Fact Check: ငွေကြေးအလွဲသုံးစားမှုများကြောင့် NUG အကျပ်တွေ့နေကြောင်း RFA Burmese ကရေးသားလို့ သတင်းမှားဖြန့်

ငွေကြေးအလွဲသုံးစားမှုများကြောင့် NUG အကျပ်တွေ့နေကြောင်း စုံစမ်းဖော်ထုတ်ထားတဲ့ ဗွီဒီယိုဆိုပြီးတော့ ပို့စ်တစ်ခုယူကျူ့နဲ့ဖေ့စ်ဘွတ်စာမျက်နှာတွေမှာ ပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ တကယ်တော့ ဒီဗွီဒီယိုဟာ RFA သတင်းဌာနက ရေးသားခဲ့တဲ့ “ငွေကြေးအလွဲသုံးစွဲမှု မရှိဟု NUG နိုင်ငံခြားရေး ဝန်ကြီး ပြောကြား”ဆိုတဲ့ ဗွီဒီယိုကိုအသုံးပြုပြီး သတင်းမှားဖြန့်ဝေခြင်းဖြစ်တာတွေ့ရပါတယ်။ “ငွေကြေးအလွဲသုံးစားမှုများကြောင့် NUG အကျပ်တွေ့နေ Shaping Myanmar 10.2.2022 RFA ခင်မောင်စိုးမှ PDF လူငယ်လေးများ ကျည်ဆံမရှိ၊ ရိက္ခာနဲ့ ဆေးဝါး မရှိချိန်မှာ၊ NUG ဝန်ကြီးများရဲ့ ဒေါ်လာ ငွေအလွဲ သုံးစားမှုသတင်းများ ထွက်ပေါ်လာနေတာကို စုံစမ်းဖော်ထုတ် ထားပါတယ်။” လို့ ရေးသားပြီး ၅ မိနစ်ဝန်းကျင်ရှည်လျားတဲ့ ဒီဗွီဒီယိုကို အောက်ပါအတိုင်း “BB Channel”အမည်နဲ့ ယူကျူ့ချန်နယ်က မျှဝေထားပါတယ်။ မူရင်းလင်ခ့် – Youtube […]

Continue Reading

Fact Check: အာဏာပြန်လွှဲပြီ၊ ဒါရိုက်တာဝိုင်းသေဆုံး၊ရန်ကုန်တရားရုံးချုပ်ဗုံးပေါက်ကွဲ စတဲ့ သတင်းတုများစွာနဲ့ Truenewsu ဝက်ဘ်ဆိုဒ်

မင်းအောင်လှိုင်မရှိတုန်း ဒုဗိုလ်ချုပ်ကြီးစိုးဝင်း တရားဝင်လက်မှတ်ထိုးပြီး အာဏာပြန်လွှဲလိုက်ပြီ ဆိုပြီးတော့  ဖေဖော်ဝါရီ ၈ ရက်ကဖေ့စ်ဘွတ်မှာ မျှဝေခဲ့တဲ့အကြောင်းအရာဟာ လူမှုကွန်ယက်မှာ ပျံ့နှံ့မှု အားကောင်း ခဲ့ပါတယ်။ဒီသတင်းဟာ သတင်းတုတစ်ခုသာဖြစ်ပါတယ်။  â€œTruenewsu”အမည်နဲ့ဝက်ဘ်ဆိုဒ်က “MWDမှာအခုကြေငြာလိုက်ပြီ”လို့လည်းရေးသားထားသလို “မင်းအောင်လှိုင်မရှိတုန်း ဒုဗိုလ်ချုပ်ကြီးစိုးဝင်း တရားဝင် လက်မှတ်ထိုးပြီဟေ့ အာဏာပြန်ရပြီဗျို့ ” လို့ရေးသားထားတဲ့ ဓာတ်ပုံလည်းပါဝင်ပါတယ်။ တူညီတဲ့မျှဝေမှုတွေဖေ့စ်ဘွတ်ရဲ့ ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link အချက်အလက်စိစစ်ချက် စစ်တပ်ပိုင်မြဝတီသတင်း ဌာနက ဒီလိုကြေညာခဲ့ခြင်းမရှိပါဘူး။ ဒီလင်ခ့်မှာကြည့်ပါ။  “Truenewsu” အမည်နဲ့ ဒီဝက်ဘ်ဆိုဒ်မှာတွေ့ရတဲ့  အကြောင်းအရာတွေကို လေ့လာကြည့်ရာမှာ အင်တာနက်ကနေ လူစိတ်ဝင်စားစေမယ့် သတင်းခေါင်းစဉ်တုတွေပေးပြီး ဗွီဒီယိုတစ်ခုကို ကြည့်ရှု့သူအရေ အတွက်ပေါ်မူတည်စီးပွားရှာနေတဲ့ ဝက်ဘ်ဆိုဒ်တစ်ခုဖြစ်တာတွေ့ရပါတယ်။ ဗွီဒီယိုပါအသံဖိုင်ထဲမှာတော့ လူမှုကွန်ယက်မှာပျံ့နှံ့ခဲ့တဲ့ သတင်းနဲ့ အကြောင်းအရာတွေကို […]

