
မင်းအောင်လှိုင်မရှိတုန်း ဒုဗိုလ်ချုပ်ကြီးစိုးဝင်း တရားဝင်လက်မှတ်ထိုးပြီး အာဏာပြန်လွှဲလိုက်ပြီ ဆိုပြီးတော့ ဖေဖော်ဝါရီ ၈ ရက်ကဖေ့စ်ဘွတ်မှာ မျှဝေခဲ့တဲ့အကြောင်းအရာဟာ လူမှုကွန်ယက်မှာ ပျံ့နှံ့မှု အားကောင်း ခဲ့ပါတယ်။ဒီသတင်းဟာ သတင်းတုတစ်ခုသာဖြစ်ပါတယ်။
“Truenewsu”အမည်နဲ့ဝက်ဘ်ဆိုဒ်က “MWDမှာအခုကြေငြာလိုက်ပြီ”လို့လည်းရေးသားထားသလို “မင်းအောင်လှိုင်မရှိတုန်း ဒုဗိုလ်ချုပ်ကြီးစိုးဝင်း တရားဝင် လက်မှတ်ထိုးပြီဟေ့ အာဏာပြန်ရပြီဗျို့ ” လို့ရေးသားထားတဲ့ ဓာတ်ပုံလည်းပါဝင်ပါတယ်။
တူညီတဲ့မျှဝေမှုတွေဖေ့စ်ဘွတ်ရဲ့ ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
စစ်တပ်ပိုင်မြဝတီသတင်း ဌာနက ဒီလိုကြေညာခဲ့ခြင်းမရှိပါဘူး။ ဒီလင်ခ့်မှာကြည့်ပါ။
“Truenewsu” အမည်နဲ့ ဒီဝက်ဘ်ဆိုဒ်မှာတွေ့ရတဲ့ အကြောင်းအရာတွေကို လေ့လာကြည့်ရာမှာ အင်တာနက်ကနေ လူစိတ်ဝင်စားစေမယ့် သတင်းခေါင်းစဉ်တုတွေပေးပြီး ဗွီဒီယိုတစ်ခုကို ကြည့်ရှု့သူအရေ အတွက်ပေါ်မူတည်စီးပွားရှာနေတဲ့ ဝက်ဘ်ဆိုဒ်တစ်ခုဖြစ်တာတွေ့ရပါတယ်။ ဗွီဒီယိုပါအသံဖိုင်ထဲမှာတော့ လူမှုကွန်ယက်မှာပျံ့နှံ့ခဲ့တဲ့ သတင်းနဲ့ အကြောင်းအရာတွေကို အသံဖိုင်အဖြစ်ပြန်လည်ပြောင်းလဲဖော်ပြထားခြင်း သာဖြစ်ပါတယ်။
လူတွေစိတ်ဝင်စားနိုင်ဖွယ်ရှိတဲ့အကြောင်းအရာတွေကို စိတ်ကူးယဉ်ပြီး သတင်းခေါင်းစဉ်တုတွေကို စကားလုံးအကြီးတွေနဲ့ ဒီဇိုင်းရောင်စုံအသုံးပြုပြီး ဒီလိုဝက်ဘ်ဆိုဒ် စာမျက်နှာတွေဟာပုံမှားရိုက်လေ့ရှိပါတယ်။
ဒီဝက်ဘ်ဆိုဒ်တွေဟာ သတင်းတုအကြောင်းအရာကို အခြားသော လူစိတ်ဝင်စားမှုများပြားတဲ့ သတင်းအကြောင်းအရာပါတဲ့ youtube ဗွီဒီယိုတစ်ခုနဲ့လည်း ချိတ်ဆက်ထားပါတယ်။
ဒီဝက်ဘ်ဆိုဒ်ဟာ သတင်းတုများစွာတင်ထားတဲ့အထဲကနေ ဖေဖော်ဝါရီ ၁၀ ရက်မှာတင်ထားတဲ့ အကြောင်းအရာတွေထဲမှာ ဒါရိုက်တာဝိုင်းဖမ်းဆီးရပြီး နာရီပိုင်းအတွင်းမှာ အလောင်းလာယူဖို့ ဖုန်းဆက်တယ်လို့လည်း ရေးသားထားပါတယ်။ ဒီအကြောင်းအရာကို သတင်းလုပ်ငန်းအဓိက လုပ်ကိုင်တဲ့ မည်သည့်သတင်းဌာနကမှာ ဖော်ပြမထားသလို ဒါရိုက်တာဝိုင်းရဲ့ အသိုင်းအဝိုင်းကလည်း အတည်ပြုမထားပါဘူး။

ဖေဖော်ဝါရီ ၉ ရက်က ဒါရိုက်တာဝိုင်းဖမ်းဆီးရမူသတင်း လူမှုကွန်ယက်မှာ ပျံ့နှံ့မှုအားကောင်းလာချိန်မှာ အခုလိုရေးသားလာတာဖြစ်ပါတယ်။ ဒါရိုက်တာဝိုင်းအဖမ်းခံရတဲ့ သတင်းကို RFA သတင်းဌာနရဲ့ ဒီလင့်ခ်မှာတွေ့ရပါတယ်။
ထို့အပြင် “ရန်ကုန်တရားရုံးချုပ်ဗုံးပေါက်ကွဲ့မှုဖြစ်ပွား”လို့ရေးသားထားပြီး “အရာရှိတွေအပါအဝင်၅၀၀ကျော် အတိအကျသိရပီ”လို့လည်း ရေးသားထားပါတယ်။ နေ့စဉ်နဲ့အမျှ တိုက်ပွဲသတင်း၊ပေါက်ကွဲမှုသတင်းတွေ ဖြစ်နေတဲ့ အခုလိုကာလမှာ ထင်ယောင်ထင်မှားဖြစ်ကာ လူတွေဝင်ကြည့်စေဖို့အတွက် သတင်းတုတစ်ခု ဖန်တီးခြင်းသာဖြစ်ပါတယ်။ ဒီအကြောင်းအရာကို မည်သည့်သတင်းဌာနမှ တွေ့ရမှာမဟုတ်ပါဘူး။

သုံးသပ်ချက်
“Truenewsu”အမည်နဲ့ဝက်ဘ်ဆိုဒ်စာမျက်နှာပါအကြောင်းအရာတွေဟာ လူတွေကိုလှည့်စားထားတဲ့ သတင်းတုသတင်းမှားတွေသာဖြစ်ပါတယ်။

Title:Fact Check: အာဏာပြန်လွှဲပြီ၊ ဒါရိုက်တာဝိုင်းသေဆုံး၊ရန်ကုန်တရားရုံးချုပ်ဗုံးပေါက်ကွဲ စတဲ့ သတင်းတုများစွာနဲ့ Truenewsu ဝက်ဘ်ဆိုဒ်
Fact Check By: Zun ZeeResult: False