
ရေကြီးရေလျံနေသော အိမ်တစ်လုံးနဲ့အတူ အမျိုးသမီးတစ်ယောက် ခါးတောင်ကြိုက်ကာ အိတ်ထမ်းနေပုံကို ဘီးလင်းမြို့ NLD လွှတ်တော်အမတ်ဒေါ်သီရီရတနာအဖြစ် လူမှုကွန်ယက်အသုံးပြုသူ ထောင်ဂဏန်းက ပြန်လည်မျှဝေထားပါတယ်။
ပျံ့နှံ့ခဲ့တဲ့ ပို့စ်တွေမှာ တပ်မတော်အရာရှိတစ်ယောက်နဲ့ စကားပြောနေဟန်၊အုတ်တံတိုင်ခတ် ခြံစည်းရုံး တစ်ခုပေါ်က ကျော်ကြည့်နေတဲ့ပုံစတဲ့ အခြားသော ပုံတွေလည်းပါဝင်ပြီး ထမီကို ခါးတောင်ကြိုက်လျှက် အိတ်တစ်လုံးကို ထမ်းနေပုံကို ဘီးလင်းမြို့နယ်က လွှတ်တော်ကိုယ်စားလှယ် မသီရိရတနာ အဖြစ်ရေးသားလျှက် မျှဝေနေတာဖြစ်ပါတယ်။
ပို့စ်ပါ အခြားသောပုံတွေဟာ ဒေါ်သီရီရတနာပုံတွေဖြစ်တာတွေ့ရပေမဲ့ ထမီကို ခါးတောင်ကြိုက်လျှက် အိတ်တစ်လုံးကို ထမ်းနေပုံဟာသူမဟုတ်ကြောင်း ဒေါ်သီရီရတနာ ငြင်းဆိုထားတာတွေ့ရပါတယ်။
လူမှုကွန်ယက်အသုံးပြုသူတွေအကြားနားလည်မှုလွဲမှားစေနိုင်တဲ့ အရေးအသားနဲ့ပို့စ်ကို အောက်ပါအတိုင်း တွေ့ရပါတယ်။ အလားတူရေးသားမျှဝေထားတဲ့ ပို့စ်တွေကို ဒီနေရာ၊ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။
မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
ဒေါ်သီရီရတနာဟာ ပြီးခဲ့တဲ့ ၂၀၁၅ ထွေထွေရွေးကောက်ပွဲမှာ မွန်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၁ ကရွေးကောက်တင်မြှောက်ခံရတဲ့ လက်ရှိ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာလည်း ရွေးကောက်ခံထားရပါတယ်။
တရားဝင်လူမှုကွန်ယက်စာမျက်နှာဖြစ်တဲ့ Thiri Yadanar အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာ ဒီဇင်ဘာ ၉ ရက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများညှိနှိုင်းဆောင်ရွက်ခဲ့တယ်လို့ရေးသားထားတာတဲ့ ပို့စ်အောက်မှာ သူအိတ်ထမ်းနေပုံ အဖြစ်မျှဝေထားတဲ့ ပုံကို မှတ်ချက်တွေပေးထားတာတွေ့ရပါတယ်။
ဒီလိုပုံနဲ့ မှတ်ချက်ပေးတာတာတွေကို ဒေါ်သီရီရတနာက သူပုံမဟုတ်ကြောင်း ပြန်လည်ပြောဆိုထားတာ တွေ့ရပါတယ်။
အခြားသော ဓာတ်ပုံတွေဟာ ဒေါ်သီရီရတနာက သူရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ တင်ထားတဲ့ ဓာတ်ပုံတွေဖြစ်တာ တွေ့ရပါတယ်။ ဒီနေရာမှာ ကြည့်ရှူ့နိုင်ပါတယ်။
သုံးသပ်ချက်
အိတ်ထမ်းနေတဲ့အမျိုးသမီးဟာ အခြားသော NLD အမတ်တစ်ဦး (သို့မဟုတ်) မည်သူဖြစ်တယ်ဆိုတာကိုတော့ Fact Crescendo Myanmar အနေနဲ့ အတည်ပြုနိုင်ခြင်းမရှိပေမဲ့ ရေကြီးနစ်မြှုပ်မှုနဲ့ သက်ဆိုင်တဲ့ ပို့စ်တွေမှာ မကြာခဏဆိုသလို NLD ဝန်းရံသူတွေ၊ ကိုယ်စားလှယ်တွေအဖြစ် မျှဝေနေတာကို သတိထားမိပါတယ်။

Title:ထမီခါးတောင်ကြိုက်အိတ်ထမ်းနေတဲ့ NLD အမတ် ဒေါ်သီရီရတနာပုံအဖြစ်မျှဝေနေ
Fact Check By: Nayar MaungResult: Misleading