Continue Reading

Fact Check: ခေါင်းစဉ်မှားတွေတပ်ပြီး လူတွေကိုလှည့်စားနေတဲ့ Top One Burmese အမည်နဲ့ဖေ့စ်ဘွတ် စာမျက်နှာ

Top One Burmese လို့ မျက်နှာဖုံးဓာတ်ပုံမှာရေးသားထားပြီး မြန်မာလို “အထူးထီ”လို့ အဓိပ္ပာယ်ရတဲ့ ထိုင်းလို ရေးသားထားတဲ့စာမျက်နှာဟာ သတင်းတုသတင်းမှားတွေဖြန့်ချီလျှက်ပျံ့နှံ့မှု အားကောင်းလားခဲ့တာကို Fact Crescendo အနေနဲ့ သတိပြုမိပါတယ်။ “ลอตเตอรี่พิเศษ”လို့ ထိုင်းဘာသာနဲ့ရေးသားထားပြီး ဖေ့စ်ဘွတ်ရဲ့ url မှာတော့ newsdailyburmese ရေးသား သလို ဖေ့စ်ဘွတ်ရဲ့ logo ဓာတ်ပုံနေရာမှာ Top One Burmese လို့ရေးသားထားတဲ့ အပြာရောင်လိုဂိုကို အသုံးပြု ထားပါတယ်။  ဒီစာမျက်နှာမှာ ဗွီဒီယိုပါအကြောင်းအရာ နဲ့သက်ဆိုင်ခြင်းမရှိပဲ လူတွေကို လှည့်စားထားတဲ့ ခေါင်းစဉ်လွှဲတွေတပ်ပြီးရေးသား မျှဝေနေတာတွေ့ရပါတယ်။ ဉပမာအားဖြင့် ထုတ်နုတ်ဖော်ပြရရင် နိုဝင်ဘာ ၂၇ ရက်မှာ ဒီစာမျက်နှာမှာ “ဒေါ်စုကို တရားစွဲထားတဲ့ ပုဒ်မတွေကို အမေရီကန် ရုပ်သိမ်းလိုက်ပြီ”လို့ ရေးသားပြီး ဗွီဒီယိုတစ်ခုကို ဖြန့်ဝေခဲ့ပါတယ်။သို့သော်လည်း […]

Continue Reading

ဒေါ်အောင်ဆန်းစုကြည် အထူးကြပ်မတ်ဆောင်မှာ ကုသနေရတယ်ဆိုပြီး သတင်းမှား ဖြန့်ဝေမှုနဲ့ တစ်ကျော့ပြန်လာတဲ့ Freedom News Group

