
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အောင်ဆန်းစုကြည်က တပ်မတော်ခေါင်းဆောင်တွေကို အပူတပြင်းတွေ့ခွင့် တောင်းဆိုတယ်၊ ဒီလိုတောင်းဆိုတဲ့အပေါ်မှာ တပ်မတော်ဘက်က အတွေ့မခံဘူးဆိုတဲ့သတင်းကို ဖေ့စ်ဘွတ်ခ် လူမှုကွန်ယက်ပေါ်မှာရေးသားမျှဝေနေတာတွေ့ရပါတယ်။
ဒီပို့စ်မှာ “နိုင်ငံတော်အတိုင်ပင်ခံက အဘကို အပူတပြင်းတွေ့ခွင့် တောင်းဆို၊ စစ်တရားရုံးဖွဲ့စည်းပြီးကြောင်း သတင်းက ဥပဒေမဲ့ အစိုးရနဲ့ UECအတွက် ပြေးလမ်းမရှိပါ”နဲ့ “အတိုင်ပင်ခံက အဘဆီအခစားဝင်ချင်သတဲ့ အဘနာယက အတွေ့မခံ…အဘချုပ်ကတော့ အဖြေမပေးဟုသိရ”လို့ရေးသားထားတဲ့ screenshotရိုက်ထားတဲ့ ပုံတွေကို ပြန်လည်ပို့စ်နေတာတွေ့ရပါတယ်။အောက်ပါလင့်ခ်မှာဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။
မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
ဒီလိုပို့စ်နဲ့ပတ်သက်ပြီး အစိုးရအဖွဲ့နဲ့နီးစပ်တဲ့ NLDပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဒေါက်တာမျိညွန့်ကို Fact Cfescendo Myanmarက ဆက်သွယ်မေးမြန်းရာမှာတော့ “ဒါက အုပ်ချုပ်ရေးပိုင်းက ကိစ္စပေါ့နော်၊ ဒါပေမဲ့ ကျွန်တော်ကြားသလောက်ကတော့ အစိုးရမှာ ဒီလိုမျိုးရုတ်တရတ်တွေ့ရလောက်တဲ့ အရေးကြီးကိစ္စမရှိဘူး၊ ရွေးကောက်ပွဲနဲ့ဆိုင်တာဆို ပိုပြီးမဖြစ်နိုင်ပါဘူး၊ ရုပ်တိမရှိတဲ့ အခြေအမြစ်မရှိတဲ့ သတင်းပါ၊ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဒီလိုမျိုးအခြေအမြစ်မရှိတဲ့သတင်းအမှားတွေနဲ့ အစိုးရကိုကော ပါတီကိုကော တိုက်ခိုက်နေတာပဲ”လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
ဒီပို့စ်မှာပါဝင်တဲ့တပ်မတော်က ရွေးကောက်ပွဲနဲ့သက်ဆိုင်တဲ့ စစ်တရားရုံးဖွဲ့စည်းပြီးပြီဆိုတဲ့သတင်းအပါဝင် နိုင်ငံတော်အတိုင်ပင်ခံက တပ်မတော်ခေါင်းဆောင်ကိုတွေ့ခွင့်တောင်းပေမဲ့ တပ်မတော်က အတွေ့မခံဘူဆိုတဲ့ သတင်းမျိုးကို ပြည်တွင်းသတင်းမီဒီယာတွေမှာဖော်ပြတာ တစ်စုံတစ်ရာမတွေ့ရပါဘူး။တပ်မတော်က အရေးကိစ္စတွေကို အထူးပြုဖြေရှင်းဖို့အတွက် ကော်မတီနဲ့ အဖွဲ့တွေဖွဲ့စည်းရာမှာတော့ လက်ရှိကာလအတွင်း နောက်ဆုံးဖွဲ့စည်းတဲ့ကော်မတီက နိုဝင်ဘာလ ၉ရက်နေ့ကဖွဲ့စည်းခဲ့တဲ့“တပ်မတော် ငြိမ်းချမ်းရေးဆွေးနွေးမှု ကော်မတီ” တစ်ခုပဲရှိတာကို တွေ့ရပါတယ်။ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာကို ဒီနေရာမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်ခေါင်းဆောင်တွေကို ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး တွေ့ခွင့်တောင်းတယ်ဆိုတဲ့ သတင်းဟာ သတင်းအမှားဖြစ်တာကိုတွေ့ရပါတယ်။

Title:နိုင်ငံတော်အတိုင်ပင်ခံက တပ်မတော်ခေါင်းဆောင်တွေကို ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တွေ့ခွင့်တောင်းတယ်ဆိုတဲ့ သတင်းအမှား
Fact Check By: Lynn YuResult: False