
အမေရိကန်သံအမတ်နေအိမ်ကို ချိတ်ပိတ်တဲ့ဓာတ်ပုံအဖြစ် ဓာတ်ပုံတစ်ပုံ ၂ ပုံဟာ ဖေ့စ်ဘွတ် အသုံးပြု သူတွေအကြားမှာ ပျံ့နှံ့မှုအားကောင်းလာပြီးနောက် နားလည်မှုလွဲစေနိုင်တာတွေ့ရပါတယ်။ ဓာတ်ပုံထဲမှာ ပါတဲ့အဆောက်အဦးဟာ အိမ်ဖြူတော်လို့ လူသိများတဲ့ အမေရိကန်သမ္မတအိမ်တော်ရဲ့ ဓာတ်ပုံပဲဖြစ်ပါတယ်။
ဒီဓာတ်ပုံနှင့်အတူ “ဤမြေနေရာနှင့် အဆောက်အဦး သည်အကြမ်းဖက်အုပ်စု PDF အဖွဲ့အစည်းများနှင့် ပတ်သက်စပ်ဆက်နေ သောကြောင့်နိုင်ငံပိုင်သိမ်းဆည်း မြေဖြစ်ပါသည်။ မကျူးကျော်ရ။ ရောင်းဝယ်ခြင်း မပြုရ”လို့ ရေးသားထားတဲ့ ဆိုင်းဘုတ်တစ်ခုလည်းပါဝင်ပါတယ်။ စစ်တပ်က PDF နဲ့ပတ်သက်တယ် ဆိုတဲ့သူတွေရဲ့ပိုင်ဆိုင်မှုကို ချိတ်ပိတ်ရာမှာ အသုံးပြုလေ့ရှိတဲ့ ဆိုင်းဘုတ်ဖြစ်ပါတယ်။
“ကြီးမားမှန်ကန်သော ဆုံးဖြတ်ချက်ပါ 👍
သံအမတ်အိမ် ချိတ်ပိတ်ပြီ
#မြန်မာနိုင်ငံရဲ့အရေးကိုမြန်မာနိုင်ငံသားတွေပဲဆုံးဖြတ်ရမယ်”လို့ရေးသားပြီး “Nann Thin Thin Wai” အမည်နဲ့ဖေ့စ်ဘွတ် အသုံးပြုသူက ဓာတ်ပုံနဲ့အတူ အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှု ၅၃၀ ကျော်ရှိပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
ထို့အတူ “Shwe Min Tun”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူလည်း “အဘတို့ကတော့
ပူတင်ထက် သာသွားပြီဗျာ
ကဲ ခုတော့ ဘာကျောမလဲ
ကြီးမားမှန်ကန်သော ဆုံးဖြတ်ချက်ပါ 👍
သံအမတ်အိမ် ချိတ်ပိတ်ပြီ
အလံကတော့ ကွကိုယ် ကျိ ဂျဗျာ
#thiri
#TFM”လို့ရေးသားပြီးအောက်ပါ ဓာတ်ပုံ ၂ ပုံနှင့်အတူအတိုင်းမျှဝေထားပါတယ်။

အလားတူမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။
ဒီလိုပျံ့နှံ့ခဲ့တဲ့ ပို့စ်တွေအောက်မှာရေးသားထားတဲ့ မှတ်ချက်တွေကိုလေ့လာကြည့်ရာမှာလည်း အများစုက ဒီဓာတ် ပုံကို သံအမတ်နေအိမ်ချိတ်ပိတ်ခံရမှုအဖြစ်မှတ်ယူနာလည်းနေကြတာတွေ့ရပါတယ်။ အချက်အလက်စိစစ်ကြည့် ရအောင်ပါ။
အချက်အလက်စိစစ်ချက်
Google မှာ ဓာတ်ပုံအွန်လိုင်းမှာ ပျံ့နှံ့ခဲ့တဲ့ ရာဇဝင်ကိုရှာဖွေကြည့်ရာမှာ ဒီဓာတ်ပုံရဲ့ မူလမှာ လုံခြုံရေးတာဝန်ရှိသူ တစ်ဦးလည်းပါဝင်ပါတယ်။ ဓာတ်ပုံကို ဗွီအိုအေမြန်မာပိုင်းရဲ့ ဒီလင့်ခ်မှာလဲတွေ့ရပါတယ်။ သို့သော် နောက်ပိုင်းမှာ အခုလိုမျိုး ဖြတ်တောက်ပြီး ပြန်လည်သုံးစွဲခဲ့ကြတာလည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Telegraph | Archive link
သံအမတ်နေအိမ်ချိတ်ပိတ်မှုအဖြစ်ဖော်ပြထားတဲ့ ဓာတ်ပုံနဲ့ အမေရိကန်သမ္မအိမ်တော်ဓာတ်ပုံကို အောက်အတိုင်း ယှဉ်ကြည့်နိုင်ပါတယ်။

ထို့အပြင် အလံတစ်ဝက်အထိချထားတဲ့ နောက်ထပ် ဓာတ်ပုံတစ်ပုံကိုလည်း အမေရိကန်အခြေစိုက် သတင်းဌာနတစ်ခုဖြစ်တဲ့ ABC ရဲ့သတင်းမှာ အောက်ပါအတိုင်းတွေ့နိုင်ပါတယ်။

မူရင်းလင်ခ့် – ABCnews | Archive link
ဒီဓာတ်ပုံ ၂ ပုံကိုလည်း အောက်ပါအတိုင်းယှဉ်ကြည့်နိုင်ပါတယ်။

သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ အမေရိကန်သမ္မတအိမ်တော် ဓာတ်ပုံကို လိုသလိုပြုပြင်ဖန်တီးမျှဝေထားတဲ့ ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။

Title:Fact Check: အမေရိကန်သံအမတ်နေအိမ်ကို ချိတ်ပိတ်တယ်ဆိုတဲ့ ပြုပြင်ဖန်တီးထားတဲ့ ဓာတ်ပုံ
Fact Check By: Nayar MaungResult: False