ကျန်းမာရေးအခြေအနေဆိုးရွားလာတကြောင့်  ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်က ဆေးရုံးတစ်ခုမှာ အထူးကြပ်မတ်ဆောင်မှာ ကုသနေရတယ်ဆိုပြီး သတင်းမှာတစ်ခု လူမှုကွန်ယက်အသုံးပြုသူတွေကြားမှာ ပျံ့နှံ့ခဲ့ပါတယ်။  Freedom News Group အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ အောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။ ဇူလိုင် ၂၈ ရက်ကလည်း “ကြားဖြတ်သတင်း ေ ဒါ် ေ အာင်ဆန်းစုကြည် ေ လဖြတ် သို့ မဟုတ် ​ေလ ဖြန်း ခြင်း ​ေရာဂါ ေ ဝဒနာ ခံ စား ေ နရသည် ယခု တိုက်ရိုက် ထုတ်လွှင့် ေ နသည့် ဗီဒီယို တွင် ရှု စား နိုင်ပါသည်”ဆိုပြီးတော့ လည်းမျှဝေခဲ့တာတွေ့ရပြီး ြသဂုတ် ၂ ရက်နေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကုသမနိုင်တော့လောက်အောင် အခြေအနေဆိုးရွားနေပြီဆိုပြီးတော့ ထပ်မံတင်ခဲ့တာတွေ့ရပါတယ်။ Fb […]

Continue Reading

Fact Check: နေပြည်တော်ကို PDF ဝင်စီးပြီး လေဆိပ်နဲ့လေယာဉ်တွေ ဖောက်ခွဲမှု သတင်းတု

နေပြည်တော်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တွေဝင်စီးပြီး လေဆိပ်နဲ့ လေယာဉ်တွေ ဖောက်ခွဲခံရ တယ်ဆိုပြီး ဗွီဒီယိုတခု ယူကျူ့မှာဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေပါတယ်။ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေသာဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုကို ရယူထားခြင်းဖြစ်ပါတယ်။  မူရင်းလင်ခ့် – Youtube | Archive link အလားတူပဲ နေပြည်တော်ကို PDF တွေဝင်စီးနေပြီဆိုပြီးတော့ ရေးသားမျှဝေထားတာကို ဒီနေရာမှာ တွေ့ရပါတယ်။ အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။ သက်ဆိုင်ရာ တော်လှန်ရေးအင်အားစုတွေဘက်ကလည်း ထုတ်ပြန်ပြောဆိုချက်မရှိပါဘူး။ အခုဖြန့်ဝေနေတဲ့ ယူကျူ့ချန်နယ်ဖြစ်တဲ့ “News In Burmese” ချန်နယ်ဟာ သတင်းမီဒီယာတွေမှာဖော်ပြခဲ့တဲ့သတင်းအကြောင်း အရာတွေ သို့မဟုတ် လူမှုကွန်ယက်မှာ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ တော်လှန်‌ရေးအတွေးအမြင်ဆောင်းပါးတွေကို ပြန်လည်မျှဝေနေတဲ့ ချန်နယ်တခုဖြစ်တာတွေ့ရပါတယ်။ Fact Crescendo Myanmar အနေနဲ့ […]

Continue Reading

Fact Check: လက်သုံးချောင်းထောင်တရားဟောခဲ့တဲ့ ကျောက်မဲဆရာတော် အဖမ်းခံရပြီး သေဆုံးခဲ့တဲ့ သတင်းတု

လက်သုံးချောင်းထောင်တရားဟောခဲ့တဲ့ ကျောက်မဲဆရာတော် အဖမ်းခံရပြီး သေဆုံးသွားတယ်လို့ဆိုတဲ့ သတင်းတုပို့စ်တွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ “ကျောက်မဲဆရာတော်‌ မအလ ဖမ်းဆီးလိုက်ပြီ” လို့ရေးသားပြီး “Share Local Media”အမည်နဲ့ ယူကျူ့ချန်နယ်က  အလားတူတဲ့ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။ မူရင်းလင်ခ့် – Youtube link | Archive link နောက်ထပ်ပြောဆိုချက်ကတော့ ကျောက်မဲဆရာတော် ရုတ်တရက်သေဆုံးမှုဆိုပြီးတော့ “News in Burmese”အမည်နဲ့ ယူကျူ့ချန်နယ်က ဒီကနေ့ ထပ်မံ ဖြန့်ဝေလာတာဖြစ်တယ်။ ဒီနေရာမှာ ကြည့်ပါ။  အချက်အလက်စိစစ်ချက် သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မြန်မာဘာသာသတင်းမီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။ အခုဖြန့်ဝေနေတဲ့ ယူကျူ့ချန်နယ်တွေဖြစ်တဲ့ “Shared Local Media”နဲ့ “News in Burmese”အမည်နဲ့ ယူကျူ့ချန်နယ်တွေဟာ  သတင်းမီဒီယာတွေကဖော်ပြခဲ့တဲ့ […]

