မှာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။”လို့ရေးသားပြီး ဓာတ်ပုံ ၄ ပုံကိုမျှဝေထား အောက်ပါအတိုင်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Ayeaye HtayArchive link 

လွတ်လပ်တဲ့အာရှအသံသတင်းဌာနကလည်း ၂၀၁၇ ခုနှစ် အောက်တိုဘာ ၂၉ ရက်စွဲနဲ့  ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တဲ့ တပ်မတော် ထောက်ခံပွဲအကြောင်းဖော်ပြခဲ့တာ ဒီလင့်ခ်မှာတွေ့နိုင်ပါတယ်။

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ ဓာတ်ပုံ ၃ပုံ စလုံးဟာ လွန်ခဲ့တဲ့ ၄ နှစ်ကတည်းက အင်တာနက်မှာ ပျံ့နှံ့လျှက်ရှိတဲ့ စစ်တပ်ထောက်ခံပွဲကဓာတ်ပုံတွေဖြစ်တာတွေ့ရပါတယ်။

Avatar

Title:Fact Check: ဒီဓာတ်ပုံတွေက ၂၀၁၇ ခုနှစ်က စစ်တပ်ထောက်ခံပွဲက ဓာတ်ပုံတွေသာ ဖြစ်တယ်

Fact Check By: Nayar Maung 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *