Archives

Fact Check: စစ်တပ်က ပိတ်ပင်ထားတဲ့ မြန်မာမီဒီယာ ၄ ခု လူကုန်ကူးပြီး စီးပွားရှာနေ တယ်လို့ ဝါဒဖြန့်

 မြန်မာမီဒီယာ ၄ ခုဟာ လူကုန်ကူးပြီး စီးပွားရေးရှာနေတယ်လို့ ပြောဆိုချက်တွေပါဝင် ဗွီဒီယိုပို့စ်တစ်ခုဟာ ဖေ့စ်ဘွတ် မှာပျံ့နှံ့မှုအားကောင်းခဲ့ပါတယ်။ ၂၄ မိနစ် ၂၃ စက္ကန့်ရှည်လျားတဲ့ ဒီဗွီဒီယိုမှာ “ပြည်ပအထောက်အပံ့ခံ သတင်းဌာန များအား လေ့လာခြင်း”လို့ခေါင်းစဉ်တပ်ထားပြီး ဗွီဒီယိုမှာ အာဏာသိမ်းစစ်တပ်ရဲ့ သတင်း တင်ဆက်မှုပိတ်ပင်ခြင်းခံရတဲ့ မြန်မာမီဒီယာ ၄ ခုဟာ ထိုင်းနိုင်ငံမှာ လူကုန်ကူးရင်း စီးပွားရှာနေတယ် ဆိုတဲ့ ပြောဆိုချက်တွေ အဓိကပါဝင်ပြီ “ရောင်နီ”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ဇန်နဝါရီ ၂ ရက်က တင်ထားရာမှာ ဒီဗွီဒီယိုကို ကြည့်ရှူ့သူပေါင်း ၅ သောင်းဝန်း ကျင်ရှိပါတယ်။ ဒီဗွီဒီယိုရဲ့ ၅မိနစ် ၄၅ စက္ကန့်ကနေ ၆ မိနစ်နဲ့ ၁၅ စက္ကန့်ကြားမှာ “အဓိကတွေ့ရတာတော့ ကျွန်တော်တို့ဘာတွေ တွေ့ရလဲဆိုတော့ မြန်မာနောင်း၊ ဧရာဝတီ၊မဇ္ဈိမရယ်၊ခေတ်သစ်မီဒီယာရယ်၊ မြန်မာနောင်းရယ်၊ […]

Continue Reading

Fact Check: ၂၀၁၆ ခုနှစ်ကဓာတ်ပုံကို ဒေါက်တာဇော်ဝေစိုး အီတလီရောက်နေပုံ အဖြစ်မျှဝေ

အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ရဲ့ ပညာရေးနဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး အီတလီနိုင်ငံမှာ ဇိမ်ခံနေပုံအဖြစ် ဓာတ်ပုံတစ်ပုံကို ဖေ့စ်ဘွတ်မှာမျှဝေလျက်ရှိပါတယ်။  သို့သော်လည်း ဒီဓာတ်ပုံဟာ ၂၀၁၆ ခုနှစ်အတွင်းက ဓာတ်ပုံတစ်ပုံဖြစ်တာတွေ့ရပါတယ်။   “ခင်ဗျားတို့ကသာ ၊ တောထဲမှာ တိုက်ရင်းသေ၊ သေရင်းတိုက်နေကြတာပါ၊ ဇော်ဝေစိုးကတော့ အီတလီရဲ့ အကောင်းဆုံးဆိုတဲ့ စားသောက်ဆိုင်တွေမှာ မိတ်ဟောင်းဆွေဟောင်းတွေနဲ့ တွေ့ပြီး အေးအေးလူလူ အနားယာနေလေရဲ့ ၊ တစ်ပတ်တစ်ခါ အွန်လိုင်းပေါ်တက် အေးအေးဆေးဆေး ဆွပေးနေယုံဘဲလေ NUG၊ နောက်ခြောက်လထိ သူတို့ မအောင်မြင်လဲ အေးဆေးပဲလေ ဇော်ဝေစိုးက၊ အ သူတွေခံကြပေါ့၊ ရည်မွန်လဲ အရက်သမားဖြစ်ပြီး ဘဝသာဆုံးသွားမယ် တော်လှန်ရေး တော့အောင်မြင်ဖို့ လမ်းစရယ် မရှိတော့ပါလေ၊ #DGF21NewsKOP1”လို့ရေးသားပြီး “ဝဏ္ဏ”အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြုသူက ဇန်နဝါရီ ၃ ရက်က မျှဝေ ssထားတာရာမှာ […]

Continue Reading

Fact Check: NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နဲ့ နစက ဗိုလ်ချုပ်တစ်ဦး ငြိမ်းချမ်းရေး ဆွေးနွေးဆိုတဲ့ သတင်းတု

NUG က ဦးရည်မွန်နဲ့ နစက က ဗိုလ်ချုပ်ရာပြည့်တို့ ချင်းမိုင်မြို့မှာ ညှိနှိုင်းကြတယ် ဆိုပြီးတော့ ရေးသား မျှဝေထားတဲ့ ပို့စ်တစ်ခုဟာ ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းခဲ့ပါတယ်။ သို့သော်လည်း ဒီလိုရေးသားမျှဝေနေတာဟာ မှားယွင်းကြောင်း NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ၎င်းရဲ့ ဖေ့စ်ဘွတ်အကောင့်ကတစ်ဆင့် ပြန်လည်ရှင်းလင်းထားပါတယ်။ “ပထမဆုံး အတိကျ နှစ်သစ်ကူးလက်ဆောင်သတင်းကောင်း နှစ်သစ်မှာ ငြိမ်းချမ်းပါစေ နစက နှင့် NUG တို့ ချင်းမိုင်မှာ ညှိနိုင်းကြပါတယ်ခင်ဗျာ… GSL 100% 100% 100% 100% ပါ ခင်ဗျ အန်ယူဂျီ ဉီးရည်မွန်မှ ရရှိသတင်းမှန်ပါ သတင်းမှားလျင် တရားစွဲပါ အခုပင် ချင်းမိုင်မြို့ရဲ့ ဟိုတယ်တခုမှာ ဗိုလ်ချုပ်ယာပြည့်နဲ့ ချီးယား ကြပါတယ် အားလုံးကို ကျေးဇူးတင်ပါတယ် ဂိုလ်ရှယ်လေး […]

Continue Reading

Fact Check: ဒေါက်တာဇော်ဝေစိုးနဲ့ဦးရည်မွန်ကို တိုက်ခိုက်တဲ့ သတင်းတု

ဒေါက်တာဇော်ဝေစိုးနဲ့ ဦးရည်မွန်ဟာ နွေဦးတော်လှန်ရေးအတွက် ဒေါ်လာ ၁၂ သန်းကို ကိုယ်ကျိုးအတွက် သုံးစွဲခဲ့တယ်ဆိုပြီးတော့ရေးသားထားတဲ့ ဓာတ်ပုံပို့စ်တစ်ခု ဖေ့စ်ဘွတ်မှာပျံ့နှံ့ခဲ့ပါတယ်။ ပျံ့နှံ့ခဲ့တဲ့ ဓာတ်ပုံပို့စ်မှာ ပုံနှိပ်မီဒီယာတစ်ခုက သတင်းဖော်ပြထားတဲ့ သတင်းဖြတ်ပိုင်းကို ပြန်လည်မျှဝေဟန်ရှိပြီး မဲခေါင်းသတင်းဌာနက ရေးသားထားတဲ့သတင်းအဖြစ်လည်းဖော်ပြထားပါတယ်။  “သက်ထားမဉ္ဇူ”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက ဒီဓာတ်ပုံပို့စ်ကို မျှဝေထားတာအောက်ပါ အတိုင်းတွေ့ရပါ တယ်။ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အမှန်တကယ်မှာ ဒီလိုသတင်းဌာနတစ်ခုက ဖော်ပြဟန်ရေးသားမျှဝေထားတဲ့ ဓာတ်ပုံပို့စ်ဟာ သတင်းတုမျှဝေနေခြင်းသာဖြစ်ပါတယ်။ အချက်အလက်စိစစ်ချက် အချက်အလက်ရှာဖွေကြည့်ရာမှာ မဲခေါင်သတင်းဌာနအမည်နဲ့ ပုံနှိပ်ထုတ်ဝေတဲ့ သတင်းမီဒီယာလုပ်ငန်းကို Fact Crescendo အနေနဲ့ မတွေ့ရပါဘူး။ သို့သော်လည်း ဖေ့စ်ဘွတ်မှာ “MeKong News – မဲခေါင်သတင်း” အမည်နဲ့ သတင်းမီဒီယာလုပ်ငန်းလုပ်ကိုင်တဲ့ စာမျက်နှာတစ်ခုတွေ့ရပါတယ်။ ဒီဖေ့စ်ဘွတ်စာမျက်နှာမှာလည်း […]

Continue Reading

Fact Check: ဒီရဟတ်ယာဉ်နဲ့ပစ်ခတ်မှုဗွီဒီယိုဟာ ၂၀၁၉ခုနှစ်ကတည်းက tiktok မှာ ပျံ့နှံ့လျက်ရှိပါတယ်

မြန်မာစစ်တပ်က လေယာဉ်နဲ့ပစ်ခတ်မှုဗွီဒီယိုဖိုင်ဆိုပြီးတော့ တောင်ကုန်းတစ်ခုကို ရဟတ်ယာဉ်နဲ့ ပစ်ခတ်နေတဲ့ ဗွီဒီယိုကို ဖေ့စ်ဘွတ်မှာ ကြိမ်ဖန်များစွာမျှဝေလျှက်ရှိပါတယ်။ ၅၉ စက္ကန့်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ တောင်ကုန်း တစ်ခုကို ရဟတ်ယာဉ်တစ်စီးပေါ်ကနေ လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ပစ်ခတ်နေတဲ့ မြင်ကွင်းပါဝင်ပါတယ်။   သတင်းမီဒီယာလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ RFA Burmese မှာလည်း ဒီဇင်ဘာ ၂၈ ရက်က  အင်တာဗျူးတစ်ခုမှာ လေးကေ့ကော်က ဖြစ်စဉ်ဆိုပြီးတော့ ဒီဗွီဒီယိုရုပ်ကတ်ကိုအသုံးပြု ဖော်ပြခဲ့ တာတွေ့ရပါတယ်။ သို့သော် ဗွီဒီယိုဟာ ၂၀၁၉ ခုနှစ်ကတည်းက ပျံ့နှံ့လျက်ရှိတာတွေ့ရပြီး မြန်မာနိုင်ငံနဲ့ သက်ဆိုင်တဲ့အထောက် အထားမတွေ့ရပါဘူး။ “ဇော်မိုက်မိုက်ခက်”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက“ယနေ့ လေးကေ့ကော် ဖြစ်သည်”လို့ ရေးသားထားပြီး ဒီဇင်ဘာ ၂၅ ရက်က အောက်ပါအတိုင်း မျှဝေထားပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link  ထို့အတူ […]

Continue Reading

Fact Check: ၂၀၁၇ ခုနှစ်က အင်းဒင်အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုဖြစ်စဉ် ဓာတ်ပုံကို အသုံးပြုပြီး သတင်းတုဖြန့်

ဘင်္ဂလားနယ်စပ်မှာ အာဆာ(ARSA)အကြမ်းဖက်အဖွဲ့က ၃၀ ဦး မနေ့က ဖမ်းဆီးရမိပုံဆိုပြီးတော့ မျှဝေလျှက်ရှိပါ တယ်။ သို့သော် ဓာတ်ပုံတွေဟာ ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်း အင်းဒင်ရွာမှာ သတ်ဖြတ်ခံလိုက်ရသူတွေရဲ့ ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။  “မေ မြန် မာ”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက“ဘဂလ နယ်စပ်မှာ ARSA အကြမ်းဖက်အဖွဲ့(၃၀) ဦး မနေ့က ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်”လို့ ရေးသားထားပြီး ဒီဇင်ဘာ ၁၈ ရက်က အောက်ပါအတိုင်း မျှဝေထား ပါတယ်။ အလားတူရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် ပထမဆုံးအနေနဲ့ ယခုရက်ပိုင်းအတွင်း ARSA အဖွဲ့ဝင်တွေ ဖမ်းဆီးရမိတယ်ဆိုတဲ့ သတင်းဖော်ပြချက်မျိုး သတင်းမီဒီယာလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ သတင်းဌာနတွေက ဖော်ပြချက်မျိုးမတွေ့ရပါဘူး။ Google မှာ […]

Continue Reading

Fact Check: ဒီဓာတ်ပုံထဲက စစ်ဘေးရှောင်တွေဟာ ဖရူးဆိုမှာ စစ်တပ်က မီးရှို့သတ်ဖြတ်ခြင်းခံရသူတွေမဟုတ်ပါ

ကယားပြည်နယ် ဖရူးဆိုမြို့နယ်မှာ မြန်မာစစ်တပ်က မီးရှိုသတ်ဖြတ်ခံရတဲ့သူတွေကို နောက်ဆုံးတွေ့ရပုံ ဆိုပြီးတော့ အမိုးဖွင့် ထရပ်ကားတစ်စီးပေါ်မှာ စုပြုံလိုက်ပါလာတဲ့ အမျိုးသမီးနဲ့ ကလေးငယ်တွေ အများ အပြားပါဝင်တဲ့ ဓာတ်ပုံတစ်ပုံကို ဖေ့စ်ဘွတ်မှာအသုံးပြုသူ ရာဂဏန်းက ပြန်လည်မျှဝေလျှက်ရှိပါတယ်။ ပျံ့နှံ့ခဲ့တဲ့ဖေ့စ်ဘွတ်ပို့စ်တွေမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေလိုက်ပါလာတဲ့ အမိုးဖွင့် ထရပ်ကားတစ်စီးနဲ့ ကားတွေ မီးရှို့ဖျက်ဆီးခံထားရတဲ့ ဓာတ်ပုံ ၂ ပုံပါဝင်ပါတယ်။ ဒီဇင်ဘာ ၂၄ ရက်က ကယားပြည်နယ် ဖရူဆိုမြို့နယ် မိုဆိုကျေးရွာအနီးမှာ ကလေးသူငယ်နဲ့ အမျိုးသမီးတွေ အပါအဝင် စစ်ဘေးရှောင်လာတဲ့ ရွာသား ၃၅ ယောက်ကို မြန်မာစစ်တပ်က မီးရှို့သတ်ဖြတ်ခဲ့တဲ့သတင်းတွေကို ဒီလင့်ခ်၊ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာတွေ့ရပါတယ်။ ဖရူးဆိုမြို့နယ်က တုန်လှုပ်ခြောက်ခြားဖွယ် ယင်းအဖြစ်အပျက်သတင်းတွေနဲ့အတူ “ဖရူးဆိုမြို့မှာ စစ်ရှောင်ပြည်သူ ၃၅ ယောက် မီးရှို့အသတ်ခံရလုဆဲဆဲ နောက်ဆုံးရဓါတ်ပုံဖြစ်ပါတယ်။ ကားက Save […]

Continue Reading

Fact Check: ၂၀၁၆ ခုနှစ်အတွင်းက တူရကီရဟတ်ယာဉ်တစ်စီးပစ်ချခံရမှုကို မြန်မာနိုင်ငံက လက်ရှိအဖြစ်အပျက်သဖွယ်မျှဝေနေ

လတ်တလော တိုက်ပွဲများအတွင်း စစ်တပ်က လေယာဉ်တစ်စီးပစ်ချလိုက်တယ်ဆိုပြီးတော့ တောင်တန်းတစ်ခု အပေါ်မှာ ရဟတ်ယာဉ်တစ်စီးပေါက က်ကွဲပျက်ကျသွားတဲ့ ဗွီဒီယိုကို ဖေ့စ်ဘွတ်အသုံးပြုထောင်ဂဏန်းက မျှဝေလျှက်ရှိပါတယ်။ သို့သော် ဗွီဒီယိုဟာ ၂၀၁၆ ခုနှစ်အတွင်းက တူရကီမှာ ရဟတ်ယာဉ်တစ်စီးပစ်ချခံလိုက်ရတဲ့ ဗွီဒီယိုဖြစ်တာ တွေ့ရပါတယ်။  “Min Min”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက“မအေလိုးတွေရဲလေယာဉ်တစ်စီးကိုဖျက်ချလိုက်ပြီနော်”လို့ ရေးသားထားပြီး အောက်ပါအတိုင်းမျှဝေထားပါတယ်။ အလားတူရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။ မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် Google မှာ အဓိကကျတဲ့စကားအချို့အသုံးပြုရှာဖွေနည်း၊ ပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ဗွီဒီယိုဟာ ၂၀၁၆ ခုနှစ်တွင်းက တူရကီ​ရဟတ်ယာဉ်တစီးပစ်ချခံလိုက်ရတဲ့ဗွီဒီယိုဖိုင်သာဖြစ်တာတွေ့ရပါတယ်။ တူညီတဲ့မြင်ကွင်းပါဝင်ပြီး ပိုမိုရှည်လျားတဲ့ ဗွီဒီယိုတစ်ခုကို  Military.com ဝက်ဘ်ဆိုဒ်က ၂၀၁၆ ခုနှစ် မေ ၂၀ ရက်စွဲနဲ့ သတင်းဖော်ပြချက်မှာ အောက်ပါအတိုင်းရေးသားထားပါတယ်။ “တူရီကထိပ်တန်းတိုက်ခိုင်ရေး […]