Continue Reading

Fact Check: ကျပ် ၁ သောင်းတန်နဲ့ ၅ ထောင်တန်ကိုဖျက်သိမ်းပြီး ၂ သောင်းတန် ထုတ်တဲ့သတင်းတု

ငွေကျပ် ၁ သောင်းတန်နဲ့ ၅ ထောင်ကျပ်တန်တွေကို ဖျက်သိမ်းပြီး ၂ သောင်းကျပ်တန်တွေနဲ့ အစားထိုးမယ်၊ စစ်ကောင်စီထုတ်တဲ့ ကျပ် ၂၀၀၀၀ တန် ငွေစက္ကူဖျက်သိမ်းခံရကြောင်း သတင်း ဌာနများက အတည်ပြုကြေညာ လိုက်တယ်ဆိုတဲ့ ဗွီဒီယိုပို့စ်တစ်ခု အွန်လိုင်းအသုံးပြုသူတွေအကြား ပျံ့နှံ့မှု အား ကောင်း လျှက်ရှိပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားဖြစ်ပါတယ်။ အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “ကျပ် ၁ သောင်း နဲ့ ကျပ် ၅ ထောင်တန်ကို ဖျက်သိမ်း၊ ကျပ် ၂ သောင်းတန်နဲ့ အစားထိုးမည်။ မင်းအောင်လှိုင် ကိုယ်တိုင် ကြေညာ”  လို့ ရေးသားထားပြီး “ကျပ် (၁)သောင်းနဲ့ကျပ် (၅)ထောင်တန်ကို ဖျက်သိမ်း/ (၂)သောင်းတန်ကျပ်နဲ့ အစားထိုးမည်” လို့ “News In […]

Continue Reading

Fact Check: ရွှေတိဂုံဘုရား ဒုံးနဲ့ထုခံရပြီး သံဃာအားလုံးသေဆုံးမှု သတင်းတု

ရွှေတိဂုံဘုရား ဒုံးနဲ့ထုခံရပြီး သံဃာအားလုံးသေဆုံးခဲ့တယ်ဆိုတဲ့ ယူကျူ့ဗွီဒီယိုတစ်ခု News In Burmese အမည်နဲ့ ယူကျူ့ချန်နယ်က ဇွန် ၂၁ ရက်က ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ သတင်းတုတစ်ခုသာဖြစ်တယ်။ အောက်ပါစာသားကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ “News In Burmese”အမည်နဲ့ ယူကျူ့ချန်နယ်မှာ မျှဝေထားတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။  “21 June 2023, ရွှေတီဂုံစေတီ RPGနဲ့ထုခံရလို့ ပွဲဆူကုန်ပြီ။” မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် ဒီဗွီဒီယိုဖြန့်ဝေနေတဲ့ News in Burmese ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတွေကဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူပြီး ‌ခေါင်းစဉ်တု ခေါင်းစဉ်မှားတပ်ပြီး ပြန်လည်ဖြန့်ချိလေ့ရှိပါတယ်။ Fact Crescendo Myanmar အနေနဲ့ ဒီယူကျူ့ချန်နယ်က ခေါင်းစဉ်တုတပ်ဖြန့်ဝေမှုတွေကို […]

Continue Reading

Fact Check: နေပြည်တော်လေယာဉ်ပျက်ကျမှုမှာ ဒု-တပ်ချုပ်စိုးဝင်းသေဆုံးမှုသတင်းတု

ကြာသပတေးနေ့က နေပြည်တော်အနီး လေယာဉ်ပျက်ကျရာမှာ ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းပါသွားတယ်ဆိုတဲ့ သတင်းတုပို့စ်တစ်ခု ယူကျူ့မှာ ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။  ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပို့စ်ကို အောက်ပါစခရင်ရှော့မှာတွေ့နိုင်ပါတယ်။ “15 June 2023, နေပြည်တော်လေယဥ်ပျက်ကျမှု တပ်ချုပ် စိုးဝင်းပါ။”လို့ “News In Burmese”အမည်နဲ့ ယူကျူ့အကောင့်က ရေးသားမျှဝေထားရာမှာ ၂၄ နာရီအတွင်း ကြည့်ရှု့မှုပေါင်း ၂ သောင်း ၆ ထောင်ကျော်ရှိပါတယ်။  မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် ၂ မိနစ်ကျော်ရှည်လျားတဲ့ ဒီ“News In Burmese”ယူကျူ့ဗွီဒီယိုထဲမှာပါတဲ့ လူထုနွေဦးသတင်းဝက်ဘ်ဆိုဒ်က ဖော်ပြခဲ့တဲ့ “စစ်ကောင်စီ ရဟတ်ယာဉ် နေပြည်တော် လယ်ဝေးမှာ ပျက်ကျပြီး ၂ ဦးသေဆုံး”ဆိုတဲ့ သတင်းကို ပြန်လည်ဖော်ပြနေခြင်းဖြစ်တယ်။  […]

Continue Reading

Fact Check: သမ္မတဦးဝင်းမြင့် ထောင်အတွင်း သေဆုံးမှု သတင်းတု

သမ္မတဦးဝင်းမြင့် ထောင်အတွင်း သေဆုံးသွားပြီ၊ သမ္မတဦးဝင်းမြင့်အလောင်းပြန်မရစတဲ့ ယူကျူ့ဗွီဒီယိုပို့စ်တွေ အွန်လိုင်းအသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။ အောက်ပါစခရင်ရှော့ကတော့ ဇွန် ၁၄ ရက်က မျှဝေထားတဲ့ ပျံ့နှံ့မှုအားကောင်းနေတဲ့ News In Burmese အမည်နဲ့ယူကျူ့ချန်နယ်က ဗွီဒီယိုဖြစ်ပါတယ်။ ထို့အပြင် နောက်ထပ် နာရီအနည်းငယ်အကြာမှာပဲ သမ္မတ ဦးဝင်းမြင့်ဓာတ်ပုံနဲ့အတူ “သေပြီတဲ့ စစ်သားတွေမို့လုပ်ရက်တယ် အလောင်းပြန်မပေး”စသည်ဖြင့် ရေးသားပြီး ဒီယူကျူ့ချန်နယ်က ထပ်မံ ဖြန့်ဝေထားတာတွေ့ရပါတယ်။ ဒီနေရာမှာကြည့်ပါ။ မူရင်းလင်ခ့် – Youtube link  | Archive link အချက်အလက်စိစစ်ချက် တကယ်တော့ ဗွီဒီယိုပါအကြောင်းအရာဟာ ဘီဘီစီမြန်မာပိုင်းကဖော်ပြခဲ့တဲ့ “သမ္မတ ဦးဝင်းမြင့် ကျန်းမာရေး မကောင်းဖြစ်နေ”ဆိုတဲ့ သတင်းကို ပြန်လည်ကူးယူဖော်ပြနေခြင်းဖြစ်ပြီး လူစိတ်ဝင်စားမှုရဖို့အတွက် သမ္မတ ဦးဝင်းမြင့်သေဆုံးမှုအဖြစ် သတင်းခေါင်းစဉ်တုတပ်ထားခြင်းဖြစ်တယ်။ တောင်ငူထောင်မှာ အကျဉ်းချခံထား […]

Continue Reading