Continue Reading

Fact Check: ဒီဓာတ်ပုံက ထိုင်းရုပ်သံလိုင်းက ရုပ်ရှင်ကြော်ငြာဓာတ်ပုံသာဖြစ်တယ်

ခန္ဓာကိုယ်အပေါ်ပိုင်းအဝတ်အစားမပါတဲ့ ထွားထွားကြိုင်းကြိုင်းအမျိုးသား ၅ ယောက်သေနတ်ကိုင်ထားတဲ့ ဓာတ်ပုံကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆိုပြီးတော့ဖေ့စ်ဘွတ်မှာ မျှဝေလျှက်ရှိပါတယ်။ ဒီဇင်ဘာ ၂၄ ရက်ကစပြီး မြန်မာနိုင်ငံမှာ ပျံ့နှံမှုအားကောင်းလာတဲ့ ဒီဓာတ်ပုံဟာ ထိုင်းရုပ်သံလိုင်းတစ်ခုက တင်ထားတဲ့ဓာတ်ပုံဖြစ်ပါတယ်။  “PDF Mandalay”အမည်နဲ့စာမျက်နှာက “pdf ဆိုတာ”လို့ရေးသားထားပြီး အောက်ပါအတိုင်း မျှဝေထားပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link  ဖေ့စ်ဘွတ်အသုံးပြုသူအမျိုးသမီးအချို့ကလည်း “ဖမ်းချင်လဲ လာသာဖမ်းကြပါတော့ရှင် လက်နက်ကိုင်သင်တန်း သွားကိုတက်တော့မယ် မရတော့ဘူး တိုင်းပြည်အတွက် ပေးဆပ်ဖို့ ဇာတိသွေးဇာတိမာန်တွေ မက်တျားကြွနေပြီ ကျမလိပ်ပြာလုံချင်တယ်😢 မတားနဲ့ — ဖယ် 😅😅😅 #လက်လက်မျိူးချစ်စင်”စသည်ဖြင့်ရေးသားမျှဝေထားတာ ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။  မူရင်းလင်ခ့် – Fb link |  Archive link  အချက်အလက်စိစစ်ချက် […]

Continue Reading

Fact Check: သရုပ်ဆောင်မင်းမော်ကွန်းနဲ့ပတ်သက်တဲ့ သတင်းမှားများပျံ့နှံ့

သရုပ်ဆောင် မင်းသားမင်းမော်ကွန်း အဖမ်းခံရတယ်၊ ကျဆုံးသွားပြီဆိုတဲ့ရေးသားမျှဝေမှုတွေ  ပျံ့နှံ့လျက်ရှိ တာတွေ့ရပါတယ်။ ပျံ့နှံ့ခဲ့တဲ့ပို့စ်တွေမှာ “ပြည်သူ့အချစ်တော် သရုပ်ဆောင် မင်းမော်ကွန်း ကျဆုံးပြိ”လို့ ရေးသားပြီး ဗွီဒီယိုတစ်ခုကို “Burmese Voice News” အမည်နဲ့ ယူကျူ့ချန်နယ်(youtube channel)က ဒီဇင်ဘာ ၂၁ ရက်က မျှဝေထားရာမှာ ဒီဗွီဒီယိုကို ဝင်ရောက်ကြည့်ရှု့သူ ၆ ထောင်ကျော်ရှိပါတယ်။ မူရင်းလင်ခ့် – Youtube link |  Archive link  ထို့အပြင် “ပြည်သူ့အချစ်တော် သရုပ်ဆောင် မင်းမော်ကွန်း ဖမ်းဆီးခံရ”လို့ရေးသားလျှက် ဗွီဒီယိုတစ်ခုကို “Gold Myanmar News (GMN)”အမည်နဲ့ ယူကျူ့ချန်နယ်ကလည်း ဒီဇင်ဘာ ၂၁ ရက်မှာ မျှဝေထားရာမှာ ဒီဗွီဒီယို ဝင်ရောက်ကြည့်ရှူ့သူ ၂၅၀၀ ကျော်ရှိပါတယ်။ မူရင်းလင်ခ့် – […]

Continue Reading